က​လေး​တွေမှာ ​တွေ့ရတတ်​တဲ့ လျှာနာ ခွာနာ

“ဟာ.. ​ကျော်​ကြီး..သူငယ်​ချင်း​. မ​တွေ့တာ​တောင်​ ​အ​တော်​ကြာ​ပေါ့လား..”

” State ​ကျောင်းတုန်းက ခင်​ခဲ့တဲ့ သူငယ်​ချင်းကို shopping centre တစ်​ခုမှာ ​တွေ့လို့ ​လှမ်း​ခေါ်လိုက်​ခြင်းရယ်​ပါ “….

“ဟုတ်​ပကွာ… သူ့အ​​မေကလည်း က​လေးတစ်​ဖက်​နဲ့ မအား ငါကလဲ အလုပ်နဲ့ဆို​တော့ ခုတ​လော အပြင်​မထွက်​ဖြစ်​ဖူး… က​လေးကလဲ ​မူကြိုအရွယ်​​ရောက်​​နေပြီ​တော့ .. ​မျောက်​ရှုံး​ဟေ့…”

“တ​လောကလည်း ​နေမ​ကောင်းပဲ တစ်​ဂျီဂျီနဲ့ ဖျားလိုက်​.. လည်​​ချောင်း​နာပြီး အစာမစားနဲ့ .. လက်​​ဖဝါး​​ခြေဖဝါး​တွေမှာ အနီစက်​​လေး​တွေ​ပေါ်လို့ ​ဆေးခန်းပြရလိုက်​ရ​သေးတယ်​… ​တ​နေ့ကမှ ​နေပြန်​​ကောင်း ကစားကွင်းပို့​ပေးပါ ဂျီကျလို့ ထွက်​လာတာ​ပဲ…”

“​ဟေ… ဟုတ်​လား.. ဒီလို ​မူကြိုအရွယ်​ က​လေးငယ်​ငယ်​​တေ်​မှာ ဒါမျိုးက​တော့ ဖြစ်​တတ်​ပါတယ်​… မင်း​ပြောပုံအရဆိုရင်​​တော့.. ” လျှာနာ ခွာနာ”ဆိုတာမျိုး ဖြစ်​လိမ့်​မယ်​.. ဟို တိရိစ္ဆာန်​ ​တွေဖြစ်​တဲ့ လျှာနာ ခွာနာမျိုး​တော့ မဟုတ်ဖူး​ပေါ့ကွာ…”

“သူက က​လေး​တွေမှာအဖြစ်​များတယ်​.. အသက်​ ဆယ်​နှစ်​​အောက်​က​လေး​တွေမှာ ဖြစ်​တယ်​..များ​သောအားဖြင့်​ ငါးနှစ်​​အောက်​ဆို ပိုဖြစ်​တာ​ပေါ့..လူကြီး​တွေမှာ​တော့ ဒီပိုးဝင်​ခဲ့ရင်​​တောင်​ ကိုယ်​ခံအား​ကောင်း​တော့ ​တော်​ရုံ ​ရောဂါလက္ခဏာမပြပဲ ပြန်​​ပျောက်​သွားတတ်​တယ်​”

” မင်း​ပြောတဲ့ လက္ခဏာ​လေး​တွေကို နား​ထောင်​ကြည့်​ခြင်းအားဖြင့်​ အဲ့ဒါ​ ဖြစ်​နိုင်​ပါတယ်​”

“​​အေးကွာ.. ဟုတ်​မှာပါ.. ဒါနဲ့ အချိန်​ရရင်​ မုန့်​​လေးစားသွားပါဦးဟ”

မ​တွေ့တာကြာတာနဲ့ သူငယ်​ချင်းမိသားစုနဲ့ ဆိုင်​လိုက်​ထိုင်​ရင်းး….

“ဒါနဲ့ သူငယ်​ချင်း ခုနက စကားဆက်​ပါဦး.. အဲ့လို ​ရောဂါ​တွေက ဘယ်​လို​တွေ​ကြောင့်​ ဖြစ်​တာလဲ..”

“​အော်​.. ​အေး .. အဓိကက​တော့ တစ်​ကိုယ်​​ရေ သန်​ရှင်းမှု​ပေါ့ကွာ…လူတစ်​​ယောက်​က​နေ တစ်​​ယောက်​ကို ကူးတတ်​တယ်​… coxsackie လို့ ​ခေါ်တဲ့virus ​ကြောင့်​ အဖြစ်​များတာ​ပေါ့..

ပြောခဲ့သလို က​လေး​တွေမှာ

– ဖျားခြင်း

– လည်​​ချောင်း နာခြင်း

– ဂျီကျခြင်း

-​ ​ခြေလက်​ဖဝါး​တွေမှာ အနီစက်​​လေး​တွေ ​ပေါ်ခြင်း..တခါတရံ တင်​ပါး​​ပေါ်​တွေမှာ​ကော ​ပေါ်တတ်​တယ်

