သားအိမ်​ညှစ်​​ဆေးကို အလွဲသုံးစား လုပ်​သူများ

မီးဖွားရာတွင်​ ဗိုက်​မနာလျှင်​ ​ပေး​သော ဗိုက်​နာ​ဆေး သို့မဟုတ်​ သားအိမ်​ညှစ်​​ဆေးဟု လူသိများသည့်​ ​အောက်​ဆီတိုစင်​သည်​ သာမန်​အမျိုးသမီးများတွင်​လည်း ​ဟော်​မုန်းအ​နေဖြင့်​ ပမာဏ အနည်းငယ်​ ထွက်​တတ်​သည်​။ ၄င်းသည်​ မီးဖွားပြီး​နောက်​ နို့ရည်​ထွက်​​စေရန်​လည်း အ​ထောက်​အကူပြုသည်​။

ထို အောက်​ဆီတိုစင်သည်​ မီးဖွားချိန်​တန်​​နေ​သော်​လည်း ​ဗိုက်​မနာ​သေးသူများ၊ အနာမစိပ်​သူများအတွက်​ အသုံးပြုရန်​ ​ဆေးလည်းဖြစ်​သည်​။ ​သွေးတိုးလွန်း​သော လူနာများနှင့်​ နှလုံး​ရောဂါ ကြိးကြိးမားမား ရှိသူများမှ အပ သုံးနိုင်​သည်​။

ထို့ပြင်​ ၄င်းကို မီးတွင်း ​သွေးမသွန်​ရန်​လည်း အသုံးပြု​ပါသည်​။

သို့​သော်​ ထို ​အောက်​ဆီတိုစင်​ကို လွဲမှားစွာဖြင့်​ ပဋိသ​န္ဓေ ဖျက်ချရာတွင်​ အသုံးပြုရန်​ ကြိုးစား​နေသည်​များကို ​တွေ့ရသည်​။ ​အောက်​ဆီတိုစင်​သည်​ သုံးတတ်​လျှင်​ ​ဆေးဖြစ်​​သော်​လည်း မသုံးတတ်​လျှင်​ ​ဘေးဖြစ်​​လေသည်​၏

အောက်​ဆီတိုစင်​ ပမာဏ များပြားစွာ အသုံးပြုမှု​ကြောင့်

-ပျို့အန်​ခြင်း

-ရင်​တုန်​ခြင်း

-​ဖော​ယောင်​၍ ​ကျောက်​ကပ်​ထိခြင်းနှင့်

-သားအိမ်​ကွဲခြင်း ဖြစ်​နိုင်​​ပေသည်​။

အဆိုးရွားဆုံးမှာ သားအိမ်​ကွဲခြင်းဖြစ်​ပြိး ​သွေးသွန်​ ​သေဆုံးနိုင်​ပါသည်​။

သို့ဖြစ်​ပါ၍ ​ဆေးများကို ​ကောင်းကျိုးဆိုး​မွေ မသိပဲ မိမိသ​ဘောအ​လျောက်​ အသုံးပြုခြင်း၊ တရားဥပ​ဒေနှင့်​ မလွတ်​ကင်း​သော ပဋိသ​န္ဓေ ဖျက်ချခြင်းတို့ကို ပြုလုပ်​သူများအား ​တွေ့ရှိပါက အသိ​ပေးနိုင်​ရန်​ တင်​ပြလိုက်​ရပါသည်​။