Pentavalent ငါးမျိုးစပ်ကာကွယ်ဆေးဆိုတာဘာလဲ။

ငါးမျိုးစပ်ကာကွယ်ဆေး ဆိုသည်မှာ ရောဂါပိုး ၅ မျိုးကို ကာကွယ်ပေးသော ကာကွယ်ဆေး ၅မျိုး စပ်သောဆေးဖြစ်ပါသည်။
ထိုကာကွယ်ဆေး ၅မျိုးမှာ
• ဆုံဆို့ရောဂါကာကွယ်ဆေး
• ကြက်ညှာ ရောဂါကာကွယ်ဆေး
• မေးခိုင် ရောဂါကာကွယ်ဆေး
• အသည်းရောင်အသားဝါ ဘီကာကွယ်ဆေး
• အိပ်ခ်ျ အင်ဖလုရန်ဇာ ကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး တို့ဖြစ်ပါသည်။
ကာကွယ်ဆေး ၅မျိုးရောထားခြင်းဖြစ်၍ ၁ ကြိမ်ထိုးရုံဖြင့် ရောဂါပိုး ၅မျိုးကိုကာကွယ်နိုင်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ
၂၀၁၂တွင် မြန်မာနိုင်ငံမှကလေးများကို စတင်ထိုးစေခဲ့ပါသည်။
ရောဂါတစ်မျိုးအတွက် ကာကွယ်ဆေးတစ်ခါထိုးရန် မလိုသောကြောင့် ကလေးများကိုပို၍ ထိရောက်သောကာကွယ်မှု ပေးနိုင်ပါသည်။
ကလေး ၂လ၊ ၄လ၊ ၆လ များတွင် ၃ကြိမ်ထိုးရပါသည်။ ပေါင်တွင်ထိုးလေ့ရှိပါသည်။