အိန္ဒိယပြည်၏ သားဆက်ခြားခြင်း ဇာတ်လမ်းတစ်ပုဒ်(၂)

စီမံကိန်းကြီးတစ်ခုအကောင်အထည်ဖော်ဖို့ဆိုရင် ရည်မှန်းချက်၊ ပစ်မှတ်ရှိဖို့လိုသည်။ သားဆက်ခြားစီမံချက်ကတော့
ရည်မှတ်းချက်မပါသော။ ကာယကံရှင်များ စိတ်ပါဝင်စား လာအောင် ဆွဲဆောင်စည်းရုံးရသည့် စီမံချက်တစ်ခုဖြစ်နေသည်။
ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးကိုသာသားကြောဖြတ်မည့်သူ ဘယ် လောက် များများရှာဖွေနိုင်သလဲဆိုသည့်
အရေအတွက်တစ်ခုဖြင့် သတ်မှတ်ပေးနေသည်။ လစာမရတော့မှာ၊ အလုပ်ပြုတ်သွားမှာ၊ လုပ်ငန်းခွင်ဆုကြေးကလေးမရ
လိုက်မှာ စသည့် စိုးရိမ်စိတ်များဖြင့် အလုပ်လုပ်နေကြရတာပါ။

အမှန်တော့ သားဆက်ခြားသည့် လုပ်ငန်းဆိုသည်မှာ ကာယကံရှင် မိခင်လောင်းနှင့် တိုင်ပင်ဆွေးနွေးပြီး ကာယကံရှင်
ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ရသည့် လုပ်ငန်းတစ်ခုဖြစ် ပါ သည်။ သားဆက်ခြားရေးလုပ်ငန်းမှာ သားကြောဖြတ်သည့်
နည်းလမ်းကလေးကပြန်တွေ့ ရှိနေပါရက်နှင့် အိန္ဒိယကျန်းမာရေးဌာနာက သားကြောဖြတ်နည်းလမ်းကို မခမဲ့၊ ငွေကြေးမက်
လုံးပါပေးလျက် အသုံးပြုနေခြင်းမှာ မျိုးဆက်ပြန့်ပွားနိုင်သည့်အရွယ် အမျိုးသမီးထုကို ‘တာဝန် မယူနိုင်သည့် ကလေးမွေးသူများ
‘(Irresponsible breedrs) များအဖြစ် သတ်မှတ် ထားသကဲ့ သို့ဖြစ်နေသည်ဟု ထောက်ပြဝေဖန်ကြသူများလည်း ရှိနေသည်။

အမှန်တော့ အိန္ဒိယအမျိုးသမီးထု၏ အသိဉာဏ်ကမနိမ့်ပါးပါ။ သုတေသနစစ်တမ်းမှာ ဆိုရင် အိန္ဒိယအမျိုးသမီးများအနေဖြင့်
သားသမီးအရေအတွက် နည်းနည်းသာလိုချင်ကြသော် လည်း သားဆက်ခြားသည့်နည်းလမ်းများကို မသိခြင်း၊ သိနေသော်ငြား
ထိုနည်းလမ်းများနှင့် အလှမ်းဝေးနေခြင်း စည့် ပြသနာများရှိနေကြသည်ဟု သိရသည်။ လက်တွေ့ မြေပြင်မှာတော့
အမျိုးသမီးထုအပေါ် သားဆက်ခြားနည်းလမ်းများ ချပြ၊ ရှင်းပြခြင်းမရှိ၊စဉ်းစားဆုံးဖြတ်ရွေးချယ် ခွင့်မပြုပဲသားကြောဖြတ်ဖို့ကိုသာ
အိန္ဒိယအစိုးရအနေဖြင့် တိုက်တွန်းနေလေသည်။

တရုတ်ပြည်မှာ တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒဆိုတာရှိသည်။ သားသမီး တစ်ယောက်ထက် ပိုယူခွင့်မရှိ။
အိန္ဒိယမှာတော့ ပြည်နယ် ၁၁ ပြည်နယ်မှာ အစိုးရများက တစ်အိမ်ထောင် ကလေးနှစ်ယောက်သာယူရမည့် မူဝါဒကို
တရားမဝင်ကျင့်သုံးနေကြသည်။ တရားမဝင်ဟုဆိုရခြင်းက ဗဟိုအစိုးရ၊ ကျန်းမာရေးဌာနများက ဥပဒေ၊ စည်းမျဉ်းချမှတ်ခြင်း
မရှိပါပဲလျက် ကျင့်သုံးနေကြခြင်းကိုဆိုလိုတာပါ။ ဥပမာပြရမည်ဆိုရင် သားသမီးနှစ်ဦးထက် ပို နေသော မိသားစုများကို
လူမှုဖူလုံရေး အထောက်အပံ့တွေ အလွယ်တကူမပေးတာမျိုးဖြစ် ပါသည်။

