နှာရည်ယိုခြင်း သက်သာအောင် ဘယ်လိုလုပ်ကြမလဲ ?

ဆောင်းကလည်းဝင်နေပြီ။ ညဘက်ဆို အချမ်းဓာတ်လေး လွမ်းခြုံလာပြီ။ ထို့အတူ လူအချို့မယ်လည်း ရာသီအကူးအပြောင်းဒဏ်ဖြစ်တဲ့ အအေးမိ၊တုပ်ကွေးဖြစ်လာကြပြီ…..ကိုယ်လေးကပူ၊ ချောင်းကတဟွတ်တွတ်၊ နှာရည်က တရွှဲရွှဲ…..။
နှာရည်ရွှဲတယ့် ပြသနာက အတော်ဆိုးသည်။တွေ့ကရာနေရာ နှပ်ညှစ်လို့မကောင်း။လူကြားသူကြားထဲရောက်ရင် တရှူးရှူး တရှဲရှဲနဲ့ …။မျက်နှာ ပူ၊ အနေအထိုင်ကြပ်လှသည်။

သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း နှာရည်က တတောက်တောက်ကျ….အာရုံနောက်ဖွယ်အတိပင်။
ဒါကြောင့်…စာရေးသူအနေနဲ့ နှာရည်ယိုခြင်း သက်သာစေရန် လုပ်ဆောင်နိုင်သည့်အရာလေးတွေ မျှဝေပေးလိုက်ပါသည်။

(၁)အရည်များများသောက်ပါ။
ရေများများသောက်ခြင်း၊ ကြက်ပြုတ်ရည်သောက်ခြင်း၊လက်ဖက်ရည်ပူပူ၊နို့ပူပူလေးများသောက်ခြင်းများဖြင့် နှာခေါင်းထဲမှ နှာရည်များ မြန်ဆန်စွာ ပျော်ဆင်းစေပြီး နှာရည်ယို၊နှာပိတ်ခြင်းတို့ကို သက်သာစေပါသည်။

(၂)လုံလောက်စွာအနားယူပါ။
သင့်ခန္ဓာကိုယ်ကို လုံလောက်စွာအနားပေးခြင်းကလည်း သင်ခံစားနေရသော နှာရည်ယိုခြင်းနှင့် အဖျားရောဂါများကို ပြန်လည်သက်သာစေနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

(၃)နှာခေါင်းနဲ့နဖူးကို ရေနွေးဝတ်/အိပ်ကပ်ပါ။တစ်နေ့လျှင် အကြိမ်ပေါင်းများစွာပြုလုပ်နိုင်ပါတယ်။ဤနည်းလမ်းသည်လည်းပဲ နှာရည်ယိုခြင်းကို သိသာစွာ သက်သာစေနိုင်ပါသည်။

(၄)ရေနွေးငွေ့ရှူပါ။

(၅)နှာခေါင်းအစက်ချဆေးရည်(သို့)နှာခေါင်းဖြန်းဆေးသုံးပါ။

(၆)မှန်ကန်သော သောက်ဆေးရွေးချယ်သောက်သုံးပါ။
အအေးမိဖျားနာပျောက်ဆေးများ၊ နှာစေးပျောက်ဆေးများကို သောက်သုံးနိုင်ပါသည်။
ပိုင်နီမေ