keloid အမာရွတ် နှင့် ပုံမမှန်ကြီးထွားအမာရွတ်

အမာရွတ်ဆိုတာ နှင့် ရုပ်ဆိုးစေတတ်မှန်း လူတိုင်းသိကြပါတယ် ဒါပေမယ့် ပုံမှန်အမာရွတ်ထက် အဆများစွာ သင့်ကို ပုံဆိုးပန်းဆိုးဖြစ်စေနိုင်တဲ့ အမာရွတ်ပုံစံ နှစ်မျိုးရှိပါတယ် ဒါတွေဟာ သင့်အလှကိုပျက်စေရုံသာမက မျက်နှာတို့ လက်တို့မှာဖြစ်ရင် လူကြားသူကြားထဲ ရှက်ရွံ့စိတ်ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ် အဲမကောင်းသော အမာရွတ်ပုံစံက နှစ်မျိုးရှိပါတယ် keloid ဆိုတာနှင့် ပုံမမှန်ကြီးထွားအမာရွတ်တို့ဖြစ်ပါတယ် my doctor စာဖတ်ပရိတ်သတ်တွေကို အဲလိုအမာရွတ်တွေအကြောင်းကို ဝေမျှပေးလိုက်ပါတယ်

Keloidအမာရွတ် နှင့် ပုံမမှန်အမာရွတ်

keloid အမာရွတ် ရဲ့ ထူးထူးခြားခြား ရုပ်ဆိုးမှုသမိုင်းဟာ အီဂျစ်ပြည်က မှတ်တမ်းမှတ်ရာတွေမှာဟစတွေ့ရပါတယ် ဘီစီ၁၇၀၀လောက် ခွဲစိတ်နည်းတွေစပေါ်ကတည်းက ဖြစ်ပွားခဲ့ပါတယ် အဲဒီနောက်တော့ ဂရိက အဲလ်ဘတ်ဟာ အဲလိုအမာရွတ်မျိုးကို cheloidလို့ စတင်နာမည်ပေးခဲ့ပါတယ် ဂဏာန်းလက်အပုံစံဘေးကို ပြန့်ကားတတ်တာကြောင့် ဂဏာန်း လက်မ အရွတ်လို့ တောင်ခေါ်ဆိုကြပါတယ် သူက ဘယ်လောက်ထိဆိုးလဲဆိုရင် အမာရွတ်ကိလြှီးကာ ပြန်ခွဲစိတ်တာတောင် ထပ်ထွက်လာတတ်ပါတယ် ဆရာမနိုင် နှစ်ဆောင်ပြိုင် အမာရွတ်လို့ခေါ်လို့တောင်ရပါတယ်

ပုံမမှန်အမာရွတ်ကတော့ keloidလို ဘေးကိုပြန့်ကားမထွက်ပါဘူး အမာရွတ်ဘေးသားတွေကိုမကျော်ပဲ ကြီးထွားနေတာပါ တစိတ်တပိုင်းလောက်က အနည်းငယ် ပြန်ကောင်းလာစေတတ်ပါတယ် သူက အပူလောင်တာတွေနှင့် အရေပြားအောက်ဆုံးလွှာကို ထိခိုက်တာတချို့မှာ ဖြစ်ပွားတတ်ပါတယ်။

အဲလို ရုပ်ဆိုးအမာရွတ်တွေပိုဖြစ်ပွားနိုင်သော သူတွေကတော့

၁ လူမျိုး – တရုတ်လူမျိုးတွေနှင့် ကျွန်းပေါ်နေထိုင်သောပင်လယ်နီးသော လူမျိုးစုတွေမှာ ပိုမို ဖြစ်တတ်ကြပါတယ်

၂ ကျား မ – မိန်းကလေး ငယ်ငယ်လေးတွေဟာ အဖြစ်အများဆုံးပါ နားဖောက်တာကနေ ဖြစ်တာအများဆုံးပါ

၃ အသက်အရွယ် အသက် ၁၀နှစ်ကနေ ၃၀အတွင်းဖြစ်တာ အများဆုံးပါ လူငယ်လူရွယ်တွေ လှသွေးကြွယ်ချိန် မှာ အလှပျက်စေနိုင်ပါတယ်

ဘယ်လိုကာကွယ်မလဲ

ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ အဓိကက မလိုအပ်သောခွဲစိတ်မှုတွေရှောင်ကြဉ်ဖို့ပါ အနာဖြစ်ပြီဆိုရင် ပိုးမဝင်အောင်သေချာ ဂရုစိုက်ပါ ဆေးသေခထည့်ပါ။ အသီးအနှံ ပုံမှန်စားပါ ဗီတာမင်စီပါတာ ဗီတာမင်အီးပါသော အစားအစာတွေက အသားအရည်အတွက်ကောင်းပါတယ် အမာရွတ် စဖြစ်လာပြီဆိုအမာရွတ်ပျောက်ဆေးတစ်ခုခုလိမ်း တာ နေလောင်ကာ ခရင်လိမ်းတာ နေပူထဲထွက်ရင် ထီးဦးထုတ်ဆောငိးတာတွေကလည်း ကာကွယ်စေပါတယ်

ကုထုံးများ

အဲလိုအမာရွတ်ကြီးတွေအတွက် ကုသနည်း ဟာ ရှုပ်ထွေးများပြားပါတယ် လေဆာပစ်တာ ခွဲစိတ်တာ ဆေးထိုးတာ အမျိုးမျိုးရှိပါတယ် အောင်မြင်တာရှိသလို ပြန်ဖြစ်နေတာတွေလည်း ရှိပါတယ်

ဘယ်အချိန်မှာ ဆေးခန်းပြရမလဲ

များသောအားဖြင့် အဲအမာရွတ်တွေက မနာပါဘူး မယားပါဘူး အကယ်၍နာလာယားလာမယ် ဆိုပါက ချက်ခြင်းဆေးခန်းပြဖို့လိုပါတယ်

အပျိုလူပျို လှခြင် ပခြင်ချိန်မှာ အလှမပျက်စေဖို့ အလှတရာရဲ့ရန်သူ အမာရွတ် ရုပ်ဆိုးတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်

မေတ္တာဖြင့်

ဒေါက်တာလင်း မိသားစုကျန်းမာ