ညအခါ မိမိအတွင်းခံကို ချွတ်​အိပ်​သင့်​ မအိပ်​သင့်

ခုလို ပူပူ​လောင်​​လောင်ေ​နွရာသီမျိုးမှာ ​ပေါ့ပါးလွတ်​လပ်​တဲ့ ဘယ်​လိုအဝတ်​​အစားမျိုး​တွေကို ​ရွေးချယ်​ ဝတ်​ဆင်​တတ်​ကြ​ဖို့ ယခင်​က ​ရေးခဲ့ပြိးပြီမို့.. ခုတစ်​ခါ ပူပြင်းတဲ့ ​နွေရာသီည​တွေမှာ အိပ်​စက်​ချိန်​တွင်​ မိမိအတွင်းခံဝတ်​လျက်​ အိပ်​သင့်​မအိပ်​သင့်​ ဆိုတဲ့ အ​ကြောင်း​လေး ​ပြောပြချင်​ပါတယ်​…

ညအိပ်​ရာဝင်​ချိန်​မှာ တချို့က. Pajama ၊ တီရှပ်​ ၊ ပုဆိုး စသဖြင့်​ ဝတ်​ဆင်​ပြီး အိပ်​တတ်​ကြပါတယ်​.. သို့​သော်​ မိမိအတွင်းခံကို ဝတ်​လျက်​သားအိပ်​ကြသလို ချွတ်​ပြီး အိပ်​ကြတာလဲ ရှိပါတယ်​.. ဒီ​တော့ကာ ဝတ်​အိပ်​ခြင်း မအိပ်​ခြင်းရဲ့​ကောင်းကျိုးဆိုးကျိုး​က ဘာ​တွေလဲ…

အမျိုးသမီး​တွေအ​နေနဲ့ တ​နေကုန်​သွားလာလှုပ်​ရှာ​နေရတဲ့အတွက်​ ​ချွေး​တွေ အညစ်​အ​ကြေး​တွေ ရှိ​နေနိုင်​ပါတယ်​…အိပ်​ရာဝင်​တဲ့ အချိန်​မှာလဲ အတွင်းခံကို ဆက်​ဝတ်​ထားတဲ့အခါမှာ မိန်းမကိုယ်​တဝိုက်​ဟာ စိုထိုင်းဆ များပြီး ​ရောဂါပိုးမွှား​တွေ ​ပေါက်​ဖွားဖို့ရာ ​နေရာတစ်​ခု ဖြစ်​လာပါတယ်​…ထိုမှတဆင့်​ မိန်းမကိုယ်​ ကြာရှည်​​​ရောင်​ရမ်းခြင်း(chronic inflammation of vagina) ဖြစ်​နိုင်​ပါတယ်​… ဘက်​တီးရီးယား​တွေဟာ အ​မှောင်​ကိုကြိုက်​သလို စိုထိုင်းဆများတဲ့​နေရာကိုလဲ နှစ်​သက်​ကြတာမို့ အတွင်းခံမဝတ်​ပဲ အိပ်​ခြင်းအားဖြင့်​ လုံ​လောက်​တဲ့ ​လေ ရရှိသလို ထို​နေရာတဝိုက်​ကိုလဲ ​ခြောက်​​သွေ့သန့်​ရှင်း​စေနိုင်​ပါတယ်​…

တချို့အမျိုးသမီးများအ​နေဖြင့်​ အတွင်းခံမပါပဲ အိပ်​စက်​ခြင်းကို မနှစ်​သက်​ပါက cotton(ဝါဂွမ်း)ဖြင့်​ ပြုလုပ်​ထားတဲ့ ပွပွ​ယောင်း​ယောင်းအတွင်းခံမျိုး ဝတ်​ဆင်​ပါ.. ထို့မှသာ ​ချွေးထွက်​များ​သော်​လဲ စုပ်​ယူမှု အား​ကောင်းတဲ့အတွက်​ မိန်းမကိုယ်​တဝိုက်​ကို ​ခြောက်​​သွေ့​နေ​စေမှာ ဖြစ်​ပါတယ်​… ပိုးသား၊ချည်​သား​တွေနဲ့ပြုလုပ်​ထားတဲ့ အတွင်းခံကို ဝတ်​ဆင်​ပါက တခါတရံမှာ ယားယံတာမျိုး​တွေ ဖြစ်​​စေနိုင်​ပါတယ်​…

ဒါပြင့်​ အမျိုးသမီး​တွေဖို့ ​ရှောင်​လွဲမရတဲ့ လစဉ်​ ဓမ္မတာ လာတဲ့အခါမျိုးမှာ​တော့ လိုအပ်​တဲ့ လစဉ်​သုံး pads ​တွေ tampons ​တွေ အသုံးပြုရ​​လေ့ ရှိသလို​ ညအိပ်​ရာဝင်​တဲ့အခါ ​ပေပွတာမျိုး မဖြစ်​​အောင်​ အတွင်းခံကို ဝတ်​အိပ်​တတ်​ကြ​ပေမယ့်​… အတွင်းခံကို ​လုံ​လုံ​လောက်​​လောက်​လှဲလည်ခြင်း၊ လစဉ်​သုံးပစ္စည်းကို တစ်​ခုတည်း ကြာရှည်​မသုံးစွဲခြင်း စသဖြင့်​ ဂရုစိုက်​ရပါမယ်​…

အမျိုးသားများအ​နေဖြင့်​ အလွန်​ကြပ်​​သော အတွင်းခံ​တွေ ဂျင်း​ဘောင်းဘီ​တွေကို ​နေ့ အခါမှာလည်း မဝတ်​ဆင်​သင့်​သလို ညမှာလဲ လွတ်​လပ်​​ပေါ့ပါးတဲ့ ပုဆိုး၊ ​ဘောင်းဘီတို စသဖြင့်​ လှဲလယ်​ဝတ်​ဆင်​ပြီး အိပ်​သင့်​ပါတယ်​… အဘယ်​​ကြောင့်​ဆို​သော်​ တင်းကြပ်​တဲ့အခါမှာ အပူချိန်​ဟာ မြင့်​တက်​လာပြီး ​ဝှေး​စေ့နဲ့ အတွင့်​မှာ ရှိတဲ့ သုတ်​ပိုးကို ထိခိုက်​​စေနိုင်​တယ်​လို့ ​လေ့လာ​တွေ့ရှိချက်​တချို့က ​ထောက်​ပြထားခြင်း​ကြောင့်​ ဖြစ်​ပါတယ်​…

အမျိုးသားဖြစ်​​စေ အမျိုးသမီးဖြစ်​​စေ လုံ​လောက်​တဲ့ တကိုယ်​​ရည်​ သန့်​ရှင်းမှု ရှိခြင်းအားဖြင့်​ အ​ရေပြားနဲ့ သက်​ဆိုင်​​သော ကျန်းမာ​ရေးပြသနာများကို ကာကွယ်​နိုင်​မှာ ဖြစ်​ပါတယ်​…
ကျန်းမာ​ပျော်​ရွှင်​ပြီး လှပသန်​စွမ်း​သော အမျိုးသား အမျိုးသမီးများ ဖြစ်​ကြပါ​စေလို့ ​တောင်းဆု ​မေတ္တာပြုလျက်​….

ပိုင်​နီ​မောင်