မိတ်ကပ်မပါဘဲ သဘာဝအတိုင်း လှပကြမယ်။

ဒါ အမျိုးသမီးတိုင်းနီးပါးရဲ့ အိမ်မက်ဖြစ်ပါလိမ့်မယ်။တခါတခါ
မိတ်ကပ်လိမ်းရခြင်းကို ငြီးငွေ့လာပြီး သဘာဝအတိုင်းလှပသော
အချိန်ကို ပိုင်ဆိုင်လိုကြပါသည်။
ဒီလိုပိုင်ဆိုင်ဖို့အတွက် အဆင့်အနည်းငယ်သာလုပ်ဆောင်ဖို့လိုမယ်ဆို
မအံ့ဩပါနဲ့။ ဒါတကယ်လက်တွေ့ပါ။
၁) မိုးလင်းတာနှင့် ဗီတာမင်စီ ပူပူလေးတစ်ခွက်ကိုသောက်ပါ။
နေ့တစ်နေ့အစမှာ သံပရာသီးကို ရေနွေးပူလေးထဲစိမ်သောက်ရုံနှင့်
လိုအပ်တဲ့ ဗီတာမင်စီ ပြည့်ဝစွာရရှိနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပြီး.
အသားရေ တင်းပြီး ဝင်းပစိုပြေစေပါသည်။ တနေ့လုံး တင်းတင်းလေးနဲ့
လှနေစေမှာပါ။
၂) Alcohol free toner သုံးပါ။
မျက်နှာသစ်ပြီးသည်နှင့် Alcoholမပါသော တိုနာလိမ်းပေးခြင်းသည်
အရေပြား ချွေးပေါက်ထိန်းညှိပေးပြီး အသားညီစေပါသည်
၃) နောက်တစ်ဆင့်အနေနှင့် နေရောင်ကာပါသောအစိုဓာတ်ဖြည့်ခရမ်လိမ်းပါ။
အရေပြားဆက်လက်စိုပြည်ဖို့ SPF နေရောင်ကာပါသော ခရမ် က်ု make up
Foundationအစားလိမ်းပေးခြင်းဖြင့် သဘာဝအတိုင်းလှနိုင်သလို အရေပြားထိန်းသိမ်း
ပြီးသားဖြစ်စေပါတယ်။ ဒါကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ ပြောနိုင်ပါတယ်။
၎) မျက်နှာ ကြေးချွတ်ခြင်း တစ်ပတ် ၂ကြိမ်လုပ်ပါ။
ဆဲလ်သေများရှိသောမျက်နှာသည် မဝင်းပနိုင်ဘဲ ညစ်နွမ်းနေတတ်သည်။
ဒါကြောင့် ကြေးချွတ်ပြီး တစ်မိနစ်ခန့် နှိပ်နယ်ပေးပါက သွေးလည်ပတ်မှုကောင်းစေပါသည်။
၅) မလိုအပ်ဘဲ မျက်နှာကိုလက်နှင့်မထိပါနှင့်။
မျက်နှာကို လက်နှင့် ခဏခဏ ထိကိုင်ခြင်းဟာ ပိုးမွားများဝင်ရောက်ပြီး ဝက်ခြံပေါက်စေပါသည်။
ဝက်ခြံရှိပါကလည်း လက်နှင့်ထိတွေ့၍ အမာရွက်ကျန်စေပါသည်၊ဒါကြောင့် လက်နှင့် မျက်နှာကိုင်သော
အကျင့်ကိုဖျောက်သင့်ပါသည်။
အမျိုးသမီးတိုင်း ကျန်းမာလှပသော အသားအရေပိုင်ဆိုင်ကြပါစေ ဆုတောင်းလျှက်