ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း

လိင်ပိုင်းဆိုင်ရာနဲ့ပက်သက်လာရင် မပြောမပြီးမတီးမမြည်ဆိုသလိုပါပဲ။ အချို့သောကိစ္စတွေဟာ ပညာပေးအနေနဲ့ ပြောကိုပြောမှ ကျန်းမာရေးအသိနဲ့ဆင်ခြင်နိုင်ကြမှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ လိင်စိတ်တက်ကြွသူတွေမှာ အတူနေတဲ့အခါဆက်ဆံတတ်ကြတဲ့ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း အကြောင်းကိုတင်ပြလိုက်ပါတယ်။

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း အမျိုးအစားများစွာရှိပါတယ်။ ဒါတွေကတော့

Cunnilingus : အမျိုးသမီးရဲ့ မိန်းမကိုယ် အဂါင်္စပ်နှင့် မိန်းမကိုယ်ရှိအစေ့ငယ် စတဲ့ အမျိုးသမီးလိင်အဂါင်္ကို လိင်ဆက်ဆံဖော်က ပါးစပ်ဖြင့် နှိုးဆွပေးခြင်း

Fellatio : ပါးစပ်ဖြင့် အမျိုးသား၏ လိင်တံကို စုပ်ခြင်း၊ လျှာဖြင့်လျက်ခြင်း

Nippling : လိင်ဆက်ဆံဖော်ရဲ့ နို့သီးခေါင်းကို လျှာဖြင့် ထိုးဆွပေးပြီးဆက်ဆံခြင်း

Anilingus – လျှာနှင့် နှုတ်ခမ်းကို အသုံးပြုပြီး လိင်ဆက်ဆံဖော်ရဲ့ စအိုကို လှုံဆော်ပေးခြင်း စသည်တို့ပဲဖြစ်ပါတယ်။

Nipplingဟာ ထွေထွေထူးထူး ပြောစရာမရှိပေမယ့် ကျန်တဲ့နည်းလမ်းတွေကတော့ ကိုယ့်ရဲ့ဆက်ဆံဖော်သာကျန်းမာရေးမကောင်းဘဲ လိင်မှုဆိုင်ရာ ကူးစက်ရောဂါတွေရှိနေခဲ့မယ်ဆိုရင် ကိုယ့်ကိုလည်းကူးစက်နိုင်ချေရှိပါတယ်။ အဲဒီရောဂါတွေထဲမှာမှ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကြောင့် အဖြစ်အများဆုံးရောဂါတွေကတော့

  • ဂနို ဆီးပူညောင်းကျရောဂါ
  • လိင်အင်္ဂါရေယုန်များ
  • ဆစ်ဖလစ် ကာလသားရောဂါတို့ပဲဖြစ်ပါတယ်။

ကူးစက်နိုင်ခြေနည်းပေမယ့် လုံးဝမကူးဘူးလို့ပြောရခက်တဲ့ရောဂါတွေကတော့

  • အခြားဆီးပူညောင်းကျရောဂါများ
  • အိတ်ခ်ျအိုင်ဗီ HIV ခုခံအားကျဆင်းမှုရောဂါ
  • အသည်းရောင်အသားဝါ အေပိုး၊ဘီပိုး၊စီပိုးများ (Hepatitis A,B,C အသည်းရောင်အသားဝါပိုးများသည် oral sexမှတဆင့် ကူးစက်နိုင်ခြေအလွန်နည်းပါးသော်လည်း လိင်အင်္ဂါ။ ပါးစပ်တို့တွင် သွေးထွက်ခြင်းရှိပါက ကူးစက်နိုင်သောကြောင့် ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။)
  • လိင်အင်္ဂါကြွက်နို့ အစရှိတဲ့ရောဂါတွေပဲဖြစ်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