ခွဲမွေးထားတဲ့ချုပ်ရိုးက နာနေတယ်ဆိုတာ

မေမေတို့ကလေးမွေးတဲ့အခါမှာ ရိုးရိုးမွေးတဲ့မေမေတွေရှိသလို အခြေအနေအရ၊ လိုအပ်ချက်အရ ခွဲမွေးရတဲ့မေမေတွေလည်းရှိမှာပေါ့နော်။
ခွဲမွေးရတဲ့မေမေတွေအတွက်တော့ မွေးခါနီး ဗိုက်နာတာကိုမခံစားရပေမယ့် ခွဲပြီးတဲ့အခါမှာ ခွဲထားတဲ့ချုပ်ရိုးက နာတယ်ဆိုတာမျိုးတော့ ဖြစ်တတ်ကြပါတယ်။

ဘာကြောင့်များလဲ?

ကလေးမွေးဖို့ ဗိုက်ခွဲတဲ့အခါ အပေါ်ဆုံးက အရေပြား၊ အောက်မှာ ကြွက်သား၊သားအိမ်ကြွက်သားတွေကိုခွဲပြီး ကလေးထုတ်ပြီးတော့မှ တစ်လွှာခြင်းစီပြန်ချုပ်ရတာပါဒီတော့ အပေါ်မှာမြင်ရတဲ့ ၉ cm လောက်ရှည်တဲ့ အမာရွကိအောက်မှာ အမာရွတ်တွေရှိနေသေးတယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့နော်။ဒါတင်မကသေးဘူး ဒီအမာရွတ်လေးတွေဟာ အရေပြားက အာရုံကြောလေးတွေကို ဖိသလို ခွဲတဲ့အချိန်မှာလည်း အာရုံကြောအသေးလေးတွေ ထိခိုက်သွားတာမို့ ချုပ်ရိုးနာခြင်းဖြစ်ပေါ်လာတာပါ။

ချုပ်ရိုးနာမယ်ဆို ပြတဲ့လက္ခဏာတွေက

_ ချုပ်ရိုး ချုပ်ထားတဲ့တောက်လျှောက်အောင့်တောင့်တောင့်ဖြစ်နေတာ

_ ချုပ်ရိုးနားတစ်ဝှိက်မှာ တစ်ချက်တစ်ချက် စူးပြီးအောင့်တာ

_ ကလေးချီတဲ့အခါ၊ အလေးအပင်မတဲ့အခါ၊ ပစ္စည်းတစ်ခုခု ကုန်းကောက်တဲ့အခါ မျိုးမှာ နာတတ်၊ အောင့်တတ်ပါတယ်။

_ တစ်ချို့ကြလဲ အမာရွတ်တွေက ဆွဲထားသလိုဖြစ်လို့ ချုပ်ရိုးအပြင် အနီးပတ်ဝန်းကျင်နေရာတွေ ဆီးခုံနေရာတွေ တင်းတာ အောင့်တာတွေဖြစ်တတ်ပါတယ်။

ခွဲမွေးထားတဲ့မေမေတို့အနေနဲ့ ချုပ်ရိုးနာတာ အဖြစ်များပေမယ့် တခြားအကြောင်းကြောင့်နာတာလည်းရှိတာမို့ ဆရာဝန်နဲ့ဆွေးနွေးဖို့တော့
လိုပါလိမ့်မ်းနော်။

သက်သာအောင်ဘယ်လိုလုပ်မလဲ?

ဒီလိုချည်းတစ်အောင့်အောင့်ဖြစ်နေမယ်ဆိုရင်တော့ အဆင်မပြေနိုင်ဘူးလေ။အရမ်းနာနေမယ်ဆိုရင် တော့* ဖြစ်တာလဲ ၃လ မကျော်သေးဘူးဆိုရင်*

_ ဆရာဝန်ကစမ်းသပ်စစ်ဆေးလို့ သေချာပြီဆိုရင်Paracetamol ကဲ့သို့ အနာသက်သာတဲ့ဆေးသောက်နိုင်ပါတယ်။ဖြစ်နေတာ ၃လကျော်ပြီဆိုရင်တော့

_ အာရုံကြောနာသက်သာဆေးပေးတာ

_ လိမ်းဆေးပေးတာ တွေလုပ်ခိုင်းနိုင်ပါတယ်။နောက်တစ်ခုကမွေးလမ်းကြောင်းလေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင်အချိန်ကြာလာတာနဲ့အမျှ အမာရွတ်ကပျော့ပြောင်းလာပြီး နာတာသက်သာလာပါလိမ့်မယ်။

မယ်တင်( ဆေး၁ )

ခြဲေမြးထားတဲ့ခ်ဳပ္ရိုးက နာေနတယ္ဆိုတာ

ေမေမတို႔ကေလးေမြးတဲ့အခါမွာ ရုိးရုိးေမြးတဲ့ေမေမေတြရွိသလို အေျခအေနအရ၊ လိုအပ္ခ်က္အရ ခြဲေမြးရတဲ့ေမေမေတြလည္းရွိမွာေပါ့ေနာ္။
ခြဲေမြးရတဲ့ေမေမေတြအတြက္ေတာ့ ေမြးခါနီး ဗိုက္နာတာကိုမခံစားရေပမယ့္ ခြဲၿပီးတဲ့အခါမွာ ခြဲထားတဲ့ခ်ဳပ္ရုိးက နာတယ္ဆိုတာမ်ိဳးေတာ့ ျဖစ္တတ္ၾကပါတယ္။

ဘာေၾကာင့္မ်ားလဲ?

