🔖JPN 600 (သို့မဟုတ်) ဂျပန်ကလာတဲ့ သက်တော်စောင့်🔖

လူငယ်တွေအတွက် အသည်းကွဲတာက ရှောင်ဖို့မလွယ်တဲ့ အရာတစ်ခုဆိုရင် လူကြီးတွေအတွက် ရှောင်ဖို့သိပ်မလွယ်တာ သွေးတိုးရောဂါပါပဲ။

🎯သွေးတိုးရောဂါဆိုတာ ??

သွေးပေါင်ချိန် 135/80 mmHg နဲ့ အထက်မှာအမြဲရှိနေရင် သွေးတိုးရောဂါရှိနေပြီလို့ ဆိုနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ..လေငန်းနဲ့ ကျောက်ကပ်ရောဂါ စတဲ့ ကြောက်စရာ ပြဿနာတွေ ဆက်ဖြစ်နိုင်တာမို့ သိပ်အန္တရာယ်များပါတယ်။

🎯ဘာလို့ အိမ်မှာသွေးပေါင်ချိန်စက်ရှိသင့်တာလဲ ??

သွေးတိုးရောဂါတကယ်ရှိမရှိ ဆုံးဖြတ်ဖို့ အိမ်မှာတိုင်းတဲ့ Home Blood Pressure Monitoring က သိပ်အရေးကြီးပါတယ်။ သွေးပေါင်ချိန်ဆိုတာ အချိန်နဲ့ အမျှ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။

🔘Masked Hypertension ဆိုတဲ့ အခြေအနေတစ်ခုရှိပါတယ်။

အိမ်မှာသွေးပေါင်အမြဲတက်နေပေမဲ့ ဆေးရုံ ဆေးခန်း ဆေးဆိုင်တွေမှာချိန်တဲ့အခါ သွေးပေါင်သိပ်မတက်ဘဲ မာယာများနေတတ်တယ်။ ဒီတော့ အသံတိတ် လူသတ်သမား သွေးတိုးရောဂါကို ရှိရက်နဲ့ မမိနိုင်ဘဲ လွတ်နေတတ်ပါတယ်။

🔘White Coat Hypertension ဆိုတဲ့ အခြေအနေလည်းရှိပါတယ်။

ဆေးရုံဆေးခန်း ဆရာဝန်ရှေ့ရောက်မှ စိတ်လှုပ်ရှားပြီး သွေးတွေတိုးသွားတတ်ပါတယ်။ ဒီတော့ တကယ်သွေးတိုးရောဂါမရှိဘဲ ဆေးတွေသောက်နေရပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံနေရတတ်ပါတယ်။

ဒီအခြေအနေတွေကို ပြေလည်စေဖို့နဲ့ သွေးတိုးဝင်လာရင်စောစောသိရှိ ကာကွယ်ဖြေရှင်းနိုင်ဖို့ အိမ်မှာ သွေးပေါင်ချိန်စက်တစ်လုံး ရှိဖို့လိုပါတယ်။
ပုံမှန်ချိန်ဖို့လည်း လိုပါတယ်။ သွေးတိုးကျဆေး သောက်နေရသူတွေအတွက်လည်း ဆေးပမာဏ ထိန်းညှိဖို့ အိမ်မှာ နေ့စဉ်သွေးပေါင်ချိန်ဖို့ လိုပါတယ်။

🎯ဘာလို့ Omron ကိုမှ ရွေးချယ်သင့်တာလဲ ??

Omron အိမ်သုံးသွေးပေါင်ချိန်စက်တွေကို ၂၀၀၉ ခုနှစ်မှာ သွေးပေါင်ချိန်စက် အလုံးရေသန်း ၁၀၀ကျော်.. ၂၀၁၃ မှာအလုံးရေသန်း ၁၅၀ ကျော်နဲ့.. ၂၀၁၆ မှာအလုံးရေသန်း ၂၀၀ကျော် အထိရောင်းချခဲ့ရပြီး ကမ္ဘာ့ အိမ်သုံးသွေးပေါင်ချိန်စက်ဈေးကွက်မှာ ရှယ်ယာအများဆုံး ကမ္ဘာနံပါတ် ၁ နေရာကိုရရှိထားပါတယ်။

🎯ဘာလို့ JPN 600 ကိုရွေးရမလဲ

ဘာတွေထူးခြားလို့လဲ ??

အရည်အသွေးနဲ့ ပတ်သတ်ရင်အမြဲ စိတ်ချရတဲ့ ဂျပန်နိုင်ငံမှာ ထုတ်တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် JPN 600 ရဲ့ စွမ်းဆောင်ရည်က သိပ်မေးခွန်းထုတ်စရာ လိုမယ်မထင်ပါဘူး။

JPN-600မှာ ပါဝင်တဲ့ featuresတွေကတော့

🔼 Cuff Wrapping Guide

လက်မောင်းအပတ် နေရာတကျမှန်မှန်ကန်ကန် ‘ok’ဖြစ်မဖြစ် ပြပေးတာမို့ အဖြေတွေက မှန်ကန်တိကျ ယုံကြည်ရပါတယ်။

🔼 Body Movement Detection

သွေးပေါင်ချိန်နေစဉ် ခန္ဓာကိုယ်လှုပ်ရှားမှုတစ်ခုခုကြောင့် အဖြေမှားယွင်းသွားလျှင် စက်က သိရှိပြီး ပြန်တိုင်းစေပါမယ်။

🔼Blood Pressure Level Indicator

သွေးပေါင်ချိန် အဖြေကို ကိန်းဂဏန်းနဲ့ ပြရုံမက သွေးတိုးမတိုးကိုပါ American Heart Association ရဲ့ Guidelines အရ အဖြေထုတ်ပေးမယ်။

🔼 Irregular Heartbeat Detection

နှလုံးခုန်နှုန်းနဲ့ နှလုံးခုန်သံ မှန်မမှန်ကိုပါ ထောက်လှမ်း အဖြေထုတ်နိုင်မယ်။

🔼 IntelliSense Technology

ပုံမှန်လက်မောင်းအပတ်တွေထက် ပိုသက်သောင့်သက်သာဖြစ်စေမယ်။
ိုလေပြန်ထုတ်ချိန်မှာလည်း ပိုမြန်စေလို့ အချိန်တိုအတွင်း တိကျတဲ့သွေးပေါက်ချိန်ကို အဖြေမြန်မြန်ထုတ်ပေးနိုင်ပါတယ်။

🔼အဖြေပေါင်း ၉၀ အထိ ရက်စွဲ အချိန် အတိအကျ မှတ်တမ်းတင် သိမ်းထားနိုင်မယ်။

🔼 ၁၀မိနစ် အတွင်းတိုင်းထားတဲ့ နောက်ဆုံးအဖြေသုံးခုရဲ့ ပျမ်းမျှအဖြေကို ထုတ်ပေးနိုင်တယ်။

🔼Guest Mode ပါလို့ ဘယ်သူယူသုံးသုံး သွေးပေါင်ချိန်မှတ်တမ်းကို မရောထွေးစေဘူး။

ဂျပန်ကလာတဲ့ သက်တော်စောင့်လေး JPN 600 နဲ့ အတူ အသံတိတ်လူသတ်သမားသွေးတိုးရောဂါရဲ့ အန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ…။