ခြေ​ထောက်​များ လက်​များ ထုံကျဉ်​ခြင်း

ထုံကျဉ်​ခြင်းဆိုတာ.. လူခန္ဓာကိုယ်​ တစ်​ခုလုံးမှာ ဖြစ်​​ပေါ်နိုင်​တဲ့ sensation(ခံစားမှု) တစ်​ခုပါ.. သို့​သော်​ များ​သောအားဖြင့်​ ​ခြေ​​ချောင်း လက်​​ချောင်း​တွေ ၊ လက်​​မောင်းနဲ့ ​ခြေ​ထောက်​​ စတာ​တွေမှာ ပိုသတိထားမိတတ်​ကြပါတယ်​..ဥပမာ- တင်​ပလ္လင်​ ချိတ်​ကြီး အကြားကြီး ထိုင်​မိခြင်း၊ တစ်​​နေရာတည်းမှာ အကြာကြီးရပ်​​နေရခြင်း၊ လက်​​မောင်း​ပေါ် ​ခေါင်းအုံးအိပ်​မိခြင်း​တွေ ​နောက်​မှာ ​ခြေ​လက်​​တွေကို ​သွေးလည်​ပတ်​မှု နည်းတာ​ကြောင့်​ ​ခေတ္တထုံကျဉ်​ခြင်းကို ခံစားရ​လေ့ရှိပါတယ်​…

တစ်​ခါတ​စ်​​လေမှာ ထုံကျဉ်​ခြင်းဟာ အ​ကြောင်းကိစ္စရပ်​မရှိပဲနဲ့ ကြာရှည်​​နေမယ်​..ဆိုရင်​ သတိထားစရာပါပဲ…​အရင်​က ထိခိုက်​ဒဏ်​ရာ ဖြစ်​ထားဖူးတာ​ကြောင့်​ အာရုံ​ကြော​တွေကို ထိခိုက်​မိတာမျိုး ဖြစ်​နိုင်​ပါတယ်​.. ဥပမာ- multiple sclerosis (ဦး​နှောက်​နဲ့ အာရုံ​ကြောမ ထိခိုက်​ထားခြင်း) ၊ carpel tunnel syndrome (လက်​တွင်းရှိ အာရုံ​ကြော ထိခိုက်​ထားခြင်း) စတာ​တွေ​ကြောင့်​ ကိုယ့်​ကို ထိမှန်း နာမှန်း မသိတာမျိုး​တွေ ဖြစ်​တတ်​ပါတယ်​…
တချို့​သော ​ဆေး​တွေဟာလည်း ထုံကျဉ်​လြင်းကို ဖြစ်​​စေနိုင်​ပါတယ်​…

ဒါပြင်​ တခါတရံမှာ အ​ကောင်​ကိုက်​တာ​ကြောင့်​ ကိုက်​ခံရတဲ့​နေရာ လက်​ (သို့) ​ခြေ​တွေမှာ ထုံကျဉ်​ခြင်း..အစားအ​သောက်​​ကြောင့်​ဖြစ်​​စေ၊​ခေါင်းတစ်​ခြမ်းကိုက်​ခြင်း …ဓာတ်​​ရောင်​ခြည်​ဖြင့်​ ကုသခြင်း​တွေ​ကြောင့်​လဲ ​ခြေလက်​​တွေမှာ ထုံကျဉ်​ခြင်း​တွေလဲ ဖြစ်​တတ်​ပါတယ်​..ခန္ဓာကိုယ်​တွင်းဓာတ်​များ ( ​ဗီတာမင်​၊ကယ်​စီယမ်​၊ ဆိုဒီယမ်​) အစရှိတာ​တွေ ချိုတဲ့တဲ့ အခါမှာလည်း ကြုံရ​လေ့ရှိပါတယ်​..

ပြောခဲ့သလို အရင်​က ထိခိုက်​မှု ရှိခဲ့ဖူးလို့ မိမိရဲ့ အာရုံ​ကြောမကြီးကို အရိုးတစ်​ခုမှသွားဖိမိခြင်း၊ ညှပ်​​နေခြင်း စတာ​တွေ​ကြောင့်​လဲ ဖြစ်တတ်​ပါတယ်​.. ခန္ဓာကိုယ်​ရှိတစ်​သျှူး​တွေထိခိုက်​ပြီး အမာရွတ်​ဖြစ်​တာ​တွေ၊ ကင်​ဆာအလုံး​တွေ၊​ရောဂါအကျိတ်​​တွေ၊ ​သွေး​ကြောထုံး​တွေက​နေလည်း အာရုံ​ကြောတစ်​ခု (သို့) အများကြီးကို သွားဖိမိတဲ့အခါမျိုးမှာလည်း ကြုံရနိုင်​ပါတယ်​..

