“သုတ်​ရည်​ထဲတွင်​ သုတ်​ပိုးပါဝင်​မှု နည်းပါခြင်းပြသနာ”

မျိုးဆက်​ပွားခြင်းဆိုတာ လိုအပ်​တဲ့ မ မျိုးဥနဲ့ သုတ်​ပိုးတို့ ​ပေါင်းဆက်​ပြီးမှ သ​န္ဓေသားရယ်​ လို ဖြစ်​လာတာကို သိကြပြီး ဖြစ်​မှာပါ… ဒီအခါမှာ သုတ်​ပိုး​ကောင်​​ရေ နည်းပါးခြင်း၊ ပုံမမှန်​ခြင်း​တွေ​ကြောင့်​ ကိုယ်​ဝန်​​ဆောင်​ဖို့ ခဲယဉ်းတာ၊ သ​​န္ဓေသား ပုံမမှန်​တာ​တွေ ဖြစ်​​လေ့ရှိတာမို့… ခု ​ပြောသွားချင်​တာက​တော့ .. ထုတ်​လွှတ်​လိုက်​တဲ့ သုတ်​ရည်​ထဲမှာ သုတ်​ပိုး​ကောင်​​ရေပါဝင်​မှု နည်းပါးခြင်းဆိုတဲ့ အ​ကြောင်း​လေး ဖြစ်​ပါတယ်​..

အမျိုးသားတစ်​​ယောက်​ထုတ်​လွှတ်​လိုက်​တဲ့ သုတ်​ပိုး တစ်​မီလီ လီတာ (mililiter)မှာ အနည်းဆုံး သုတ်​ပိုး​ကောင်​​ရေ ဆယ့်​ငါးသန်း(15millions) နဲ့ အထက်​မှာ ပါဝင်​သင့်​ပါတယ်​… ဒီလိုမဟုတ်​ပဲ အဲ့ထက်​နည်းပါးခဲ့ရင်​​တော့ oligospermia လို​ခေါ်တဲ့ သုတ်​ပို​ကောင်​​ရေ နည်းပါးခြင်းဆိုတဲ့ မျိုးပွားမှု ဆိုင်​ရာ ပြသနာကို ရင်​ဆိုင်​​နေရပြီ ဖြစ်​ပါတယ်​… ဒီကမှ အနည်းငယ်​၊ အ​တော်​အသင့်​နဲ့ အင်​မတန်​ နည်းပါးမှုဆိုပြီး ပါဝင်​တဲ့ သုတ်​ပိုး​ကောင်​​ရေအလိုက်​ ခွဲခြားသတ်​မှတ်​ပါ​သေးတယ်​..

ဒီလို သုတ်​ပိုး​ကောင်​​ရေ နည်းပါးရတာဟာ… လိင်​အင်္ဂါ​ထောင်​မတ်​မှု၊ ဆန္ဒပြီး​မြောက်​ချိန်​မှာ သုတ်​လွှတ်​မှု အစရှိတဲ့ ​နေရာများမှာ ချို့ယွင်းမှုရှိ​နေတာ​တွေ​ကြောင့်​လဲ ဖြစ်​တတ်​ပါတယ်​.. ပုံမှန်​အားဖြင့်​ ဒီလို သုတ်​ပိုး​ကောင်​​ရေ နည်းပါးတာကို သတိပြုမှု မရှိတတ်​ကြပါဘူး… က​လေးရခြင်း​သော်​လဲ မရနိုင်​​သေးသူများ.. တခြား​သော မျိုးပွားခြင်းနဲ့ ဆိုင်​တဲ့ ပြသနာ​တွေ​ကြောင့်​ သုတ်​ပိုး​ကောင်​​ရေ စစ်​​ဆေးတဲ့ အခါမှသာ ​တွေ့ရှိတတ်​ကြပါတယ်​..

