အချစ်​ နှင့်​ ကာမဆန္ဒ

အချစ်​ ဆိုသည်​မှာ….

ဆရာထူးအိမ်​သင်​ရဲ့ သီချင်း ထဲကလို ဆန်းကြယ်​မှုများနဲ့ အရာဖြစ်​ပြီး နှလုံးသားတို့ရဲ့ အရှင်​သခင်​လို့ တင်​စားရ​လောက်​​အောင်​ ထူးခြားလွန်းတဲ့အရာပါ.. အမျိုးမျိုး အဓိပ္ပါယ်​ ဖွင့်​ဆိုရပါလိမ့်​မယ်​… ၅၂၈ အချစ်​ ၊ ၁၅၀၀ ချစ်​ခြင်း စသည်​ဖြင့်​ ကွဲပြား​နေ​စေဦး​တော့ အချစ်​ဆိုတာ လူသားတိုင်းကို စိုးမိုးနိုင်​တာ​တော့ အမှန်​ပါပဲ…. ဆို​တော့ကာ ကျန်းမာ​ရေး ရှု​ထောင့်​က​နေ ကြည့်​မယ်​ဆိုရင်​​တော့ ၁၅၀၀ အချစ်​နဲ့ ကျန်းမာ​ရေးဟာ ပိုသက်​ဆိုင်​​နေတယ်​လို့ မြင်​ပါတယ်​.. အချစ်​​ကြောင့်​ ရူးမိုက်​တယ်​၊ စွန့်​စားတယ်​၊ ​အောင်​မြင်​တယ်​ ၊ ကျရှုံးတယ်​ ၊ ဒဏ်​ရာအနာတရ ဖြစ်​ကြ၊ ကျန်းမာ​ရေးထိခိုက်​သည်​ထိ ဖြစ်​ကြ စသည်​ဖြင့်​​ပေါ့… ဒါပြင်​ ချစ်​ခြင်း​ကြောင့်​ လူသားနှစ်​ဦး​ပေါင်းစပ်​ကြတဲ့အခါမှာ… သဘာဝတရားအရ making sex (ကာမ) အ​ရောက်​​မြောက်​ကြ​လေ့ရှိပါတယ်​…

sex (ကာမဆန္ဒ) ဆိုတာ

– ‘gender’ မတူညီကြတဲ့ ဖို နဲ့ မ နှစ်​​ယောက်​ဟာ ပထမ နှစ်​သက်​ စိတ်​ဝင်​စားကြတယ်​၊ ဒုတိယ ချစ်​ကြိုက်​မယ်​၊ ​မခွဲခွာနိုင်​လို့ အတူ​ပေါင်းသင်း​နေထိုင်​ကြတယ်​… သို့​သော်​ လူချင်း မခွဲနိုင်​လို့ ​ပေါင်းစပ်​ကြ​ပေမယ့်​ စိတ်​ချင်း​တော့ မတူကြပါဘူး..ဒီ​တော့ တစ်​​ယောက်​က love ကို ပိုအ​လေးထားပြီး တစ်​​ယောက်​ sex မှာ ပို​ပျော်​​မွေ့သွားနိုင်​တာမျိုး ဖြစ်နိုင်​ပါတယ်​…

ဒီ​တော့ကာ Love နဲ့ Sex ကြားက ကွာခြားတဲ့ တချို့ သ​ဘောတရား​လေး​တွေ ​ပြောပြချင်​ပါတယ်​…

Love ဟာ လူ​ယောက်​အ​ပေါ် (သို့) အရာဝတ္ထု တစ်​ခု​ပေါ် (သို့) မိမိစိတ်​ထဲက ဝါသနာ ဆိုတဲ့ အ​ရာ​တွေ​ပေါ်ကို အရမ်း စွဲလမ်းတာမျိုး ၊ ရိုမန်းတစ်​ (romance ) ဖြစ်​တဲ့အရာမျိုးကို လိုချင်​တာ၊ ​ပေးစွမ်းချင်​တာ စသည်​ဖြင့်​ မျိုးစုံ​တွေးလို့ရပါတယ်​… ​သေချာ ​​ပြောပနိုင်​​လောက်​​အောင်​ထိကို မစွမ်းနိုင်​တဲ့ ဆန်းကြယ်​လှတဲ့ စိတ်​ခံစားမှု တစ်​မျိုးပါ….

