(စိတ်​သွားတိုင်း ကိုယ်​ပါနိုင်​ဖို့ရာ….)

အိမ်​​ထောင်​မှု တစ်​ခုရယ်​ ဖြစ်​လာတဲ့ အချိန်​မှာ ​ပျော်​ရွှင်​စရာ ကြည်​နူးစရာ​တွေရှာ​ဖွေဖို့ရာ …​နေ့စဉ်​ သွားလာလည်​ပတ်​မယ်​၊​ ဝါသနာ တူတာ​လေး​တွေ လုပ်​ကြမယ်​၊ ဒါ​တွေအပြင်​ အိပ်​ရာ ​ပေါ်က ကိစ္စ​လေး​တွေပါ ဖန်​တီးကြတာ​ပေါ့… ဒီလို ချစ်​ရည်​လူးပြီးကြတဲ့အခါမှာ အားအင်​ ကုန်​ခမ်းတာမျိုး​တွေ ရှိတတ်​တာမို့ ပြန်​လည်​ဖြည့်​တင်းဖို့ရာ နည်းလမ်း​လေး​​တွေ ​ပြောပြချင်​ပါတယ်​…

သာမန်​ လိင်​မှုကိစ္စပြုလုပ်​ကြခြင်းဟာ အားအင်​အများကြီး မကုန်​ခမ်းနိုင်​သလို စိတ်​​ကျေနပ်​မှုကိုလဲ ဖြစ်​​စေပါတယ်​ …အကယ်​၍ အားအင်​ ကုန်​ခမ်းသွားပါကလည်း ပုံမှန်​​စား​သောက်​ခြင်းဖြင့်​ အားအင်​ ပြန်​ပြည့်​​စေနိုင်​ပါတယ်​ …

သို့​သော်​ မိမိကို ပိုမိုအား​ကောင်း​စေတဲ့ အစားအ​သောက်​​လေး​တွေလည်း ရှိပါတယ်​..

  • ​ကော်​ဖီ၊ green tea ၊ ဝိုင်​နီ စတာ​တွေဟာ စိတ်​ကို ပိုမို အားသန်​​စေပါတယ်​…
  • ဟင်းနုနွယ်​ရွက်​၊ ဂျင်း ၊ ကြက်​သွန်​ဖြူ ၊ ငရုပ်​​ကောင်း၊ငရုပ်​ပွ ၊ အာလူးစတဲ့ ​နေ့စဉ်​ဟင်းလျာ​ထဲတွင်​ အသုံးပြု​နေကျ အသီးအရွက်​တွေမှာ အား​ကောင်း​စေ​သော အာနိသင်​​တွေ ပါပါသတဲ့..
  • ငှက်​​ပျောသီး ၊ ဖရဲသီး ၊​ထောပတ်​သီး၊ ၊သလဲသီး၊ ဘယ်​ရီသီး​တွေနဲ့ ဗိုက်​တာမင်​ စီ ကြွယ်​ဝတဲ့ အသီးအနှံ​​တွေဟာဆိုရင်​လဲ အကျိုးထူး​စေပါတယ်​..
  • ​ချောကလက်​နက်​(dark chocalate) ဟာဆိုရင်​လည်း စိတ်​ပင်​ပန်းမှုကို ​လျော့ကျ​စေပြီး ​သွေးလည်​ပတ်​မှုအား ​ကောင်း​စေတဲ့အပြင်​ ဆန္ဒ ပိုမိုပြီး​မြောက်​ရန်​ အသုံးဝင်ပါတယ်​…
  • ကြက်​ဥ ဟာဆိုရင်​လည်း အား​ကောင်း​စေတယ်​.. စိတ်​ပင်​ပန်းမှုကို ​လျော့ကြ​စေသလို တခြား​သောကျန်းမာ​ရေးအတွက်​လဲ ​ကောင်းမွန်​​စေတာမို့ စားသုံးသင့်​တာ​ပေါ့…
  • ပုဇွန်​၊ ဂဏန်း၊ ​ကမာ​ကောင်​ ​အစရှိတဲ့ ပင်​လယ်​စာ​တွေမှာလဲ ဆီရိုတိုနင်​ဆိုတဲ့ ဓာတ်​ကို ပိုအား​ကောင်း​စေပြီး စိတ်​ကို ပိုမိုလှုံ့​ဆော်​​ပေးနိုင်​ပါတယ်​…

ထို့ပြင်​ ခံတွင်းကျန်းမာ​ရေးအတွက်​​ကောင်း​စေသလို အနံ့အသက်​လဲ ​ပျောက်​လွယ်​​စေတဲ့ ” ပန်းသီး” ​​ကို စားလိုက်​ရင်​ ပိုသင့်​​တော်​ပါတယ်​…

ဒီလို အစားအ​သောက်​​တွေ အပြင်​ မိမိရဲ့ စိတ်​ကို ပိုမို​ကောင်းမွန်​​စေဖို့ရန်​ …

sport drinks ​​သောက်​လို့ရပါတယ်

  • sport drink ဟာဆိုရင်​ ဆုံးရှုံးသွားတဲ့ ​ရေဓာတ်​၊ electrolyte ဓာတ်​နဲ့ အားအင်​​တွေကို ပြန်​လည်​​ဖြည့်​တင်း​ပေးနိုင်​ပါတယ်​ …

အနား​ပေးပါ..

ကုန်​ဆုံးသွားခဲ့တဲ့ အားအင်​တွေကို ပြန်လည်​ဖြည့်​တင်းဖို့ လုံ​လောက်​တဲ့ အနားယူမှုရှိပါ​စေ…

တီးတိုးစကား​ပြောပါ..

မိမိစိတ်​ခံစားမှု​တွေကို မိမိချစ်​သူအား ရင်​ဖွင့်​မယ်​၊ တီးတိုး​ပြောမယ်​ …. ဒီလိုအားဖြင့်​ စိတ်ပင်​ပန်းမှုလဲ ​ပြေ​ပျောက်​​စေသလို နှစ်​ကိုယ်​ကြား ရင်းနှီးမှုလဲ ပိုရ​စေပါတယ်​…

လေ့ကျင့်​ခန်း ပုံမှန်​လုပ်​ပါ

သက်​လုံ​ကောင်း​စေတဲ့အပြင်​ မိမိကိုယ်​ကို ပိုမို ယုံကြည်​မှုရှိ​စေပြီး စိတ်​ကိုလဲ ပိုမိုလှုံ့ ဆော်​​ပေးနိုင်​ပါတယ်​…

ဒီလိုအားဖြင့်​ ​ပျော်​ရွှင်​ဖွယ်​ အိမ်​​ထောင်​​ရေးသုခကို ခံစားနိုင်​ပြီး အချစ်​​တွေ တိုးပွားနိုင်​မယ်​လို့ အကြံပြုလျက်​….

#ပိုင်​နီ​မောင်