ရေများများသောက်တိုင်းကောင်းသလား?

လူခန္ဓာကိုယ်ဖွဲ့စည်းမှုရဲ့70%ကရေဓာတ်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါကြောင့်ရေဓာတ်ကလူခန္ဓာကိုယ်အတွက်အရေး
ကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့အတွက်နေ့စဉ်ရေကိုများမျာသောက်ပေးသင့်ပါတယ်။တစ်နေ့ကိုလူကြီးတစ်ယောက်အနေနဲ့ရေ ၂
လီတာ (ရှစ်အောင်စ )သောက်သုံးသင့်တယ်လို့စာတမ်းတွေအရပြောပါတယ်။ဒါပေမဲ့ ဘယ်အရာမဆိုတန်ဆေးလွန်ဘေး
ဆိုတာရှိတဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သောရေပမာဏထက်ပိုပြီးသောက်နေမိပြီဆိုရင်အောက်မှာပြောပြပေး
ထားတဲ့အချက်လေးတွေဖြစ်လာနိုင်တယ်နော်—————
ကဲ—–ဒါဆိုရင်ဒီအချက်လေးတွေကိုဖတ်ကြည့်လိုက်ရအောင်နော်————–
(၁)ဆီးသွားတဲ့အခါ ဆီးအရောင်ဖြူဖွေးလာခြင်း။
(၂)ညအိပ်ချိန်တွင်ဆီးခဏခဏသွားခြင်း။
(၃)ပျို့အန်ချင်လာခြင်း။
(၄)နားများအူလာခြင်း၊ခေါင်းကိုက်ခြင်း။
(၅)လက်များ၊ခြေများဖောလာခြင်း။
(၆)ခြေထောက်အလွယ်တကူကြွက်တက်ခြင်း။
(၇)ခြေကုန်လက်ပန်းကျ၍မောပန်းသလိုခံစားရခြင်း အစရှိတဲ့လက္ခဏာမျိုးတွေခံစားရနိုင်လာပါတယ်။ဒီအချက်တွေကတော့
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပမာဏထက်ကိုယ်က ရေပိုသောက်နေမိပြီဆိုတာကိုသိနိုင်တဲ့အချက်တွေပါ။အနာရောဂါကင်း
ဝေးပြီးအားလုံးပဲကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။