လက်တို့လိုက်တာနဲ့ ငိုချင်တဲ့ အခိုက်တန့် ကျွန်မတို့မိန်းမသားတိုင်းမှာ ရှိတယ်

လက်တို့လိုက်တာနဲ့ ငိုချင်တဲ့ အခိုက်တန့် ကျွန်မတို့မိန်းမသားတိုင်းမှာ ရှိတယ်။

ဟုတ်ပါတယ်။ မိန်းမသားတွေမှာ ရာသီမလာခင်အချိန်( Pre menstrual) ချိန်တွေမှာ အခြားရက်တွေနဲ့မတူ ထူးထူးခြားခြား ခံစားရတာလေးတွေရှိတတ်ပါတယ်။ ရာသီစက်ဝန်းမတိုင်မီမှာ မိန်းမသားများတွင်

စိတ်ပိုင်းဆိုင်ရာခံစားမှုအနေနဲ့

  • စိတ်တိုဒေါသထွက်လွယိပါတယ်။( နဂိုဖြစ်နေကျ သေးသေးမွားမွား ကိစ္စလေးတွေကိုပါ ခံစားချက်ပြင်ထန်လာတတ်ပါတယ်။)
  • စိတ်ဓာတ်ကျတတ်ပါတယ်။( အရာရာကို အဆိုးဘက်က တွေးတတ်ပါတယ်)
  • အလိုလိုအားငယ်ပြီး ငိုချင်တတ်ကြပါတယ်။
  • အိပ်မပျော်တတ်ကြပါဘူး။
  • ပတ်ဝန်းကျင်မှ ကင်းကွာပြီး နေလိုတဲ့အချိန်လည်းဖြစ်ပါတယ်။
  • အာရုံစူးစိုက်မှုနည်းတတ်ပါတယ်။

ခန္တာကိုယ်တွင်းပြောင်းလဲမှုအနေနဲ့

  • ရင်သားတင်ပြီးနာကျင်ခြင်း၊ ကြွက်သားများနာကျင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း
  • အစာမကြေခြင်း၊ လေပွခြင်း
  • ဝက်ခြံ အများအပြားထွက်လာတတ်ခြင်း
  • ဝမ်းချုပ်တတ်ခြင်း တို့ခံစားရတတ်ပါတယ်။


ဒါဟာ သဘာဝဖြစ်စဉ်ပါ။ မိန်းကလေး ၄ယောက်မှာ ၃ယောက်ခံစားရပါတယ်။

၁) ရာသီစက်ဝန်းဖြစ်ပေါ်စေသော ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်သလို

၂) ဦးနှောက်ထဲရှိ အာရုံခံစားမှုဆဲလ်လေးတွေပြောင်းလဲတာကြောင့်လဲ အဓိကဖြစ်ပါတယ်။

သက်သာအောင် ဘာတွေလုပ်လို့ရပါသလဲ?

  • ကြွက်သားနာ၊ ကိုက်ခဲခြင်းများအတွက် အကိုက်အခဲပျောက်ဆေးသောက်နိုင်ပါတယ်။
  • ပြင်းထန်သောစိတ်ဓာတ်ကျခြင်းအတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး စိတ်ငြိမ်ဆေးသောက်နိုင်ပါတယ်။

နေထိုင်စားသောက်မှု အနေနဲ့ ဒီလိုအချိန်မျိုးမှာ

  • ရေသောက်။ အသီးအရွက်များများစားပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • နွားနို့သောက်ပါ။
  • အရက်၊ ကော်ဖီသောက်ခြင်းရှောင်ကြည်ပါ။
  • ပုံမှန် မိနစ် ၃၀ခန့်လမ်းလျှောက်ပါ။

ဒီလောက်ဆို ငိုချင်တဲ့ အခိုက်တန့်လေးတွေ ဘာကြောင့်ဆိုတာ သိလောက်ပီထင်ပါတယ်။

မယ်တင်(ဆေး _၁)