Illusion ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အာရုံမှားခြင်း

အာရုံငါးပါးတွင် တွေ့ထိသမျှကို မှားယွင်းနားလည် သိရှိခြင်းကို ဆိုလိုပါသည်။
ဥပမာ။  ။ ညအခါ သစ်ပင်ပေါ်မှ ကြိုးတစ်ချောင်းတွဲလောင်းကျနေသည်ကိုမြွေဟုထင်မြင်ခြင်းဖြစ်ပါသည်။
သာမာန်လူတစ်ယောက်သည်

  • မီးထိုးကြည့်၍ဖြစ်စေ ၊
  • အနီးကပ်လေ့လာ၍ဖြစ်စေ အမှန်ကို သိနိုင်ပါသည်။

သို့သော် စိတ်စေဒနာ ခံစားရသူသည် အမှန်ကို သိနားလည်နိုင်စွမ်း မရှိပါ။

Hallucination ( အာရုံခြောက်ခြားခြင်း)

ပြင်ပမှ လုံ့ဆော်မှု၊ အာရုံများမရှိဘဲ အာရုံထင်လာခြင်းကို အာရုံခြောက်ခြားခြင်းဟု ခေါ်ပါသည်။ အာရုံအားလုံး(အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အတွေ့အထိ၊) တွင် ဖြစ်တတ်ပါသည်။ သို့သော် အကြားအာရုံနှင့် အမြင်အာရုံတွင် ပို၍ ဖြစ်တတ်ပါသည်။

  • အမြင်အာရုံ ခြောက်ခြားခြင်း
  • အကြားအာရုံ ခြောက်ခြားခြင်း
    • လူ ၂ယောက်ငြင်းခုံနေသံများ ကြားရခြင်း
    • အမိန့်ပေးနေသံများကြားရခြင်း
    • မိမိတွေးနေသည်ကိုပြန်ကြားရခြင်း စသည်
  • အနံ့အာရုံ ခြောက်ခြားခြင်း
  • အရသာ အာရုံ ခြောက်ခြားခြင်း
  • အတွေ့အထိအာရုံ ခြောက်ခြားခြင်း
    • ကိုယ်ပေါ်တွင် အကောင်ငယ်လေးများပြေးနေသည်ဟု ခံစားရသည်မှစ၍ မီးစနှင့်ထိုးသလို ပူလောင်ခြင်းအထိဖြစ်တတ်ပါသည်။

အာရုံခြောက်ခြားသည် စိတ်ဝေဒနာတစ်မျိုးဖြစ်သော်လည်း သာမန်လူများတွင်လည်းဖြစ်တတ်ပါသည်။

ဥပမာ။ ။အဖျားကြီးလွန်းသောအခါ၊ ဆေး သို့ အစာတစ်ခုခု အဆိပ်သင့်သောအခါများတွင် ဖြစ်လေ့ရှိပါသည်။

ယုံမှားလွန်ခြင်း( မဟုတ်သည်ကို အဟုတ်ထင်)

ယုံမှားလွန်ခြင်းဆိုသည်မှာ မည်သို့ပင်အကျိုးအကြောင်းပြ ပြောဆိုပါစေ မိမိယုံကြည်သော အကြောင်းအရာအမှားကိုသာ စွဲစွဲမြဲမြဲယုံကြည်ခြင်းဖြစ်ပါသည်။ လူအများကိုးကွယ်သော ဘာသာရေး၊ ဓလေ့ထုံးစံများကို ဆိုလိုခြင်းမဟုတ်ပေ။

ယုံမှားခြင်းအမျိုးမျိုးရှိပါသည်။

  • နှိပ်စက်မည်ဟုယုံကြည်နေခြင်း-အခြားသူ၊ အဖွဲ့အစည်းတစ်ခုခုက မိမိကို ဖိစီးနှိပ်စက်နေသည်၊ ဒုက္ခပေးမည်ဟု ယုံကြည်နေခြင်း
  • ညွှန်းဆိုနေသည်ဟုယုံ ကြည်ခြင်း- လူများကမိမိကိုသာကြည့်နေသည်၊ မိမိအကြောင်းကို ပြောဆိုနေသည်၊ စသည်ဟု ယုံကြည်နေခြင်း
  • ခမ်းနားကြီးကျယ်သည်ဟု ယုံကြည်ခြင်း-မိမိသည် အလွန်အရေးပါသူ၊ ဘုရင်၊ သို့ အရေးပါသောသူများနှင့်မိတ်ဆွေ ဖြစ်သည် ဟုယုံကြည်နေခြင်း
  • အပြစ်ရှိသည်ဟု ယုံကြည်နေခြင်း-မိမိသည် မကောင်းသောသူ၊ ကောက်ကျစ်သောသူ၊ အမှားများလုပ်ဆောင်သောသူဖြစ်၍ အပြစ်ဒဏ်ခံသင့်သည်ဟု ယုံကြည်ခြင်း
  • မနာလိုအမြဲဖြစ်နေခြင်း
  • မိမိ၏ ဇနီး၊ ခင်ပွန်းသည်သစ္စာမရှိ ဟုယုံကြည်နေခြင်း စသည်။

ယုံမှားခြင်းသည် ဥပဒေဆေးပညာအရ အလွန်အရေးကြီးသည်။ ဝေဒနာခံစားရသူသည် မိမိကိုယ်ကိုသေကြောင်းကြံစည်မှု၊ လူသတ်မှု သို့ ရာဇ၀တ်မှုများပြုလုပ်လာနိုင်သောကြောင့် ဖြစ်ပါသည်။

ဒေါက်တာချို(ဆေး ၁)