ံလိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်​ ဆုတ်​ပြဲဒဏ်​ရာ

Post coital tearဆိုတာ ဘာပါလိမ့်​ ?

ဖိုနဲ့မ လိင်​ဆက်​ဆံပြီး​နောက်​မှာ မိန်းမကိုယ်​မှာ ထိခိုက်​ဒဏ်​ရာ ဆုတ်​ပြဲ ဒဏ်​ရာရခြင်း ဖြစ်​ပါတယ်​… ​ပုံမှန်​အားဖြင့်​ အမျိုးသမီး
တစ်​​​ယောက်​ဟာ ဒီလိုဖြစ်​ဖို့ရာ ရှားပါတယ်​… သို့​သော်​ တခါတရံမှာ လိင်​ဆက်​ဆံပြီး​နောက်​ ဆုတ်​ပြဲဒဏ်​ရာရပြီး မိန်းမကိုယ်​မှ ​သွေးနီရဲရဲ ဆင်းခြင်း၊ နာကျင်​ခြင်း၊ ​သွေးဆင်းများပြီး ဖြူ​ဖျော့လာခြင်း၊ရင်​တုန်​ခြင်း​တွေအပြင်​ အသက်​အန္တရာယ်​ကိုထိခိုက်​ခြင်း စတာ​တွေ ကြုံ​တွေ့ရနိုင်​ပါတယ်​… ဒါ​ကြောင့်​ ဒီလို ကြုံရတဲ့အခါမှာ နီးစပ်​ရာ​ဆေးရုံကို အမြန်​သွား​ရောက်​ပြသရပါမယ်​…

ဒီလိုမိန်းမကိုယ်​ ဆုတ်​ပြဲခြင်းဟာ …

– လိင်​ဆက်​ဆံတဲ့အခါမှာ အမျိးသားအင်္ဂါကို အမျိုးသမီးအင်္ဂါထဲ ထည့်​၍ ဖြစ်​​စေ၊ fingers လက်​​ချောင်း (သို့) toys ပစ္စည်းကိရိယာ တစ်​ခုခုထည့်​၍ဖြစ်​​စေ ၊ ကြမ်းကြမ်းတမ်းတမ်းထိုးသွင်းကာ သာယာမှု ပိုရ​အောင်​ ပြုလုပ်​ကြ​လေ့ရှိပါတယ်​… ဒီအခါမှာ အချစ်​ကြမ်းသူတို့အတွက်​ သတိထားစရာက​တော့ မ​တော်​တဆ မိန်းမကိုယ်​ ဆုတ်​ပြဲသွားနိုင်​ခြင်းပါ…

– ပထမဆုံးအကြိမ်းလိင်​ဆက်​ဆံတဲ့ အမျိုးသမီး​တွေမှာ အပျို​မှေးလို့ ​ခေါ်တဲ့ hymen ​ပေါက်​ထွက်​သွားတဲ့အခါမှာလည်း ​သွေးထွက်​တာ ဖြစ်​နိုင်​ပါတယ်​…ဒီလို​သွေးထွက်​ခြင်းဟာ တစ်​ရက်​နှစ်ရက်​ကြာမြင့်​နိုင်​ပါတယ်​… တချို့အမျိုးသမီး​တွေမှာ​တော့ အပျို​မှေးပါးတာ​ကြောင့်​ ငယ်​စဉ်​​ ခုန်​​ပေါက်​​ဆော့ကစားတုန်းကရင်​ အပျို​မှေးမရှိ​တော့တာ ဖြစ်​နိုင်​ပါတယ်​… ဒါ​ကြောင့်​ ဆုတ်​ပြဲခြင်း (သို့) ​သွေးထွက်​ခြင်း မည်​သည့်​အ​ကြောင်း​ကြောင့်​ဆိုတာ ​သေချာ စစ်​​ဆေးသင့်​ပါတယ်​..

– ​သွေးဆုံးပြီး အမျိုးသမီး​တွေ … လတ်​​တ​လော နို့တိုက်​​နေရတဲ့ မိခင်​​တွေမှာ.. estrogen ​ခေါ် ဓာတ်​တစ်​မျိုးနည်းပါး​နေတဲ့အတွက်​ secretion နည်းတာ၊​ခြောက်​​သွေ့တာ​တွေ​ကြောင့်​ ဆုတ်​ပြဲတာမျိုး ဖြစ်​နိုင်​ပါတယ်​.

ယခင်​ တင်​ပဆုံရိုး​ကျိုးထားဖူးသူ ခွဲစိတ်​မှုခံယူထားဖူးသူ​တွေ၊ ဓာတ်​​ရောင်​ခြည်​ဖြင့်​ ကုသမှု ခံယူထားဖူးသူ​တွေမှာလဲ ကြုံ​တွေ့နိုင်​ပါတယ်​…

ဒါပြင်​.. အမျိုးသားအင်္ဂါ ကြီးမားလွန်းခြင်း၊ ကာမဆက်​ဆံတဲ့ ပုံစံ​ပေါ်လိုက်​ပြီးလည်း ဆုတ်​ပြဲခြင်း​တွေ ကြုံ​တွေရနိုင်​ပါတယ်​….

မိန်းမကိုယ်​ဆုတ်​ပြဲခြင်းဟာ မိန်းမကိုယ်​ရဲ့ နံရံ​တွေနဲ့ posterior fornix မှာ ပိုဖြစ်​နိုင်​ပါတယ်​…

ဒီလိုဆုတ်​ပြဲခြင်း​တွေဟာ တခါတရံမှာ ​သွေးထွက်​လွန်​ခြင်း​တွေ​ကြောင့်​ ​မေ့​ဆေးသုံးကာ ခွဲစိတ်​ကုသမှု​တွေထိ ပြုလုပ်​ရ​လေ့ရှိပါတယ်​… ဒီလို မိန်းမကိုယ်​ဆုတ်​ပြဲပြီး ​နောက်​ပိုင်းမှာ ​အချိန်​ကာလ ​ခြောက်​ပတ်​ ​လောက်​ထိ လိင်​ဆက်​ဆံခြင်း မပြုသင့်​ပါဘူး…မ​တော်​လို့ ဆက်​ဆံမိတဲ့အခါမှာ.. နာကျင်​ခြင်​၊ စိတ်​​ကျေနပ်​မှုမရခြင်း၊ မိန်းမကိုယ်​​အောက်​ပိုင်းနှင့်​တဝိုက်​ ကြာရှည်​စွာ နာကျင်​ခြင်း ​တွေ ကြုံရတတ်​ပါတယ်​…

ဒါ​ကြောင့်​ ဒီလို ကြုံ​တွေရပြီး​ပါက ဆရာဝန်​နဲ့ ​သေချာပြသခြင်း၊ ​အမျိုးသမီးနဲ့ ဆိုင်​​သော ​ရောဂါများ ရှိမရှိ၊ တခြား​နောက်​ဆက်​တွဲပြသနာများ ရှိမရှိ​ စစ်​​ဆေးခြင်းများပြလုပ်​ရပါမယ်​…

အချစ်​ကြီးတာဟာ ပြသနာမဟုတ်​​ပေမယ့်​ အချစ်​ကြမ်းတာ တခါတရံမှာ အခက်​ကြုံရတတ်​​ကြောင်း သတိချက်​ဖို့ရာ တိုက်​တွန်းလျက်​….

ပိုင်​နီ​မောင်