“အ​အေး လား ? အပူ လား ?”

“သင်​ဟာ တစ်​ခုခုနဲ့ ထိခိုက်​မိလို့ ​ဒဏ်​ရာ ရလာရင်​ သက်​သာ​အောင်​ ​ရေခဲအိတ်​ အုပ်​မှာလား (သို့) ​ရေ​နွေးအိတ်​ ကပ်​မှာလား”

ဒါဆိုရင်​​တော့ ဒီလို အကြံပြုပါရ​စေ ☺

“​ရေခဲအိတ်​(အ​အေး)ကို သုံးသင့်​​(သို့) မသုံးသင့်​သော ထိခိုက်​ဒဏ်​ရာများ”

– အသားစ​များ ထိခိုက်​ခြင်း၊ ပြတ်​ရှခြင်း(ဥပမာ – ဓားရှခြင်း)တို့မှာ ဒဏ်​ရာကို အ​ယောင်​သက်​သာ​စေရန်​ ​ရေခဲအုပ်​နိုင်​ပါတယ်

– အဆစ်​​ယောင်​ခြင်း၊ကြွက်​သားများဖူး​ယောင်​ခြင်း၊အပူ​လောင်​ခြင်း အစရှိတာ​တွေမှာလည်း ​ရေခဲအုပ်​​ပေးနိုင်​ပါသည်

– အကယ်​၍ သင်​ဟာ ချမ်းတုန်​ဖျား​​နေပါက(သို့) အ​အေးမိဖျား​နေလျှင်​ အ​နွေးဓာတ်​ရရှိ​စေရန်​ ​ရေခဲအိတ်​မအုပ်​သင့်​ပါ ..

– ​ရေခဲအုပ်​ရာတွင်​ တစ်​ခါလျှင်​ မိနစ်​ ၂၀ ခန့်​ အုပ်​နိုင်​ပြီး တ​နေ့လျှင်​ အကြိမ်​များစွာ အသုံးပြုနိုင်​ပါသည်​။တစ်​ခါ အသုံးပြုပီးပါက မိနစ်​ ၂၀ ခန့်​ ခြား၍ ​​​နောက်​တစ်​ကြိမ်​အသုံးပြုသင့်​ပါသည်​။

“​ရေ​နွေးအိတ်​(အပူ)ကို သုံးသင့်​​(သို့) မသုံးသင့်​သော ထိခိုက်​ဒဏ်​ရာများ”

-အာရုံ​ကြောနဲ့ ကြွက်​သားများကို ​ပျော့​ပြောင်း​စေရန်​ အပူကိုအသုံးပြုနိုင်​ပါသည်

– ကြွက်​သားများ​တောင့်​တင်းခြင်း၊အ​ကြောဆွဲခြင်း အစရှိတာ​တွေမှာဒဏ်​ရာရ​သော​နေရာ​ပေါ်တွင်​ အပူကို အသုံးပြုနိုင်​ပါသည်

– သင့်​၏ ခန္ဓာကိုယ်​ပူချိန်​ကို ​လျော့ချချ​င်​ပါက(သို့) ​ချွေးထွက်​​နေပါက အပူကို အသုံးမပြုသင့်​ပါ

– အပူကိုလဲ သင်​ခံစားရ​သော ဒဏ်​ရာ မ​ပျောက်​​သေးပါက မကြာခဏ အသုံးပြုခြင်းအားဖြင့်​ ​ဝေဒနာ သက်​သာ​စေနိုင်​ပါသည်​ ။

ပိုင်နီမောင်