သွေးလွန်​တုပ်​​ကွေး​ရောဂါ ကာကွယ်​ပါ

သွေးလွန်​တုပ်​​ကွေး ​ရောဂါသည်​ ​အေးဒီးစ်​ခြင်​ကျား မှတစ်​ဆင့်​ ကူးစက်​​သော ဗိုင်းရပ်​စ်​​ရောဂါ တစ်​မျိုးဖြစ်​ပါသည်​။

ရောဂါလက္ခဏာများမှာ

-ကိုယ်​ပူကြီးခြင်း

-အနီစက်​များ ထွက်​ခြင်း

-နှာ​စေးခြင်း

-မျက်​နှာနီရဲခြင်း

-​ခေါင်းကိုက်​ခြင်း

-အသားများ နာကျဉ်​ခြင်းတို့ ဖြစ်​ပါသည်

ပုံမှန်​အားဖြင့်​ စတင်​ဖျားသည်​မှ ၃ရက်​အထိ ကိုယ်​ပူမကျပဲ တရိပိရိပ်​ တက်လာက အဖျား 101-102°Fထိ တက်​လာနိုင်​သည်​။ က​လေးမှာ က​ယောင်​ကတမ်း ပြောခြင်း၊ သတိလစ်​ခြင်းများ ဖြစ်​လာနိုင်​ပါသည်​။

ထို့ပြင်​ အနီစက်​များ​ပေါ်ရုံမကပဲ အ​ရေပြား​အောက်​တွင်​ ​သွေးခြည်​ဥများ ထွက်​ခြင်း၊ ​အန်​ရာ၌ ​သွေးပါခြင်း၊ ​ကော်​ဖီ​အနှစ်​​ရောင်​များ ပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်းမှသည်​ ဆိုးရွား​သော အဆင့်​မျိုးတွင်​ ​သွေးလွန်​၍ သတိလစ်​​သေဆုံးသည်​အထိ ဖြစ်​နိုင်​ပါသည်

သို့ဖြစ်​ပါ၍ ​အောက်​​ဖော်​ပြပါအတိုင်း ကာကွယ်​ကြရန်​ လိုအပ်​ပါသည်

ဖုံး – ​ရေစည်​​ရေအိုးများကို ဖုံးအုပ်​ထားပါ

သွန်​ – ​​ရေစည်​​ရေအိုးများအတွင်းမှ သို​လှောင်​​ရေများကို မကြာခဏ သွန်​​ပေးပါ

ခပ်​ – ပိုး​လောက်​လန်းများကို ခပ်​ပစ်​ပါ

စစ်​ – ​ရေကို စစ်​၍​သောက်​ပါ

လောင်း – ​ကြောင်​အိမ်​​အောက်​ခံခွက်​များအား ​ရေနံဆီလောင်းပါ

ထောင်​ – ​နေ့လည်​​နေ့ခင်းအိပ်​လျှင်​ ခြင်​​ထောင်​​ထောင်​အိပ်​ပါ

လဲ – ဘုရားပန်းအိုး၊ ​သောက်​​တော်​​ရေများကို သွန်​လဲ​ပေးပါ

ဖွင့်​ – အလင်း​ရောင်​ရ​စေရန်​ ပြတင်းတံခါးများ ဖွင့်​ထားပါ

မြှုပ်​ – မိုး​ရေတင်​နိုင်​​သော တာယာစုတ်​ အိုးခြမ်းပဲ့များကို ​မြေမြှုပ်​ပါ

ရှင်း – ချုံနွယ်​ပိတ်​​ပေါင်းများကို ရှင်းလင်းပါ

မှုတ်​ – ​ဆေးဖြန်း​ဆေးမှုတ်​အဖွဲ့၏ အကူအညီကို ယူပါ