Oligospermia လို့​ခေါ်တဲ့ သုတ်​ပိုး​ကောင်​​ရေ နည်းပါခြင်းဟာ…

– ​ဝှေး​စေ့ထဲတွင်​ ကြီးမား​သော ​သွေးပြန်​​ကြောများ ဖြစ်​ပွား​နေခြင်း(varicocele)

– လိင်​မှတဆင့်​ ကူးစက်​​ရောဂါ ဖြစ်​ထားသူများ

– လိင်​အင်္ဂါ ​ထောင်​မတ်​မှု ပြသနာကြုံ​နေသူများ ( ထိခိုက်​ဒဏ်​ရာရထားသူ၊ အလုံးအကျိတ်​ ၊ကင်​ဆာ များ​ကြောင့်​ ​ထောင်​မတ်​ရန်​ခက်​ခဲခြင်း)

– သုတ်​ပိုး​ကောင်​​ရေ နည်းပါး​စေသည့်​ ​ဆေးများ ​သောက်​သုံး​နေရသူ

– ​ဟော်​မုန်းဓာတ်​ မညီမျှမှု ဖြစ်​​နေသူများ

– ခဲသတ္ထု၊ ပိုးသတ်​​ဆေး ဓာတု ပစ္စည်းများဖြင့်​ ​နေ့စဉ်​ လုပ်​ကိုင်ေ​နကြသူများ

– ​ဝှေး​စေ့ အပူလွန်​ကဲခြင်း( ဥပမာ – အထိုင်​များသူ၊ ​ဘောင်းဘီအကြပ်​အမြဲ ဝတ်​ဆင်​သူ)

– အရက်​​သောက်​ခြင်း၊ ​ဆေးလိပ်​​သောက်​ခြင်း

– အဝလွန်​သူ​တွေမှာ.. ​တွေ့ရ​လေ့ရှိပါတယ်​…

ဒါ​ကြောင့်​ သုတ်​ပိုး​ကောင်​​ရေနည်းပါးခြင်း ပြသနာကို ကာကွယ်​ဖို့ရာ..

– အရက်​​၊​​ဆေးလိပ်​ ဖြတ်​ခြင်း

– ကိုယ်​​အ​လေးချိန်​ ထိန်းညှိခြင်း

– သုတ်​ပိုး​ကောင်​​ရေ ပိုတိုး​ဆေး​သော ​​ဆေးများ သုံးစွဲခြင်း

– လိင်​မှတဆင့်​ ​ရောဂါမကူးစက်​​အောင်​​နေခြင်း၊ ​ရောဂါ ဖြစ်​ပွား​နေပါက ကုသမှု ခံယူခြင်း

– ​ဟော်​မုန်းဓာတ်​များ မှန်​​ကန်​​အောင်​ ကုသခြင်း အစရှိတာ​တွေ ပြလုပ်​လို့ရပါတယ်​..

ဒါပြင်​ ဒီလို သုတ်​ပိုး​ကောင်​​ရေ နည်းပါမှု ပြသနာ ကြုံ​နေရများအတွက်​… က​လေးရ​ဖို့ ရာခိုင်​နှုန်း ပိုများ​စေရန်

– ချစ်​တင်း​နှောမှု အကြိမ်​​ရေ ပိုစိတ်​ခြင်း..

– အထူးသဖြင့်​ မျိုးဥ​ကြွေ​နေချိန်​များတွင်​ ​အတူ​နေခြင်း

– မမျိုးဥ​ကြွေ​သော အချိန်​များကို ​သေချာမှတ်​ကာ မှန်​ကန်​​သော နည်းများဖြင့်​ အတူ​နေခြင်း

– တချို့​သော lubircant ​တွေဟာ သုတ်​ပိုးကို အ​နှောက်​အယှက်​ဖြစ်​​စေတတ်​တာမို့ အသုံးမပြုခြင်း၊ လိုအပ်​ပါကလည်း စိတ်​ချရ​သော lubricant ကို ​သေချာစွာ အသုံးပြုခြင်းတို့ ပြုလုပ်​နိုင်​ပါတယ်​…

Oligospermia ​ သုတ်​ပိုး​ကောင်​​ရေ နည်းပါးမှုအ​ကြောင်း ​ဆောင်​ရန်​ ​ရှောင်​ရန်​များကို အ​တော်​တန်​သိ​လောက်​ပြီမို့…

ကျန်းမာသန်​စွမ်းပြီး သာယာလှပ​သော အိမ်​​ထောင်​​ရေးသုခကို ပိုင်​ဆိုင်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​….

ပိုင်​နီ​မောင်

#healthline