ကိုယ်ဝန်ဆောင်စဉ် အိပ်မပျော်ခြင်း

ပထမဆုံးသိစေချင်တာကတော့ ဗိုက်ဗိုက်တို့ အိပ်မပျော်လို့ ဗိုက်ထဲက ကလေးလေးကိုမထိခိုက်ဘူးဆိုတာရယ်၊ ကိုယ်ဝန်ဆောင်စဉ် အိပ်မပျော်တာဟာ အဖြစ်များတဲ့ သဘာဝဖြစ်စဉ်တွေထဲကတစ်ခုဆိုတာရယ်ပါ။

အိပ်မပျော်ခြင်း၊ အိပ်ပျော်လိုက် နိုးလိုက်ဖြစ်ခြင်း၊နိုးလာပြီးပြန်အိပ်မရတော့ခြင်း၊ အိပ်ပျော်သော်လည်း နှစ်ခြိုက်စွာအိပ်မောမကျခြင်း စတဲ့ အိပ်စက်ခြင်းဆိုင်ရာပြသနာတွေဟာ အထူးသဖြင့် ကိုယ်ဝန်ရှိစကာလနဲ့ ကိုယ်ဝန်နောက်ဆုံး ၃လတွင် ကြုံတွေ့ရနိုင်ပါတယ်။

ဗိုက်ဗိုက်တို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အကူအညီဖြစ်မယ့်နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်

၁) အကောင်းဆုံးကတော့ အိပ်ခါနီး ၁နာရီ လောက်ကစပြီး ဖုန်း၊တီဗီ၊ကွန်ပျူတာ စတာတွေ မကြည့်ပါနဲ့တော့။ စာဖတ်ချင်တဲ့အခါ စာအုပ်ဖတ်လို့ရပါတယ်။

၂) ညဖက်ကို ရေနွေးနွေးနဲ့ ရေချိုးတာကလည်း သက်တောင့်သက်သာရှိစေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။( ရေအရမ်းမပူဖို့တော့ သတိပြုပါ။)

၃) ကိုယ်ဝန်ဆောင် ရေများများသောက်တာကောင်းကာတယ်။ဒါပေမယ့် မနက်နဲ့ နေ့ခင်းပိုင်ူတွေမှာ ရေပိသြောက်ပြီး ည ၇နာရီနောက်ပိုင်းလောက်ကို ရေလျှော့သောက်ခြင်းဖြင့် အိပ်နေစဉ် ဆီးခနခနထသွားရခြင်းကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၎) အိပ်ရာမဝင်ခင် အဆာပြောမုန့်စားဖို့မမေ့ပါနဲ့။အထူးသဖြင့် နွားနို့ကဲ့သို့ ပရိုတင်းဓာတ် (အသားဓာတ်)ပြည့်ဝတဲ့ အစားအသောက်မျိုးက အိပ်ပျော်နေစဉ် အစာချေရည်အများအပြားထွက်ခြင်း၊ရင်ခေါင်းပူခြင်းကို ကာကွယ်ပေးပါတယ်။(အိပ်ခါနီး ကော်ဖီ၊လက်ဖက်ရည် စတဲ့ကဖင်းပါသော အစားအသောက်များ မစားမိဖို့တော့ သတိပေးပါရစေ။)

၅) သက်တောင့်သက်သာရှိနိုင်မည့်အနေအထားဖြင့် အိပ်ပါ။(ပက်လက်မအိပ်တာတော့ ပိုကောင်းပါတယ်။) ဘေးစောင်းအိပ်ပါ။ကိုယ်ဝန်ဆောင်ခေါင်းအုံး ဖက်လုံးဖြင့်အိပ်ခြင်း၊ကိုယ်ဝန်လရင့်လာတဲ့အခါ လိုအပ်ပါက ဘေးစောင်းပြီး ဗိုက်အောက်တွင် ခေါင်းအုံးငယ်ခံအိပ်ခြင်း စတာတွေ လုပ်နိုင်ပါတယ်။အိပ်ခန်းအတွင်း မိမိအဆင်ပြေနိုင်သောအခန်းအပူချိန်ထားရှိခြင်း၊ မီးများအားလုံးမှိတ်၍အိပ်ခြင်း စသဖြင့် မိမိနှစ်သက်သည့် အနေအထားမျိုးထားရှိပါ။

၆) တရားမှတ်ခြင်း၊တရားထိုင်ခြင်း၊ စိတ်ထဲဘာမှမတွေးဘဲ စိတ်ဖြေလျော့ခြင်းတို့လုပ်ဆောင်ပါ။

၇) နေ့အချိန်တွင် လှုပ်လှုပ်ရှားရှားနေပါ။သို့မှသာ ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းမွန်ပြီး နှစ်ခြိုက်စွာ အပန်းဖြေအိပ်စက်နိုင်မှာ ဖြစ်ပါတယ်။

ပိုင်နီမေ