မိန်းမကိုယ် မှိုစွဲခြင်း

အမျိုးသမီးများ (အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ဆီးချိုရှိတဲ့ သူ) မကြာခဏ မိန်းမကိုယ် ယားယံခြင်းဖြစ်တတ်ကြပါသည်။

သည်လိုမျိုး

  • မိန်းမကိုယ်ယားယံမယ်။
  • နာကျင်မယ်။
  • အဖြူရောင် ပျစ်ချွဲချွဲ အဖတ်အဖတ်တွေ မိန်းမကိုယ်ကနေ ဆင်းလာမယ်။
  • ဆီးသွားရင်၊ ဖိုမဆက်ဆံရင် နာကျင်မယ်။
  • စမ်းသပ်ကြည့်မယ်ဆိုရင် မိန်းမကိုယ် ရောင်ရမ်းနီရဲနေပြီ ဆိုရင် မှိုရောဂါဖြစ်နေတာ သေချာသလောက်ပါပဲ။

အများအားဖြင့်

  • ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
  • အီစတိုဂျင် ဟော်မုန်းပါတဲ့ သန္ဓေတားဆေးသောက်နေသူတွေ
  • ဟော်မုန်းအစားထိုးကုသမှု ခံယူနေသော အမျိုးသမီးတွေ
  • ဆီးချို ဝေဒနာရှင်တွေ
  • ခုခံအားကျဆင်းနေသူတွေ
  • အိတ်အိုင်ဗွီ ကူးစက်ခံထားရသူတွေမှာ ပိုဖြစ်လေ့ရှိကြပါတယ်။

ဒီလို အမျိုးသမီးတွေ အထက်ဖော်ပြပါ လက္ခဏာတွေနဲ့ ဆေးခန်းလာပြတယ်ဆိုရင် candida လို့ခေါ်တဲ့ မှိုကြောင့် ရောဂါဖြစ်နေနိုင်ပါတယ်။ သေချာစွာ ရောဂါရာဇဝင်ကို မေးမြန်း စစ်ဆေးပြီး သားမွေးလမ်းကြောင်းက ချွဲမြှေးစစ်ဆေးကြည့်ရပါမယ်။

သာမန်အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီမှိုက မိန်းမကိုယ်တွင်း ရှိနေတတ်ပါတယ်။ သို့သော် ရောဂါလက္ခဏာမရှိပါက ဆေးကုသဖို့ မလိုအပ်ပါဘူး။

ရောဂါ ဖြစ်၍ ကုသမည်ဆိုပါက

  • ဆီးချိုသမားဖြစ်လျှင် ဆီးချိုသေချာ ထိန်းပေးမယ်။
  • အီစတိုဂျင်ဟော်မုန်းပါတဲ့တားဆေးတွေ အစား အခြားတားဆေးတွေ ပြောင်းသုံးစေမယ်။
  • ဆပ်ပြာ၊ အမွှေးပစ္စည်းတွေ၊ ချည်မဟုတ်တဲ့ အတွင်းခံကြပ်ကြပ်တွေ မသုံးဖို့ ပြောရပါမယ်။
  • နောက်ဆုံးမှာတော့ မှိုကို သတ်မယ့် မှိုသတ်ဆေး တစ်မျိုးမျိုးကို ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးသောက်ခြင်း၊ မိန်းမကိုယ်တွင်းဆေးထည့်ခြင်းများ ပြုလုပ်ရမည် ဖြစ်ပါသည်။

ရီချို(ဆေး ၁)