🔖ရုံးမှာ မရှိမဖြစ်လိုမဲ့ Omron HEM- 6232T🔖

ရုံးအလုပ်ဆိုတာ အမြင်အားဖြင့်တော့ အတော်လေးသက်သာသလို ထင်ရတယ်။ အရိပ်အောက်မှာ ရုံးတက်ရတာ ဘာပင်ပန်းလို့လဲပေါ့။ လူပင်ပန်းမှုမရှိလှပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးပင်ပန်းမှုတွေကတော့ နေ့စဉ်နဲ့ အမျှ။

ပိတ်ဆို့နေတဲ့ ယာဉ်ကြော ကြပ်ကြပ်ကို ကားကြပ်ကြပ်ထဲကနေ “ဒီနေ့လည်း နောက်ကျပြန်ပြီ”တွေးရင်း စခဲ့တဲ့ ရုံးဖွင့်ရက်မနက်ခင်း စိတ်ပင်ပန်းမှုတွေဟာ ညနေရုံးဆင်းချိန်အထိ အကြောင်းအရာပြောင်းသွားပေမဲ့ စိတ်တွေကတော့ ဆက်ဖိစီးနေရတုန်း။

ခေါင်းကိုက်စရာ စာရင်းဇယားတွေ.. Deadline နားကပ်နေတဲ့ အလုပ်တွေ…ပြဿနာပေါင်းသောင်းခြောက်ထောင်တွေ.. အထက်လူကြီးရဲ့ ဖိအားတွေ.. လက်အောက်ငယ်သားတွေအပေါ် စိတ်တိုင်းမကျမှုတွေ…စသည် စသည်ပေါ့.. လူတွေကွဲ အလုပ်တွေကွဲပေမဲ့ စိတ်ဖိစီးပင်ပန်းမှုတွေက အားလုံးမှာ တူတူရှိကြတယ်။ ဒီစိတ်ဖိစီးမှုတွေရဲ့ နောက်မှာ သူ့ဘော်ဒါကြီး သွေးတိုးရောဂါလည်း တူတူပါလာတတ်တယ်။
သွေးတိုးရဲ့နောက်မှာတော့ ကြောက်စရာ လေငန်း..နှလုံးရောဂါနဲ့ ကျောက်ကပ်ပြဿနာတွေ ဆက်ပါလာတတ်တယ်။

တချို့ရုံးသမားတွေမှာ အိမ်မှာ သွေးပေါင်ချိန်သိပ်မတက်လှဘဲ အလုပ်ချိန်မှာ စိတ်ဖိစီးမှုတွေကြောင့် သွေးတိုးရှိနေတတ်ကြတယ်။
ဒါကိုစောစောသိဖို့ လိုပါတယ်

🎯ဒါဆို ဘယ်လိုလုပ်မလဲ ??

ရုံးတိုင်းမှာ ရှေးဦးသူနာပြုဖို့ ပစ္စည်းစုံပါတဲ့ First Aid Kit တွေ ရှိသင့်ပြီး Digital သွေးပေါင်ချိန်စက်တစ်ခုပါ ဆောင်ထားဖို့လိုပါတယ်။

🎯ဘာအမျိုးအစား သုံးရမလဲ ??

ကမ္ဘာ့နာမည်ကြီး Omron ကုမ္ပဏီက ရုံးသမားတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်စက်တစ်မျိုးရှိပါတယ်။ HEM – 6232T လို့ ခေါ်တယ်။ အလွယ်တကူ ကောက်ပတ်ပြီး တိုင်းလို့ရတဲ့အပြင် လေသွင်းလေထုတ်အသံ မကြားရသလောက်ဖြစ်တဲ့ Ultra Quiet စနစ်ဖြစ်တာမို့ အနားက ဘယ်သူ့ကိုမှ အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။

🎯နောက်ထပ် ဘာအားသာချက်တွေ ရှိသေးလဲ ??

🔼 Cuff Wrapping Guide ပါတဲ့ အတွက် လက်အပတ် မှန်မမှန် ပြပေးတာမို့ အဖြေမှားမှာ ပူစရာမလိုပါ။

🔼Flexible Cuff က လက်အရွယ်အစားတိုင်းအတွက် အဆင်ပြေစေမယ်။

🔼 Body Movement Detection ပါလို့ တိုင်းနေရင်းခန္ဓာကိုယ်လှုပ်ရှားမှုကြောင့် အဖြေမှားခဲ့ရင် ပြန်တိုင်းစေမယ်။

🔼Irregular Heartbeat Detection စနစ်ကြောင့် နှလုံးခုန်သံ မမှန်တာတွေပါ သိစေနိုင်မယ်။

🔼Morning Average Indicator ပါလို့ မနက်ခင်းမှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ဟုတ်မဟုတ်ပါ ပြပေးမယ်။

🔼ဆယ်မိနစ်အတွင်း ချိန်ထားတဲ့ နောက်ဆုံးအဖြေသုံးခုရဲ့ ပျမ်းမျှအဖြေကို ထုတ်ပေးမယ်။

🔼Hypertension Indicator နဲ့ Morning Hypertension Indicator ပါလို့ ကိုယ်တိုင်းလိုက်တဲ့ အဖြေ သွေးတိုးအုပ်စုထဲဝင်မဝင် ဆုံးဖြတ်ပေးမယ်။

🔼IntelliSense Technology ကြောင့် ပိုမြန်ဆန် ပိုတိကျပြီး ပိုသက်သောင့်သက်သာဖြစ်စေမယ်။

🔼 OMRON connect App ကို ဖုန်းမှာထည့်..သွေးပေါင်ချိန်စက်ကို Bluetoothနဲ့ ချိတ်ပြီး အဖြေတွေကို ဖုန်းထဲမှာ မှတ်တမ်းတင်နိုင်မယ်..

ဒါက ဆရာဝန်ပြချိန်မှာ သိပ်အထောက်အကူဖြစ်စေပါမယ်။

စိတ်ဖိစီးမှုကင်းပြီး သွေးတိုးရောဂါနဲ့လည်း ဝေးကြပါစေ..။