ဆားဝက်ခြံ အမဲများကြောင့် စိတ်ညစ်နေရပါသလား?

မျက်နှာပေါ် အထူးသဖြင့် နှာခေါင်းနားတစ်ဝှိက်မှာ ဆားဝက်ခြံများရှိနေခြင်းဟာ
တကယ်ကို အလှပျက်စေပါတယ်။
ဆားဝက်ခြံ ဆိုတာ တကယ်တော့ မျက်နှာပေါ်ရှိ အဆီပေါက်လေးတွေကို အဆီခဲလေးများပိတ်
တာကြောင့် ဖြစ်ပေါ်လာရတာပါ။ ဆားဝက်ခြံအမဲကတော့ တချို့က ဖုန်ကြောင့်လို့ထင်ကြပေမယ့်
တကယ်ကတော့ ဒီအဆီခဲလေးတွေ လေထဲကဓာတ်တွေနဲ့ ဓာတ်ပြုပြီး မဲသွားတာပါတဲ့။
ဒါကြောင့် အဆီခဲတွေသန့်ရှင်းဖို့ဆိုရင် ပုံမှန် မျက်နှာသစ်သန့်စင်တာထက် ပိုလုပ်သင့်ပါတယ်။
????????ကာကွယ်ရန်
ဆားဝက်ခြံ မဖြစ်အောင် အရေပြားပုံမှန်ထိန်းသိမ်းသင့်ပါသည်
????အရေပြားသန့်စင်နေစေရန် ချွေးပေါက်ထိန်း( Toner) နှင့် ရေဓာတ်ဖြည့်( moisturizer)
ကို မျှတစွာသုံးပေးရပါမယ်
???? မိတ်ကပ်ကို ချွေးထွက်နေစဉ်မလိမ်းပါနှင့်။
????မိတ်ကပ်မလိမ်းခင် မျက်နှာသစ်ပါ
????ညဘက် အိပ်ခါနီးတွင် မိတ်ကပ်စင်အောင်ဖျက်ပြီးမှ အိပ်ပါ။
????အဆီအခြေခံ မိတ်ကပ်(oil based make up) မျိုး မသုံးသင့်ပါ။
????????ဖယ်ရှားရန်မှာ
ဆားဝက်ခြံ ဖယ်ရှားနိုင်တဲ့ နည်ူအမျိုးမျိုးရှိပါတယ်
???? ဆားဝက်ခြံကပ်ခွာ
အလွယ်တကူဝယ်လို့ရပါတယ်။
သတိပြုရန်မှာ
မသုံးခင် ရေစွတ်ပြီး နှာခေါင်းပေါ်ကပ်၍ မိနစ်အနည်းငယ်ကြာမှ ခွာပါ။
???? မျက်နှာကြေးချွတ်ခြင်း
ဆားဝက်ခြံမှာ ဆဲလ်သေများရှိလျှင် ဖြစ်တတ်တာကြောင့် မျက်နှာ
ကြေးချွတ်ပြီး ဆဲလ်သေ ဖယ်ရှားခြင်းကို တပတ် ၂ခါလုပ်ပါ။
???? ရေနွေးငွေ့ဖြင့်ဖယ်ရှားခြင်း
ရေဇလုံထဲသို့ရေနွေးထည့်ပြီး ခေါင်းပေါ်ကို တဘက်ဖြင့် အုပ်ထား၍
၁၀မိနစ်ခန့် မျက်နှာ ကို အပူငွေ့ပေးပါ။
အပူငွေ့က ချွေးပေါက်လေးများကို ဖွင့်ပေးပြီး ဆားဝက်ခြံလေးများပျော့လာစေတာမို့
ဂွမ်းနဲ့ အသာအယာ ဖယ်ထုတ်၍ ရနိုင်ပါတယ်။
ဒီလို ဂရုစိုက်မယ်ဆို မျက်နှာမှာ မလိုအပ်တဲ့ ဆားဝက်ခြံဆိုတာ Go away ဖြစ်လာမှာပါ။