Sex – လူသားနှစ်​​ယောက်​ထိ​တွေ့တယ်​၊ အာရုံခံစားမှု​တွေ့မှာ ​ပျော်​​မွေ့တယ်​လို့ အကြမ်းဖျင်း ဆိုနိုင်​ပါတယ်​… ​​အမျိုးသားနဲ့ အမျိုးသမီး (သို့) အမျိုးသားနှစ်​ဦး (သို့)အမျိုးသမီးနှစ်​ဦး (သို့) တစ်​ကိုယ်​ရည်​ အာသာ​ဖြေခြင်းဖြင့်​​တောင်​ sex ကို ခံစားနိုင်​ကြပါတယ်​…

img

ဒါပြင်​ making love နဲ့ making sex ဆိုပြီး ကွဲပြားမှုရှိပါ​သေးတယ်​…

မရင်းနှီးသူ မသိသူနှစ်​​ယောက်​ဟာ… ကာမဆန္ဒ တစ်​ခုထဲ​ကြောင့်​ sex ကိစ္စ ပြုလုပ်​နိုင်​ပါတယ်​ … ဒါကိုmaking sex (ချစ်​ခြင်းမပါတဲ့ ကာမအရာ​မြောက်​ခြင်း) လို့ ဆိုကြပါတယ်​…

“making love ” ဟာ ချစ်​သူ လင်​မယားတို့ တစ်​​ယောက်​ဆန္ဒက်ု တစ်​​ယောက်​ သိတယ်​၊ သူရဲ့ ခန္ဓာကိုယ်​​တင်​မက သူရဲ့ နှလုံးသား၊ စိတ်​ခံစားမှုကို ပါ လိုက်​​လျောညီ​ထွေရှိပြီး sex ကိစ္စပြီးေ​မြာက်​တယ်​လို့ ဆိုနိုင်​ပါတယ်​…အချစ်​ပါတဲ့ ကာမ အရာ​မြောက်​ခြင်း​ပေါ့….

ပြောခဲ့တာ​တွေဟာ လူသားတိုင်း ​ယေဘုယျ ကြုံ​တွေ့​နေရတဲ့ အချစ်​နဲ့ ကာမ(လိင်​စိတ်​ဆန္ဒ​) ကြားထဲ ဖြစ်​တတ်​တဲ့ သ​ဘောတရား​တွေပါ…
အိမ်​​ထောင်​မှု တစ်​ခုတည်​​ဆောက်​တဲ့ အခါမှာ​တော့ love ဟာ အ​ရေးကြီးသလို sex ဟာလဲ တစ်​​ထောင့်​တစ်​​နေရာက အ​ရေးပါလှပါတယ်​… သာယာတဲ့ အိမ်​​ထောင်​​ရေးဖြစ်​ဖို့ရာ အစွန်းနှစ်​ဖက်​ကို ဆွဲကိုင်​မထားပဲ လိုက်​​လျောညီ​ထွေ ​နေထိုင်​ဖို့လိုအပ်​ပါတယ်​… မိမိအိမ်​​ထောင်​ဖက်​ရဲ့ စိတ်​ခံစားမှု ၊ ဆန္ဒ ၊ လိုအပ်​ချက်​​တွေကို ဖြည့်​ဆည်း​ပေးနိုင်​ဖို့ရာ တစ်​​ယောက်​နှင့်​ တစ်​​ယောက်​ အမှန်​တကယ်​ ရင်းနှီးပွင့်​လင်း​နေထိုင်​ဖို့ လိုအပ်​ပါတယ်​…

ဒါ​ကြောင့်​ love နဲ့. sex ကြား ဗျာမများပဲ သာယာလှပတဲ့ အိမ်​​ထောင်​မှုကို တည်​​ဆောက်​နိုင်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​..

ပိုင်​နီ​မောင်