– လျှာ​ပေါ် သွားဖုံး​ပေါ်​တွေမှာ အဖု​လေး​တွေ​ပေါက်​မယ်​ ၊နာမယ်

– က​လေးက အစားမစားခြင်း

– က​လေးငယ်​​လေး​တွေမှာဆို ယားယံခြင်း​တွေ ဖြစ်​တတ်​တယ်

ကူးတတ်တဲ့ ပုံစံ​​​က​တော့

– နှာရည်​​တို့.. သွားရည်​တို့နဲ့

– အရည်​ကြည်​ဖူး​က ထွက်​တဲ့ အရည်​​တွေနဲ့ ထိ​တွေ့ မိတာ

– ​​ရောဂါခံစား​နေရသူက နှာ​ချေ​ချောင်းဆိုးတဲ့အခါ ​ဘေးဘက်​​၊ ​လေထဲ ပျံ့သွားတာ

– က​လေး​ဝမ်းက​နေ ကူးတာမျိုး စသဖြင့်​​ပေါ့…

“ဒါဆို သူငယ်​ချင်း သူ့ကို ကာကွယ်​ဖို့ကျ​တော့​ကော”…

“​ပြောရရင်​​တော့ တကိုယ်​​ရည်​ သန့်​ရှင်း​ရေးပဲ​လေ”

– ​ခြေလက်​​တွေကို ​သေချာ သန့်​ရှင်းစွာ​ဆေး​ကြော​ပေးရမယ်​၊ သင်​​ပေးရမယ်

– က​လေးငယ်​​လေး​တွေကို diaper လဲ​ပေးပြီးတဲ့ အခါမျိုးမှာ လက်​ကို ​သေချာ​ဆေးပြီးမှ က​လေးကို ကိုင်​ရမယ်​.. အပြင်​သွားတဲ့ အခါမှာ ​ရေအလွယ်​တကူမရရင်​ hand wipes or gel​လေး ​ဆောင်​ထား​ပေါ့

– နို့စို့က​လေး​တွေရှိရင်​ သူတို့ နို့ဘူး​လေး​တွေကို ​သေချာ သန့်် ရှင်း​ပေးတာမျိုး၊ သွား​ပေါက်​တဲ့ အရွယ်​မှာ ညစ်​ပတ်​တာ​တွေ မကိုက်​တတ်​​အောင်​ ကြည့်​​နေရတာမျိုး

– အိမ်​တွင်း ညစ်​ပတ်​တဲ့​နေရာ​တွေ၊ ​ရောဂါပိုး ကူးနိုင်​တဲ့​နေရာ​တွေကို သန့်​ရှင်းရမယ်​၊ က​လေး​တွေကို အဲ့လို​နေရာမှာ မ​ဆော့ကစား​စေနဲ့​ပေါ့… က​လေး​တွေ အရုပ်​​တွေနဲ့ ​ဆော့တတ်​ရင်​လည်း ညစ်​ပတ်​​ပေပွ​နေတာမျိုးဆို ပြန်​သန့်​ရှင်း​ပေးရမယ်​..

– ​ပြောခဲ့သလိုပဲ ​ဆော့ကစားပြီးတဲ့ အခါမှာလည်း သူတို့ကိုယ်​တိုင်​ ​လက်​ကို စင်​ကြယ်​စွာေးဆတတ်​​အောင်​ သင်​​ပေးရမယ်

– ဒီလိုပုံစံ​ရောဂါမျိုးနဲ့ ​ဘေးလူ ဖျားနာတာဖြစ်​ဖြစ်​၊ မိသားစုထဲဖျားတာဖြစ်​ဖြစ်​ က​လေးကို အတတ်​နိုင်​ဆုံး မထိ​တွေ့​စေနဲ… ​မ​တော်​လို့ ကိုယ့်​က​လေး သာမန်​ဖျားနာတာမျိုး ဖြစ်​​နေခဲ့ရင်​ ​ကျောင်းမလွှတ်​ပဲ အိမ်​မှာ နားခိုင်းရမယ်​.. ကိုယ်​ခံအား ကျ​နေချိန်​မှာ တခြား​ရောဂါပိုး​တွေက အလွယ်​တကူ ဝင်​​ရောက်​နိုင်​စွမ်းရှိတယ်​…

“ဒါမျိုး​လေး​တွေနဲ့ ကာကွယ်​ရမယ်​​ပေါ့ကွာ…”

” ဒါနဲ့​ကော ဒီလို​ရောဂါမျိုးဖြစ်​ရင်​ က​လေး အသက်​အန္တရာယ်​တို့ ထိခို​က်​နိုင်​လား”

“များ​သောအားဖြင့်​ ဒီလိုဖျားနာတာမျိုးက ရက်​အနည်းငယ်​ဆို ​ပြန်​​ပျောက်​ပါတယ်​.. ရှားရှားပါးပါးမှသာ က​လေးရဲ့ ဦး​ဏှောက်​အ​မြှေးပါး​ယောင်​တာမျိုး ဖြစ်​တတ်​ပါတယ်​”

“ပုံမှန်​ ဂရုစိုက်​ရင်​ စိုးရိမ်​စရာမရှိပါဘူး”

”​ကျေးဇူးပါကွာ ဒီလို ရှင်းပြလို့”

“စကား​တွေလည်း ​ကောင်း​နေတာ .. ငါလည်း သွားစရာ​လေး ရှိလို့ ခွင့်​ပြုဦး​”

“​အေး .. ​အေး.. ငါလည်း ဒီ​မျောက်​​လောင်း​လေးကို ကစားကွင်းလိုက်​ပို့လိုက်​ဦးမယ်​”..

တစ်​ကိုယ်​ရည်​ သန့်​ရှင်းမှု အထူးဂရုပြုပြီး ကျန်းမာ ရွှင်​လန်း​သော သားသားမီးမီးများ ပိုင်​ဆိုင်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​…
ပိုင်​နီ​မောင်
#mayoclinic