သားကြောဖြတ်နည်းလမ်းတစ်ခုတည်းကို အသုံးပြုဖို့ ဖိအားတွေပေးနေခြင်းက တခြားသောသားဆက်ခြားနည်းလမ်း
များတွင်ကျယ်လာစေမှုကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်ပါ သည်။ အမှန်တော့ အမျိုးသမီးထု၏ ပညာအရည်အသွေးမြင့်တက်
လာသည်နှင့် အမျှ၊ မိသားစုအရွယ်အစားတွေ သေးလာသည်နှင့်အမျှ လူငယ်အိမ်ထောင်သည်များအဖို့ သားကြောဖြတ်သည့်
နည်းလမ်းထက် သားဆက်ခြားနိုင်သည့် တခြားသော နည်းလမ်းများကို ပိုပြီးအသုံးပြုချင်ကြမှာပါ။ အခုကလေးမယူသေး
လည်းနောက် လေး၊ ငါးနှစ်မှာ ယူချင်ယူမည်။ သားကြောဖြတ်လိုက်သည့်အခါ သားသမီးယူဖို့ မဖြစ်နိုင်တော့။ အစိုးရ၏
နည်းလမ်းက အိမ်ထောင်ကျပြီးတာနှင့် သားသမီးမြန်မြန်ယူ၊ ဆက်တိုက်ယူ။ ပြီးတာနှင့် သားကြောဖြတ် ပစ် ဆိုတာမျိုးလို ဖြစ်နေသည်။

ယနေ့အိန္ဒိယနိုင်ငံ၏ အနေအထားက နိုင်ငံသမိုင်းတလျှောက် သားသမီးမွေးနိုင်သည့် အရွယ်ကောင်း လူငယ်ဦးရေအများ
ဆုံးဖြစ်နေသည်။ တခြားဖွံ့ဖြိုးပြီးတိုင်းပြည်များမှာသားသမီး မယူကြတော့တာ၊ သက်ကြီးရွယ်အို လူဦးရေအချိုးအဆ
ပိုများလာတာကို သတိပြုမိကြဖို့ဖြစ်ပါ သည်။ ထိုသို့သောအခြေအနေမျိုးမှာ Counselling ခေါ်သည့် သားဆက်ခြားရေးနှင့်
ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခံကြရသည်ဟု ဆိုပါသည်။ ကျန်မိခင်များကတော့ သား ဆက်ခြားဖို့ ဘာမှမသိလိုက်ပဲ
ဆေးရုံဆင်းသွားကြရတာ ဖြစ်ပါသည်။အိန္ဒိယနိုင်ငံ၏ စုစုပေါင်းမျိုးပွားနှုန်း Total fertility rate(TFR) 1991 ခုနှစ်တွင်
၃.၆ ရှိနေခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ 2.4 အထိကျဆင်းလာခဲ့သည်။ ပြည်နယ်အလိုက် TRF ကွဟချက်တော့ ရှိနေသည်။ ဥပမာ
လူဦးရေသိပ်သည်းသည့် ဘီဟာပြည်နယ်နှင့် အတ်တာပရာဒတ်ရှ်ပြည်နယ်များမှာတော့ TRF က ၃.၅ အထိရှိနေဆဲပါ။

ယနေ့အိန္ဒိယပြည်မှ အမျိုးသမီးထု၏ ၁၂%က ကိုယ်ဝန်နောက်ကျမှယူဖို့၊ သားဆက် ခြားဖို့ စိတ်ကူးရှိနေကြသော်လည်း
ထိုသားဆက်ခြားနည်းလမ်းများနှင့် အလှမ်းဝေး နေဆဲဖြစ် ပါသည်။ မြို့ပြနှင့် ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု
ကွာဟချက်ကလည်း အတော့်ကို ကြီးမားနေသည်။ အစိုးရ၏ မူဝါဒဖြစ်သော အစုအပြုံလိုက်သားကြောဖြတ် လုပ်ငန်းကြောင့်
အိမ်ထောင်သည် လူငယ်တွေခမျာကလေးတွေ မြန်မြန်ယူပြီးသားကြော တစ်ခါတည်းဖြတ် ပစ်ခံနေရသောကြောင့်
လူဦးရေပေါက်ဖွားနှုန်းကလတ်တလောအခြေအနေ မှာ ပိုပြီးမြင့် တတ် လာနေသည်။

နောက်ထက်သင်ခင်စားယူဖွယ်တစ်ခုက ပြည့်သူ့ကျန်းမာရေး စီမံချက်များချမှတ်သည့် အခါမှာ အရည်အသွေးပြည့်မီသည့်
ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းများကို အသုံးပြုနိုင် ဖို့၊ ထိုနည်းလမ်းများကို အချိန်ပြည့် စံနှုန်းတိုင်းတာနိုင်သည့်
အစီအမံများရှိနေဖို့၊ ရေတို မဟုတ်ပဲ ရေရှည်စီမံကိန်းများ၊ အစီအမံများဖြင့် ဆောင်ရွက်သွားနိုင်ကြဖို ဖြစ်ပါသည်။

Ref: India’s sterilization scandal by Dinesh C Sharma

Dr လွှမ်းမိုးဟန်