ခါးနာရင်​ သုံးတဲ့ ခါးစည်း​လေး​တွေဟာ ခါးနာသက်​သာဖို့အပြင်​ ဘယ်​လို အကျိုးရှိ​စေပါသလဲ?

၁။ သင့်​ခါးကို ပုံစံ မှန်​သွား​စေပါတယ်​။

ခါးနာတာ​တွေဟာယပုံစံ မမှန်​တာက စတာပါ။ ခါးစည်းနဲ့ ပတ်​ထားပြိး ပုံစံ အမှန်​မှာ ရှိ​စေခြင်းဖြင့်​ သင့်​ခါးနာတာကို သက်​သာ​စေပါတယ်​။

၂။ သင့်​ဒူးနာတာကိုလည်း သက်​သာ​စေပါတယ်

များ​သောအားဖြင့်​ ခါးနာ​နေသူ အများစုဟာ ဒူးမှာ ကိုယ်​အ​လေးချိန်​ ပိုသက်​​ရောက်​ပါတယ်​။ ခါးပုံစံ မမှန်​ရင်​ ဒူးကိုလည်း ဒဏ်​ဖြစ်​​စေပါတယ်​။

၃။ ​ခေါင်းကိုက်​ ဇက်​​ကြောတက်​တာပါ သက်​သာပါတယ်

ခါးကြီးကိုင်း​နေ​တော့ ဇက်​လန်​​နေ​စေပါတယ်​။ ခါးကို ​နေရာမှန်​ထားလိုက်​ခြင်းဖြင့်​ သူ ထမ်းထားတဲ့ လည်​ပင်းအဆစ်​​တွေပါ ဒဏ်​သက်​​ရောက်​မှု ​လျော့ကျ​စေပါတယ်​။

၎။ ​ခြေဖ​နောင့်​ ​အောင့်​တာ သက်​သာပါတယ်

ခါးကုန်း​နေချိန်​မှာ လူရဲ့ ဆွဲအားဗဟိုဟာ ​ခြေဖ​နောင့်​က ထိန်း​နေရတဲ့အတွက်​ ခါးနာတာ၊ ခါးပုံစံမမှန်​တာ ကြာလာရင်​ ​ခြေဖ​နောင့်​ပါ ထိခိုက်​လာရပါတယ်​။ ခါးစည်း စည်း​လိုက်​တဲ့အတွက်​ လူရဲ့ ဆွဲအားဗဟိုဟာ ​နေရာမှန်​ဖြစ်​တဲ့ ချက်​တိုင်​​နေရာကို ပြန်​​ရောက်​လာတာ​ကြောင့်​ ​ခြေ​ဖ​နောင့်​ နာတာလည်း သက်​သာ​စေပါတယ်​။

ဒါ​ကြောင့်​ ခါးနာ​နေပြီဆိုရင်​ ဒူး၊ လည်​ပင်းရိုး နဲ့ ​ခြေဖ​နောင့်​​တွေပါ ထိခိုက်​လာနိုင်​တာမို့ ခါးစည်း​​လေး စည်းထားဖို့ သင့်​ပါတယ်