သွေးတိုးအကြောင်း

သွေးပေါင်ချိန်တက်တိုင်း သွေးတိုးရောဂါ မဟုတ်ပေမဲ့ သွေးပေါင်ချိန် 130/80 ထက် ပိုတက်ဖူးရင်တော့ သွေးတိုးရောဂါဟုတ်မဟုတ် အမြဲစောင့်ကြည့်နေဖို့လိုပါတယ်။ ခုခေတ်မှာတော့ အိမ်မှာပဲ Digital သွေးပေါင်ချိန်စက်တွေနဲ့ အလွယ်တကူ ကိုယ့်ကိုယ်ကို စောင့်ရှောက်လို့ ရနေပါပြီ။

သွေးပေါင်ချိန်စက်ဘာအမျိုးအစားသုံးမှာလဲ?

“အမြဲတမ်း အဖြေတွေမှန်ကန်တိကျတယ်” လို့ဆရာဝန်တွေရဲ့ထောက်ခံမှု အများဆုံးရထားတဲ့ကမ္ဘာကျော် brand ကတော့ Omron ပါ (Most recommended brand by doctors)

Omron အိမ်သုံးသွေးပေါင်ချိန်စက်ဟာ ကမ္ဘာပေါ်မှာ ၂၀၀၉ သွေးပေါင်ချိန်စက် အလုံးရေသန်း ၁၀၀ကျော် ၊၂၀၁၃ မှာအလုံးရေသန်း ၁၅၀ ကျော်နဲ့ ၂၀၁၆ မှာအလုံးရေသန်း ၂၀၀ကျော် အထိရောင်းထားပြီး ကမ္ဘာ့အိမ်သုံးသွေးပေါင်ချိန်စက်ဈေးကွက်မှာ ဈေးကွက် share အများဆုံး ၊ ကမ္ဘာနံပါတ် ၁ နေရာကိုရရှိထားပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့သွေးပေါင်ချိနိစက် HEM-7600T ဘာလို့ရွေးသင့်လဲ?

Omron သွေးပေါင်ချိနိစက်အားလုံးဟာအဖြေထိကျမှန်ကန်ဖို့၊သယ်ဆောင်ရလွယ်ကူပေါ့ပါးဖို့ နှင့် တာရှည်ခံမှုကို ဦးတည်၍ ထုတ်လုပ်ထားကြသည်။ ဒီအသစ်ထုတ်လုပ်လိုက်တဲ့ HEM-7600 T မော်ဒယ်မှာတော့ စိတ်လှုပ်ရှားစရာပါဝင်မှု အသစ်တွေတွေ့ ရပါတယ်။

Omron connect App ကိုဖုန်းမှာထည့်ပြီး Bluetooth နဲ့ချိတ်ဆက်ပြီး နေ့အလိုက် ကိုယ့်ရဲ့သွေးပေါင်ချိန်မှတ်တမ်းကိုဖုန်းထဲမှာသိမ်းထားလို့ရပါတယ်။စနစ်တကျ ပြုလုပ်သိမ်းဆည်းထားပေးတဲ့ ဒီမှတ်တမ်းက ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တဲ့အခါ အရမ်းအထောက်အကူဖြစ်နေပါမယ်။ HEM-7600T မှာပါဝင်တဲ့ထူးခြားချက်ကတော့ လက်ပတ်ကိုလက်မောင်း ပတ်ပတ်လည်မှာ ဘယ်လိုပတ်ပြီးတိုင်းတိုင်း တိကျမှန်ကန်တဲ့သွေးပေါင်ချိန် အဖြေကိုထုတ်ပေးနိုင်ပါတယ်။

-ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံတွေကိုလည်း ရှာဖွေဖော်ပြပေးနိုင်ပါတယ်။

– Intelli wrap Cuff ဆိုတဲ့ လက်မောင်းအပတ်က ဘယ်လက်မောင်းမှာမဆို လွယ်ကူလျင်မြန်စွာ ဝတ်ဆင်နိုင်ပြီး လက်မောင်းအရွယ်အစား 22-42 cm အထိ အသုံးပြုနိုင်လို့ လူတိုင်းအတွက် အဆင်ပြေမယ်လို့လည်း ပြောလို့ရပါတယ်။

– Intelli sense နည်းပညာကို အသုံးပြုထားလို့ အဖြေတွေ ပိုမှန်ကန်တိကျစေပါတယ်။

Omron နဲ့တူတူ သွေးတိုးရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ..။

https://www.healthcare.omron.co.jp/zeroevents/english/2million/