“သွေးပေါင်ကျခြင်း အကြောင်းသိကောင်းစရာ(1)”

နေမကောင်းလို့ပဲဖြစ်ဖြစ်၊ခေါင်းမူးလို့ပဲဖြစ်ဖြစ် ဆေးရုံဆေးခန်းမသွားမှီ ဒါမှမဟုတ်ဆေးရုံ ဆေးခန်း ရောက်တဲ့အချိန်မှာ အရင်ဆုံးလုပ်တာက သွေးပေါင်ချိန်တိုင်းကြတာပါ။သွေးပေါင်ချိန်လို့လူတိုင်းအလွယ်ပြောကြပေမဲ့ သွေးဖိအားနှုန်းတိုင်းတာ လို့ပြောရင် ပိုမှန်ပါလိမ့်မယ် ဘာလို့လဲဆိုတော့ သွေးဖိအားနှုန်းတိုင်းတာတဲ့ယူနစ်က mmHg(မီလီမိတာမာကျူရီ)ဖြစ်လို့ပါ။

“သွေးပေါင်ကျတယ်ဆိုတာဘာလဲ? ဘာကြောင့်သွေးပေါင်ကျတာလဲ?”

သွေးပေါင်ကျတယ်ဆိုတာ အနည်းငယ်ရှင်းပြချင်ပါတယ်။နှလုံးကညှစ်လိုက်ကတဲ့သွေးတွေကိုသွေးကြောထဲကိုတိုးဝင်စီးဆင်းသွားပါတယ်။အဲဒီလိုသွေးကြောထဲကိုတိုးဝင်စီးဆင်းသွားတဲ့အခါမှာသွေးကြောထဲကိုတိုးတဲ့သွေးကိုအပေါ်သွေးလို့ခေါ်ပါတယ်။

လူတစ်ယောက်မှာ သာမန်လူတွေသိနေကြတာကအပေါ်သွေး( 120) အောက်သွေး (80) ဆိုပုံမှန်ပဲဆိုပြီးသိကြပါတယ်။ တစ်ခါတစ်လေလဲလာမေးကြတယ်အပေါ်သွေး(110)အောက်သွေး(80)ဒါဆို သွေးတိုးပါပြီ တစ်ချို့ကလဲBp110/70mmHg ဖြစ်နေပါပြီ သွေးပေါင်ကျနေပါပြီဆိုပြီးပြောတဲ့လူတွေလဲရှိပါတယ်။အဲ့တော့ပုံမှန်ပြောရရင် လူကြီးတစ်ယောက်က အမြင့်ဆုံး အနေနဲ့ အပေါ်သွေး (140) အောက်သွေး (90) အထိအများဆုံးဖြစ်နိုင်ပါတယ်၊ ဒါကြောင့်လူကြီးတစ်ယောက်ကအမြင့်ဆုံး (140) ထက်ကျော်ရင် သွေးတိုးရောဂါကိုသတ်မှတ်လို့ပါတယ်။အနိမ့်ဆုံးအနေနဲ့ အပေါ်သွေး (90) အောက်သွေး (60) အထိ အနည်းဆုံးဖြစ်နိုင်ပါတယ်။ဒါကြောင့် 140/90 နဲ့ 90/60 အထိ ကြားထဲရှိနေရင် ပုံမှန်ပဲဆိုပြီး ယေဘုယျလို့ယူဆလို့ရပါတယ်။ ကိုယ်ဝန်ဆောင်နဲ့အားကစားသမားတွေမှာများသောအားဖြင့် သွေးဖိအားနည်းတတ်ပါတယ်။ဒီနေရာမှာပြောရရင် 140/90 ထက်များတဲ့သူကိုသွေးတိုရောဂါကိုသတ်မှတ်ပေမဲ့ 90/60 အောက်ရောက်တဲ့သူကိုရောဂါလို့မသတ်မှတ်ပါဘူး။သွေးပေါင်ကျ တဲ့ဆိုတာ ရောဂါမဟုတ်ပါဘူး လက္ခဏာရပ်ပါ။

“ဘာကြောင့်သွေးပေါင်ကျတာလဲဆိုတော့”

အိပ်ရေးပျက်ခြင်း၊ရေဓါတ်နည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ဝမ်းလျှောခြင်း၊အန်တာများခြင်း၊ချွေးထွက်များခြင်း၊ရာသီဥတုပူပြင်းခြင်း စတာတွေက သွေးပေါင်ကျစေပါတယ်။