“ကလေးကျို့ထိုးရင်ဘာတွေလုပ်ကမလဲ”

ဒီကနေ့ပြောပြပေးမှာကတော့ ကလေးကျို့ထိုးရင်ဘာလုပ်ပေးကမလဲဆိုတာကိုမိခင်များအနေအဖြင့်ကျန်းမာရေးအသိပညာတိုးပွားစေပြီးမိမိတို့၏ရင်သွေးရတနာလေးကိုကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးနိုင်ရန်ရည်ရွယ်ပါသည်။ကျို့ထိုးတယ်ဆိုတာလူကြီးတွေအနေနဲ့စိမ်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ကနဦးအနေဖြင့်ကျို့ထိုးတာကလူ့ခန္ဓာကိုယ်ကရင်ခေါင်းနဲ့ဝမ်းဗိုက်ကိုခြားထားပေးသောကြွက်သား(Diaphragm)ကရုတ်တရက်တောင့်တင်းသွားပြီ အသံအိုးကိုပိတ်မိသောကြောင့်ကျို့ထိုးတဲ့အသံဖြစ်လာခြင်းဖြစ်ပါသည်။ကလေးတွေမှာကျို့ထိုးခြင်းဆိုတာအရမ်းကြီးစိုးရိမ်ရမဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ဘယ်လိုအကြောင်းအရာမျိုးကကလေးတွေကိုကျို့ထိုးစေသလဲဆိုတာကတော့

(၁)အလွန့်အကျွှံစားခြင်း

(၂)မြန်မြန်ဆန်ဆန်စားခြင်း

(၃)လေတွေခနခနမြိုချမိခြင်းတို့ကြောင့် ကျို့ထိုးခြင်းကိုဖြစ်စေတတ်ပါသည်။ကျို့ထိုးခြင်းကကလေးတွေကိုပုံမှန်အားဖြင့်တော့အန္တရာယ်မဖြစ်စေပါဘူး။
ကလေးကျို့ထိုးရင်တော့

(၁)များသောအားဖြင့်ကလေးကိုနို့တိုက်ရင်း ထမင်းကျွေးရင်းကျို့ထိုးစေသောကြောင့် နို့တိုက်ခြင်း ထမင်းကျွေးခြင်းတို့ကိုခဏရပ်ထားပြီးbreast pump ခေါ်နို့စို့ခွက်ကိုကလေးပါးစပ်မှာတပ်ပေးခြင်း

(၂)ကလေးရဲ့နောက်ကျောကိုပွတ်သပ်ပေးခြင်း

(၃)ကလေးကိုရေကိုဖြေးဖြေးချင်းတိုက်ပေးခြင်းတို့ကိုပြုလုပ်ပေးနိုင်ပါသည်။

ဘယ်အရာတွေကတော့မလုပ်သင့်သလဲဆိုတော့ ကလေးကျို့ထိုးတဲ့အခါ ကလေးကိုချီလိုက်မြောက်လိုက်လုပ်ခြင်း ကလေးကိုခုန်ခိုင်းခြင်း လျှာကိုဆွဲခြင်းတို့ကိုတော့လုံးဝမပြုလုပ်သင့်ပါဘူး။

ကလေးကျို့ထိုးခြင်းကပုံမှန်အားဖြင့်တော့အန္တရာယ်မပြုနိုင်ပါဘူး။ဒါပေမဲ့ကလေးကျို့မထိုးအောင်မိမိတို့၏ကလေးဗိုက်အရမ်းမဆာခင်ကလေးကိုအစားအစာကျွေးပေးခြင်း/ကလေးတွေကိုအစားအစာကျွေးတဲ့အခါတစ်ခါတည်းနဲ့များများကျွေးခြင်းမဟုတ်ပဲ နည်းနည်းနဲ့အကြိမ်များများကျွေးခြင်းနှင့်အစားအစာကျွေးပြီးတိုင်းကလေးကို နာရီဝက်တစ်နာရီလောက်ထိုင်ခိုင်းခြင်းတို့ကိုပြုလုပ်ပေးရပါမည်။

ကျန်းမာပျော်ရွှင်ပါစေ။
Dr Arkar