က​လေး ဓာတ်​မတည့်​တာ မဖြစ်​​ရေး ဘယ်​လို ​ကျွေးမလဲ?

က​လေးများတွင်​ ၆လ​ကျော်​လာလျှင်​ အစားအစာ​ရွေးရန်​ အခက်​အခဲ အနည်းနှင့်​အများ ဖြစ်​တတ်​ပါသည်​။ ​အောက်​ပါအတိုင်း တိုက်​ဆိုင်​စစ်​​ဆေးကြည့်​ပါ။

၁။ အချို့က​လေးများတွင်​ Lactose သကြားဓာတ်​ကို ​ချေဖျက်​နိုင်​စွမ်းမရှိသဖြင့်​ Lactose ပါ​သော နို့မှုန့်​များတိုက်​ပါက မတည့်​တတ်​ပါ။ ထို့​သို့ မကြာခဏ ဝမ်းပျက်​တတ်​​သော က​လေးများကို မိခင်​နို့ တစ်​မျိုးတည်းသာ ၆လအထိ တိုက်​​ကျွေးသင့်​ပါသည်​။ အနည်းဆုံး lactose မပါ​သော နို့မှုန့်​ကို ​ရွေးခြယ်​ရပါသည်​။ အသက်​ ၆လ​ကျော်​မှ ဖြည့်​စွက်​စာ ​ကျွေးရပါသည်​။

၂။ က​လေး၌ ယားနာဖြစ်​ပွားတတ်​ပါသလား?
ဓာတ်​မတည့်​တတ်​​သော က​လေးများသည်​ ယားနာ ဖြစ်​တတ်​ပါသည်​။ ထို့​ကြောင့်​ က​လေး၌ ယားနာ ဖြစ်​တတ်​ပါက အစားအ​သောက်​ ​ကျွေး​မွေးရာတွင်​လည်း သတိထားရန်​ လိုအပ်​ပါသည်​။

၃။ က​လေး အစားဓာတ်​မတည့်​ခြင်းကား မျိုးရိုးလိုက်​တတ်​သည်​ဖြစ်​ရာ မိဘများတွင်​ ဓာတ်​မတည့်​​သောအစာ ရှိပါက က​လေးလည်​ ဓာတ်​မတည့်​ ဖြစ်​တတ်​ပါသည်​။

၎။ က​လေး၌ ဓာတ်​မတည့်​​သော အစာရှိပါက မိဘများမှ သတိဖြင့်​ နည်းနည်းစီ စမ်းစမ်း ​ကျွေးကြည့်​ရပါသည်​။ သို့မှသာ က​လေးငယ်​၌ ဓာတ်​မတည့်​ခြင်း ယဉ်​ပါးသက်​သာလာပါသည်​။ သို့​သော်​လည်း အန္တရာယ်​ ဖြစ်​​လောက်​သည်​အထိ မ​ကျွေးသင့်​ပါ။

၅။ အိမ်​လုပ်​ အာဟာရများ နှင့်​ အာဟာရမှုန့်​များကား ဓာတ်​မတည့်​ခြင်း ရှားပါးလှပါသည်​။

#ဒေါက်တာယမင်း(ဆေး ၁)