သင့်ကလေးမှာ အကြားအာရုံချွတ်ယွင်းမှူရှိနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

သင့်ကလေးရဲ့ အကြားစွမ်းရည်ဟာ သူ့သင်ယူနိုင်မှူအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်..။ ဆရာဝန်တွေ… ကျွမ်းကျင်သူတွေ စက်နဲ့ စမ်းသပ်ပေးခြင်း( hearing screening) ကနေ… သင့်ကလေးအကြားအာရုံပုံမှန်ဟုတ်မဟုတ် သိနိုင်သလို …. ကလေးကိုစောင့်ရှောက်သူ ဒါမှမဟုတ် ကလေးမိဘတွေကလည်း အကြားအာရုံ ပုံမှန်ရှိမရှိ ရိပ်မိသိစေနိုင်တဲ့ လက္ခဏာတွေရှိပါတယ်..။

ကလေးတစ်ယောက် အကြားအာရုံပုံမှန်မဟုတ်ဘူးဆိုတာ ပြသတဲ့ လက္ခဏာတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူကွဲပြားနိုင်သလို ဘယ်လောက်ထိ နားမကြားသလဲ ဆိုတဲ့ အခြေအနေအတိုင်းအတာတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်ကွာခြားနိုင်ပါတယ်…။
ဒါပေမယ့် အောကက်မှာဖော်ပြမယ့် လက္ခဏာတွေထဲက တစ်ခုခုရှိနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့လိုအပ်ပါလိမ့်မယ်..။

မွေးကင်းစမှ အသက်သုံးလအထိ

  • ရုတ်တရက် ကျယ်လောင်တဲ့အသံကြားရင် လန့်မသွားခြင်း
  • သီချင်းသံ..စကားပြောသံ စတဲ့အသံတွေကို တုန့်ပြန်မှူမရှိခြင်း
  • နူးညံ့တိုးသောအသံတွေနဲ့ ချော့မြှူလို့မရခြင်း
  • အသံကျယ်ကျယ်ကြားပေမယ့် မနိုးဘဲ ဆက်အိပ်နေခြင်း
  • အသက်နှစ်လအရွယ်မှာ “အိုး” “ အဲ့” စတဲ့ အသံမထွက်ခြင်း
  • အသက်နှစ်လအရွယ်မှာ ရင်းနှီးတဲ့အသံတွေ (ဥပမာ မိခင်အသံ) တွေနဲ့ ချော့မြှူရင် ငြိမ်မသွားခြင်း

အသက်လေးလကနေ ရှစ်လအထိ

  • အသံလာရာကို ကလေးရဲ့ခေါင်းလှည့်မလာခြင်း ဒါမှမဟုတ် လှည့်မကြည့်ခြင်း
  • ကလေးတိတ်တဆိတ်ငြိမါသက်နေတဲ့အချိန်မှာ ဆူညံသံ ဒါမှမဟုတ် အသံတစ်ခုခုပေးရင် မျက်နှာအပြောင်းအလဲမရှိခြင်း
  • ဂျောက်ဂျက်.. ပိပိ… စတဲ့ ညှစ်ရင် လှူပ်ရင်အသံမြည်တဲ့ ကစားစရာများကို ကစားရတာပျော်ရွှင်စိတ်ဝင်စားပုံမရခြင်း
  • အသက်ခြောက်လအရွယ်ရောက်သည့်တိုင် အသံစထွက်တာမရှိခြင်း
  • ကလေးကိုစကားပြောတဲ့အခါ လှည့်မကြည့်ခြင်း
  • တုန်ခါမှူပါတဲ့အသံမျိုး (ဥပမာ Ph သံ) လိုမျိုးကိုသာ အာရုံစိုက်ပြီး အသံသက်သက်ဆိုရင် အာရုံစိုက်မှူမရှိခြင်း

ကိုးလမှ တစ်နှစ်အထိ

  • နာမည်ခေါ်ရင် တုန့်ပြန်မှူမရှိခြင်း
  • ဘူးမှူတ်တဲ့အခါ အသံနေအသံထား အနိမ့်အမြင့်ပြောင်းလဲမှူမရှိခြင်း
  • သီချင်းသံကို တုန့်ပြန်မှူ စိတ်ဝင်စားမှူမရှိခြင်း
  • အသက်တစ်နှစ်အရွယ်တွင် မေမေ ဖေဖေ စသည့်နှစ်လုံးတွဲစကားများ မပြောခြင်း
  • အသုံးများသောစကားလုံးများ.. ဥပမာ တာ့တာ .. ကို နားမလည်ခြင်း

စတာတွေရှိနိုင်ပါတယ်..။

ဒီလိုမျိုး ကြုံတွေ့ရပြီဆိုရင်တော့ သင့်ကလေးငယ်မှာ တကယ်ပဲအကြားအာရုံချွတ်ယွင်းမှူရှိမရှိကို သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီး သေချာစစ်ဆေးသင့်ပြီ ဖြစ်ပါတယ်….။

မေတ္တာဖြင့်

ဒေါက်တာ စိမ်းမိုးစက်

https://www.babycenter.com/0_warning-signs-of-a-hearing-problem-in-a-baby_6748.bc