အရက်​၏ ဆိုးကျိုးများ

အရက်​ကို အလွန်​အကျွံ​သောက်​ရင်​ ​အောက်​ပါ ဆိုးကျိုးများ ဖြစ်​​ပေါ်နိုင်​တယ်​​နော်

၁။ ဦး​နှောက်​နှင့်​ အာရုံ​ကြော ​ဝေဒနာများ

အရက်​ကို စွဲ​သောက်​တဲ့ သူ​တွေဟာ အာရုံ​ကြောများ ပျက်​စီး၍ ထုံကျဉ်​ခြင်း၊ ဦး​နှောက်​ငယ်​ ယိုယွင်းခြင်း(Cerebellar degeneration)၊ ဦး​နှောက်​ ​သွေးယိုခြင်း၊ ၊သတိ​မေ့​လျော့ခြင်း၊ မှတ်​ဉာဏ်​ ဆုံးရှုံးခြင်း​တွေ ခံစားရနိုင်​ပါတယ်

၂။ အသည်းထိခိုက်​ခြင်း

အရက်​​သောက်​ရင်​ အသည်းအဆီဖုံးတာက စလို့ အသည်း​ခြောက်၊ အသည်းကင်​ဆာထိ ဖြစ်​တတ်​ပါတယ်

၃။ အစာအိမ်​နဲ့ အူလမ်း​ကြောင်း

အရက်​​သောက်​သူ​တွေဟာ အစာအိမ်​​ရောဂါ၊ ပန်​ကရိယ​ယောင်​တာ၊ အာဟာရမပြည့်​တာ​တွေ အပြင်​ အစာ​ရေမျိုကင်​ဆာနဲ့ ​သွေး​ကြောထုံး​ပေါက်​ပြီး ​သွေးအန်​တဲ့ ဆိုးရွားတဲ့ အ​ခြေအ​နေထိ ကြုံရနိုင်​ပါတယ်​။

၎။ နှလုံးလမ်း​ကြောင်းမှာ အရက်​ခံ​နေတယ်

အရက်​​သောက်​သူရဲ့ နှလုံးဟာ ​သွေးတိုးဒဏ်​ ခံရတဲ့အပြင်​ ကြွက်​သား​တွေ ပျက်​စီးပြီး စွမ်း​ဆောင်​ရည်​ ကျဆင်းပါတယ်​။

၅။ ​မေ​မေ​သောက်​ သားသားမူး

အရက်​​သောက်​တတ်​တဲ့ မိခင်​​တွေက ​မွေးလာတဲ့ က​လေး​တွေဟာ ဉာဏ်​ရည်​ မဖွံ့ဖြိုးတာ၊ အဆုတ်​မ​ကောင်းတာ၊ မှိန်းတာ​တွေ ဖြစ်​တတ်​ပါတယ်​။

၆။ စိတ်​ပိုင်းဆိုင်​ရာ

စိတ်​ညစ်​လို့ အရက်​​သောက်​တယ်​ တဲ့။ အရက်​​သောက်​​တော့ စိတ်​ကျပါတယ်​။ စိတ်​ကျ​ရောဂါအပြင်​ အရက်​​ကြောင်​လည်း ​ကြောင်​တတ်​ပါတယ်​။ မှတ်​ဉာဏ်​​တွေလည်း ထိခိုက်​လာမှာ ​အ​သေအချာပါပဲ။