အချစ်ရဲ့သက်သေခံအမှတ်အသားလေးတွေ

မောင်နှံနှစ်ဦးအကြားမှာ အချစ်ရမ္မက်ရဲ့နောက်ကိုလိုက်ရင်းနဲ့ စိတ်မထိန်းနိုင်ဘဲ အနမ်းကြမ်းကြမ်းခြွေမိတဲ့အခါ အရာလေးတွေကျန်ခဲ့တတ်ပါတယ်။ ဒါကို Love bites သို့မဟုတ် Hickeys လို့ခေါ်ကြပါတယ်။ ဒီလိုမျိုးနမ်းရှုံ့မှုဟာ ကောင်းကျိုးအနေနဲ့ တစ်ဦးနဲ့တစ်ဦး စိတ်ကျေနပ်မှုရှိစွာချစ်ကြခြင်း၊ ပျော်ရွှင်ရခြင်းကို ဖြစ်စေနိုင်သလိုပါပဲ အခန့်မသင့်တဲ့အခါမှာ လူမြင်နိုင်တဲ့နေရာတွေဖြစ်တဲ့ လည်ပင်းစပ်၊ နားရွက်အောက်နား၊ လက်မောင်းစတဲ့နေရာတွေမှာ အမှတ်တမဲ့ အနမ်းခြွေမိရင်တော့ အပြင်သွား၊အလုပ်သွားတဲ့အခါ အခက်အခဲဖြစ်ပြီး စိတ်ကသိကအောက်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အချစ်မာကင်လေးတွေ အမြန်ပျောက်စေမယ့်နည်းလမ်းလေးတွေကိုတင်ပြလိုက်ပါတယ်။

ဒီအမှတ်လေးတွေဟာ အရေပြားကိုနှုတ်ခမ်း၊သွားတို့နဲ့ဖိကပ် စုပ်ပြီးကိုက်လိုက်တဲ့အတွက် အရေပြားပေါ်ရှိသွေးကြောမျှင်လေးတွေပေါက်သွားတဲ့အတွက်ဒဏ်ရာဖြစ်ကျန်ခဲ့တာပဲဖြစ်ပါတယ်။ hickeysလေးတွေကမြန်မြန်ပျောက်ချင်ရင်တော့

၁။ ဖုံးကွယ်နိုင်သောနေရာများကို ဖုံးကာဝတ်ဆင်ဖို့မမေ့ပါနဲ့။ လက်မောင်း လည်ပင်းအောက်နားနဲ့ ရင်ညွန့်က အမှတ်အသားလေးတွေကို လက်ရှည်အကျီ၊ လည်စေ့အကျီတို့ဝတ်ကာဖုံးပါ။

၂။ ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့မိတ်ကပ်လိမ်းပြီး အရောင်မှိန်အောင်လုပ်ပါ။ ခပ်ပါးပါးလိမ်းလိုက်တဲ့အခါမှာ လုံးဝပျောက်မသွားရင်တောင် အမှတ်တမဲ့ဆိုရင်တွေ့နိုင်မှာမဟုတ်တော့ပါဘူး။

၃။ ဆံပင်ချပြီးဖုံးအုပ်ပါ။ ဆံပင်ရှည်တဲ့မိန်းကလေးတွေအတွက်တော့အသုံးဝင်မယ့်နည်းလမ်းတစ်ခုပါပဲ။

၄။ လူစိတ်ဝင်စားနိုင်မယ့် လည်ဆွဲများ၊ bling bling များဝတ်ထားမယ်ဆိုရင်အလွယ်တကူတွေ့နိုင်ပါတယ်။ ဒါကြောင့် အမှတ်အသားကျန်နေခဲ့တဲ့နေ့ရက်တွေဆိုရင် သာမန်ခန့်သာခပ်ရိုးရို ဝတ်ဆင်ပါ။

၅။ ရေခဲကပ်ပေးပါ။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်ရေခဲကပ်ပေးခြင်းဟာ ဒီhickeysလေးတွေကိုအရောင်ဖျော့သွားစေမှာပါ။

၆။ သွားတိုက်ဆေးအနည်းငယ်ယူပြီး ဒဏ်ရာပေါ်မှာသုတ်လိမ်းပေးထားပါ။ နာရီဝက်ခန့်အကြာမှာ ဒဏ်ရာဟာ မရဲတော့ဘဲအရောင်ဖျော့လာပါလိမ့်မယ်။

၇ ဘယ်လိုမှဖုံးကွယ်လို့မလွယ်ရင်တော့ ဒဏ်ရာရတဲ့ပုံစံအနေနဲ့ ပလာစတာကပ်ထားပြီး ဟန်ဆောင်နိုင်ပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