ကေလးေမြးဖို႔ ဗိုက္ခြဲတဲ့အခါ အေပၚဆံုးက အေရျပား၊ ေအာက္မွာ ႂကြက္သား၊သားအိမ္ႂကြက္သားေတြကိုခြဲၿပီး ကေလးထုတ္ၿပီးေတာ့မွ တစ္လႊာျခင္းစီျပန္ခ်ဳပ္ရတာပါဒီေတာ့ အေပၚမွာျမင္ရတဲ့ ၉ cm ေလာက္ရွည္တဲ့ အမာရြကိေအာက္မွာ အမာရြတ္ေတြရွိေနေသးတယ္ဆိုတဲ့အဓိပၸါယ္ေပါ့ေနာ္။ဒါတင္မကေသးဘူး ဒီအမာရြတ္ေလးေတြဟာ အေရျပားက အာရံုေၾကာေလးေတြကို ဖိသလို ခြဲတဲ့အခ်ိန္မွာလည္း အာရံုေၾကာအေသးေလးေတြ ထိခိုက္သြားတာမို႔ ခ်ဳပ္ရုိးနာျခင္းျဖစ္ေပၚလာတာပါ။

ခ်ဳပ္ရိုးနာမယ္ဆို ျပတဲ့လကၡဏာေတြက

_ ခ်ဳပ္ရိုး ခ်ဳပ္ထားတဲ့ေတာက္ေလၽွာက္ေအာင့္ေတာင့္ေတာင့္ျဖစ္ေနတာ

_ ခ်ဳပ္ရိုးနားတစ္ဝွိက္မွာ တစ္ခ်က္တစ္ခ်က္ စူးၿပီးေအာင့္တာ

_ ကေလးခ်ီတဲ့အခါ၊ အေလးအပင္မတဲ့အခါ၊ ပစၥည္းတစ္ခုခု ကုန္းေကာက္တဲ့အခါ မ်ိဳးမွာ နာတတ္၊ ေအာင့္တတ္ပါတယ္။

_ တစ္ခ်ိဳ႕ၾကလဲ အမာရြတ္ေတြက ဆြဲထားသလိုျဖစ္လို႔ ခ်ဳပ္ရိုးအျပင္ အနီးပတ္ဝန္းက်င္ေနရာေတြ ဆီးခံုေနရာေတြ တင္းတာ ေအာင့္တာေတြျဖစ္တတ္ပါတယ္။

ခြဲေမြးထားတဲ့ေမေမတို႔အေနနဲ႔ ခ်ဳပ္ရိုးနာတာ အျဖစ္မ်ားေပမယ့္ တျခားအေၾကာင္းေၾကာင့္နာတာလည္းရွိတာမို႔ ဆရာဝန္နဲ႔ေဆြးေႏြးဖို႔ေတာ့
လိုပါလိမ့္မး္ေနာ္။

သက္သာေအာင္ဘယ္လိုလုပ္မလဲ?

ဒီလိုခ်ည္းတစ္ေအာင့္ေအာင့္ျဖစ္ေနမယ္ဆိုရင္ေတာ့ အဆင္မေျပႏိုင္ဘူးေလ။အရမ္းနာေနမယ္ဆိုရင္ ေတာ့* ျဖစ္တာလဲ ၃လ မေက်ာ္ေသးဘူးဆိုရင္*

_ ဆရာဝန္ကစမ္းသပ္စစ္ေဆးလို႔ ေသခ်ာၿပီဆိုရင္Paracetamol ကဲ့သို႔ အနာသက္သာတဲ့ေဆးေသာက္ႏိုင္ပါတယ္။ျဖစ္ေနတာ ၃လေက်ာ္ၿပီဆိုရင္ေတာ့

_ အာရံုေၾကာနာသက္သာေဆးေပးတာ

_ လိမ္းေဆးေပးတာ ေတြလုပ္ခိုင္းႏိုင္ပါတယ္။ေနာက္တစ္ခုကေမြးလမ္းေၾကာင္းေလ့က်င့္ခန္းပံုမွန္လုပ္ေပးမယ္ဆိုရင္အခ်ိန္ၾကာလာတာနဲ႔အမၽွ အမာရြတ္ကေပ်ာ့ေျပာင္းလာၿပီး နာတာသက္သာလာပါလိမ့္မယ္။

မယ္တင္( ေဆး၁ )