ပိန်းကြာရွက်တွင်ရေမတင်

ဟန်နီ သူငယ်ချင်းတွေကိုတော်တော်အားနာနေပြီ။ မနေ့ညကပဲချောင်းသာရောက်သည် ဒီမနက်ဟန်နီဖျားသည်။ သူငယ်ချင်းတွေက နင်နေကောင်းမှ ငါတို့လည်းလျှောက်လည်မယ်လို့ ပြောလာတော့ ပိုပြီးမျက်နှာပူမိသည်။ မနေ့က ခရီးမထွက်ခင်ခေါင်းလျှော်ပြီး ရေခြောက်အောင်မမှုတ်မိတာကို ဟန်နီနောင်တရလို့မဆုံး။ ခရီးသည်တင် expressကားကြီးရဲ့ ခိုက်ခိုက်တုန်စေတဲ့ အဲယားကွန်းအောက်မှာ တစ်ညလုံးစီးလာရတာကလည်း မဖျား ဖျားအောင်တွန်းပို့နေသလို။ အခုမှတော့ ဘာလုပ်ရတော့မှာလဲ။ စဉ်းစားရင်းငိုချင်လာသည်။

ဟန်နီ စိတ်ညစ်ညစ်နဲ့စောင်ခြုံကွေးဖို့ကြံနေတုန်း တံခါးခေါက်သံကြားလို့လူးလဲထကာ တံခါးဖွင့်လိုက်တော့ အခန်းဝမှာ ဟန်နီ့သူငယ်ချင်းမြတ်စုက ဆေးကဒ်ကလေးတစ်ကဒ်ကိုင်လို့ ရပ်လျက်။ နေမကောင်းဘူးဆိုလို့ ဆေးလာတိုက်တာတဲ့။ လက်ထဲကဆေးကဒ်ကလေးကိုကြည့်လိုက်တော့ အဝါရောင်ဆေးလုံးလေးတွေ။ စုမြတ်က ဟဲ့ ဒါ ဒီကိုဂျင်လေ ခုတစ်လုံးဖောက်သောက်လိုက်။ ခနနေရင် နင်ခုချမ်းပြီးဖျားနေတာတွေအကုန်ပျောက်သွားလိမ့်မယ် ဟုပြောတော့ သူအားတက်သရော တစ်လုံးယူသောက်လိုက်ပြီး ပြန်လှဲနေလိုက်သည်။ ဆောရီးပါ သူငယ်ချင်းတို့ရေ။ မသက်သာရင်လဲ ငါ့ကိုထားခဲ့ပြီးသွားကြတော့။ ခနတော့ပြန်အိပ်လိုက်ဦးမည်။

ခနကြာတော့ ဟန်နီအိပ်ယာမှနိုးလာသည်။ ခေါင်းထဲမှာရှင်းလင်းကြည်လင်နေပြီး အခုနကနှင့်မတူ၊ ချွေးလေးစို့ကာ ပေါ့ပါးနေသည်။ ဟန်နီမျက်နှာသစ်ပြီး ဟိုတယ်အပြင်ဘက်ကိုထွက်လိုက်တော့ ပင်လယ်ကိုဖြတ်ပြီးတိုက်လာတဲ့လေကလေးက သူ့ကိုကိုက်ခဲမှုအစား အေးမြမှုကိုသာပေးတော့သည်။ ဒီနေ့တော့ ကမ်းခြေတစ်လျှောက်လည်ရတော့မည်။ သူငယ်ချင်းတွေနဲ့လည်း မျက်နှာမပျက်ရတော့။ ဒီကိုဂျင်ရဲ့ ပိန်းကြာရွက်တွင်ရေမတင်ဆိုတဲ့ဆောင်ပုဒ်လေးလို ဟန်နီ့ရဲ့ခန္ဓာကိုယ်မှာလည်း အဖျားကင်းစင်ပြီး လန်းဆန်းလို့သွားပြီပေါ့။

Dr.စိုင်းမြတ်သူ