တချို့​သော ဆီးချို​​ရောဂါရှိသူများ၊ ​လေဖြတ်​ဖူးထားသူများ၊ အတက်​​ရောဂါရှိသူများ၊ thyroid (လည်​ပင်းအကျိတ်​)​ရောဂါရှိသူများမှာလဲ ဒီလို ပြသနာများ ကြုံရ​လေ့ရှိတတ်​ပါတယ်​..တစ်​စုံတစ်​ခု​ကြောင့်​ ထိခိုက်​မိပြီး အ​ရေပြားထိခိုက်​ခြင်း၊ ​ယောင်​ခြင်း ၊ ပြတ်​ရှခြင်း​တွေမှာလည်း အာရုံ​ကြောပါသွားပါကလည်း ထုံကျဉ်​တတ်​ပါတယ်​..

လူတိုင်း ထုံကျဉ်​ခြင်းကို ခံစားဖူးကြပါလိမ့်​မယ်​..သို့​သော်​ မိမိဟာ သာမန်​ အကြာကြီးထိုင်​မိတာ ၊ ​လက်​​မောင်း​ပေါ်အိပ်​မိတာမျိုး​ကြောင့်​ ထုံကျဉ်​တာမဟုတ်​ပဲ တစ်​ခုခု​ကြောင့်​ ဦး​ခေါင်း၊ လည်​ပင်းနဲ့. ​နောက်​​ကျော​တွေမှာ ထိခိုက်​ထားဖူးတာမျိုး​ကြောင့်​ ထုံကျဉ်​မယ်​၊ ထိမှန်း ကိုင်​မှန်းမသိတာမျိုး ဖြစ်​မယ်​၊ ခဏ သတိ​မေ့သွားတာမျိုး၊စကားလုံးမကွဲခြင်း၊​​ခေါင်း​နှောက်​ခြင်း၊အမြင်​အာရုံဝါးခြင်း၊​​ခြေလက်​အားနည်းခြင်း၊ ဆီးဝမ်းမနိုင်​ခြင်း၊ကိုယ်​လက်​နာကျင်​ခြင်း​​တွေတို့နဲ့ တွဲပြီး တစ်​စုံတစ်​ရာ ရှိခဲ့မယ်​ဆိုပါက ဆရာဝန်​နဲ့ ပြပြီး ​ကုသသင့်​ပါတယ်​…

သို့မှသာ လိုအပ်​​သော ခန္ဓာကိုယ်​ ကြံ့ခိုင်​မှုစစ်​​ဆေးခြင်း ဓာတ်​ချို့တဲ့မှု စစ်​​ဆေးခြင်း၊ အာရုံ​ကြောနဲ့ဆိုင်​​သော ​လေ့ကျင့်​မှုများ ပြုလုပ်​ခြင်း​တွေအပြင်​ဓာတ်​မှန်​ရိုက်​ခြင်း၊ ​သွေး​ကြောဓာတ်​မှန်​ကြည့်​ခြင်း၊ CT scan ရိုက်​ခြင်း၊ ultrasound ကြည့်​ခြင်း အစရှိတဲ့အရာ​တွေနဲ့ မိမိ၏ ကျန်းမာ​ရေးပြသနာကို ​သေချာအ​ဖြေရှာနိုင်​မှာ ဖြစ်​ပါတယ်

မိမိထိခိုက်​ထား​သော၊ အားနည်း​သော အစိတ်​အပိုင်း(သို့)​ရောဂါနဲ့ လိုက်​ပြီး လိုအပ်​​သော ကုသမှု​တွေပြုလုက်​ရမှာ လူတစ်​ဦးချင်းစီလိုက်​ပြီး ကုသရ​သော နည်းလမ်းများ၊​ဆေးစစ်​ခြင်းများနဲ့ ​ပျောက်​ကင်းမှု ​နှေးခြင်း မြန်​ခြင်း​တွေဟာ ကွဲပြားသွားမှာ ဖြစ်​ပါတယ်​..

ဒါ​ကြောင့်​ မိမိဟာ အမြဲ သတိချပ်​​နေမှသာ မိမိရဲ့ ဖြစ်​လာမယ့်​ ​ရောဂါများ အန္တရာယ်​များကို ကာကွယ်​နိုင်​မှာ ဖြစ်​ပါတယ်​…

ကျန်းမာ သန်​စွမ်းပြီး စိတ်​သွားတိုင်းကိုယ်​ပါနိုင်​​ကြပါ​စေလို့ ​တောင်းဆု ​မေတ္တာပြုလျက်​….

ပိုင်​နီ​မောင်