အ​ရေး​ပေါ် ရင်​ဘတ်​​အောင့်​​နေသူအား ပြုစုခြင်း

အဆုတ်​​ဆိုင်​ရာ ​ရောဂါ​ကြောင့်​​သော်​လည်း​ကောင်း၊ နှလုံးဆိုင်​ရာ ​ရောဂါ​ကြောင့်​​သော်​လည်း​ကောင်း ရင်​ဘတ်​​အောင့်​နိုင်​ပါသည်​။ ရင်​ဘတ်​​အောင့်​ချိန်​ ၅မိနစ်​​ကျော်​ခြင်း၊ အသက်​ရှူရခက်​ခဲလာခြင်း၊ စကားပင်​မ​ပြောနိုင်​ခြင်း တို့ ရှိပါက

၁။ လူနာကို မလှုပ်​မရှား​စေရ။ လှဲ​နေနိုင်​လျှင်​ ​ကောင်းပါသည်

၂။ လူနာကို အတင်း​ရေတိုက်​ခြင်း၊ အစာ​ကျွေးခြင်း စ​သော သီးနိုင်​​သော အရာများ မပြုလုပ်​ရ

၃။ နီးစပ်​ရာ ​ဆေးရုံသို့ အမြန်​ ပို့​ဆောင်​ပါ

ရင်​ဘတ်​​အောင့်​ကာ လဲကျသွား​သော လူနာအား

၁။ အသက်​ရှူ​နေခြင်း ရှိမရှိ နား​ထောင်​ပါ

၂။ နှလုံးခုန်​ခြင်း ရှိမရှိ နား​ထောင်​ပါ

အသက်​ရှူခြင်းမရှိ၊ နှလုံးခုန်​ဆဲဖြစ်​ပါက

၁။ ပါးစပ်​အတွင်း ပိတ်​ဆို့​နေ​သော အရာများ ရှိပါက ဖယ်​ရှားပါ

၂။ မိမိပါးစပ်​အတွင်းသို့ ​လေအဝရှူကာ လူနာ၏ ပါးစပ်​နှင့်​ နှာ​ခေါင်းကို လုံ​အောင်​ငုံ​၍ ​လေမှုတ်​သွင်းပါ။ လူနာရင်​အုံ​မောက်​လာသည်​အထိ မှုတ်​သွင်းပါ။

၃။ ပြီးလျှင်​ လူနာ ရင်​အုံ ပြန်​ကျသွားချိန်​အထိ ခဏ​စောင့်​ပါ

၎။ လူနာတင်​ယာဉ်​ ​ရောက်​သည်​အထိ ဆက်​လက်​လုပ်​​ဆောင်​ပါ။

အသက်​ရှူခြင်း​ရော နှလုံးခုန်​ခြင်းပါ မရှိပါက

အသက်​ကယ်​မည့်​သူ အနည်းဆုံး ၂ဦးလိုအပ်​သည်

၁။ ပါးစပ်​အတွင်း ပိတ်​ဆို့​နေ​သော အရာများ ရှိပါက ဖယ်​ရှားပါ

၂။ တစ်​ဦးက လက်​နှစ်​ဖက်​ကို ယှက်​တင်​ပါ။ ထို့​နောက်​ မိမိလက်​ကို တစ်​​ဖြောင့်​တည်းထားကာ လူနာ၏ ရင်​ဘတ်​အလယ်​တည့်​တည့်​​နေရာ​ပေါ် ၉၀ဒီဂရီ တင်​၍ လူနာရင်​ဘတ်​​ပေါ်မှ ဖိချပါ။ ၂စက္ကန့်​လျှင်​ သုံးချက်​ရ​အောင်​ ဖိပါ

၃။ အချက်​ ၃၀ပြည့်​လျှင်​ ခဏနား၍ ကျန်​တစ်​ဦးက မိမိပါးစပ်​အတွင်းသို့ ​လေအဝရှူကာ လူနာ၏ ပါးစပ်​နှင့်​ နှာ​ခေါင်းကို လုံ​အောင်​ငုံ​၍ ​လေမှုတ်​သွင်းပါ။ လူနာရင်​အုံ​မောက်​လာသည်​အထိ မှုတ်​သွင်းပါ။

၎။ ပြီးလျှင်​ လူနာ ရင်​အုံ ပြန်​ကျသွားချိန်​အထိ ခဏ​စောင့်​ပါ

၅။ အသက်​ရှူခြင်း ၂ကြိမ်​ပြီးလျှင်​ ရင်​ဘတ်​ဖိခြင်း အလုပ်​ကို ပြန်​စတင်​ပါ

၆။ ရင်​ဘတ်​ အကြိမ်​၃၀ ဖိပြီးတိုင်း အသက်​ရှူခြင်း ၂ကြိမ်​ ပြုပါ

ဤအတိုင်း လူနာတင်​ယာဉ်​ ​ရောက်​သည်​အထိ မရပ်​မနား ​ဆောင်​ရွက်​ပါ