ကျပ်​ညှာဟူသည်​ ထို​ရောဂါ

ကျပ်​ညှာ​ရောဂါသည်​ ​ရှေးယခင်​က အဖြစ်​များခဲ့ပြိး က​လေး​ပေါင်းများစွာကို ဇီဝိန်​​ခြွေခဲ့​သော ​ရောဂါဖြစ်​ပါသည်​ ယခုအခါတွင်​မူ ​မွေးစက​လေး ကာကွယ်​​ဆေးထိုးနှံမှုများ​ကြောင့်​ ပ​ပျောက်​သ​လောက်​နိးပါး ဖြစ်​ခဲ့ပါပြီ။

ကျပ်​ညှာ​ရောဂါသည်​ အသက်​ရှူ၍ မရနိုင်​​အောင်​​ချောင်းဆိုးခြင်းဖြင့်​ က​လေးငယ်​ ပင်​ပန်းနွမ်းနယ်​ကာ အလွန်​နုံးချိလျက်​ အသက်​ဆုံးရှုံး​စေ​သော ​ကြောက်​မက်​ဖွယ်​ ​ရောဂါဖြစ်​ပါသည်

ရောဂါလက္ခဏာများမှာ

၁။ နှာ​ချေခြင်း၊ မျက်​ရည်​ကျခြင်း

၂။ ဖျားပြီး ​ချောင်းဆိုးခြင်း

၃။ ​ချောင်းဆိုးပြင်းထန်​လာကာ အသက်​ရှူချိန်​မရ​လောက်​​အောင်​ပင်​ ဆိုးခြင်း (ထို့​ကြောင့်​ ကျပ်​ညှာ​ခေါ်၏)

၎။ မျက်​နှာနီခြင်း

၅။ ​ချွေး​စေးပြန်​ခြင်း

၆။ မျက်​လုံး​ယောင်​ခြင်း

၇။ မျက်​လုံး နီရဲခြင်း

၈။ ပျို့အန်​ခြင်း

၉။ တက်​ခြင်း

ထို့​ကြောင့်​ မိမိတို့က​လေးငယ်​များအား ကျပ်​ညှာ​ရောဂါမှ ကာကွယ်​ရန်​ ကာကွယ်​​ဆေးများ အပြည့်​အဝ ထိုးနှံထားကြရန်​လိုအပ်​​ကြောင်း တိုက်​တွန်းအပ်​ပါသည်​။