က​လေး​မွေးပြီး​နောက်​ပိုင်း ဆံပင်​​​မွှေးကျွတ်​ခြင်းပြသနာ

က​လေး​မေ​မေတို့အ​နေနဲ့ ရင်​​သွေး​လေးကို ​မွေးဖွားပြီး​နောက်​ပိုင်း အားပြည့်​​အောင်​ ဘယ်​လိုပြန်​လည်​​နေထိုင်​ရမလဲ၊ ဗိုက်​​အကြာပြတ်​တာ​တွေ အမြန်​​ပျောက်​​အောင်​ ဘာ​တွေလုပ်​ရမလဲ၊က​လေးကို နို့ချို့တိုက်​​ကျွေးဖို့​တွေ၊ ​စောင့်​​ရှောက်​ဖို့​ စသည်​ဖြင့်​ ​တွေး​တောစဉ်းစား​လေ့ရှိကြပါတယ်​… သို့​သော်​ ​မျှော်​လင့်​မထားတတ်​ပဲ ​ပေါ်လာတတ်​တာ​လေးက​တော့ က​​လေး​မွေးပြီး​နေနာက်​ပိုင်းမှာ ယခင်​ကထက်​ ဆံပင်​ကျွတ်​တယ်​လို့ ခံစားရခြင်းပါပဲ…


ဒီလိုဖြစ်​ရခြင်းဟာ များ​သောအားဖြင့်​ ပုံမှန်​ပါပဲ…သာမန်ကိစ္စရပ်​​လေးဖြစ်​​ပေမယ့်​ စိတ်​ဖိဆီးမှု​တွေများတဲ့ မီး​နေသည်​၊ နို့တိုက်​မိခင်​အဖို့​တော့ စိတ်​အ​နှောက်​အယှက်​ တစ်​ခုလို မြင်​လာတတ်​ပါတယ်​.. ဒါ​ကြောင့်​”ဘာ​ကြောင့်​ ဆံပင်​ပိုကျွတ်​တာလဲနဲ့.. ​ဆောင်​ရန်​ ​ရှောင်​ရန်​ နည်းလမ်း​လေး​”​တွေ ​ပြောပြချင်​ပါတယ်​…

ဘာ​ကြောင့်​ ဆံပင်​ဟာ ခါတိုင်းထပ်​ ပိုကျွတ်​တာပါလိမ့်​?

– ဆံပင်​ကျွတ်​ရခြင်းရဲ့ အဓိက ပြသနာက​တော့ က​လေး​မွေးပြီး​နောက်​ပိုင်း ​ဟော်​မုန်း​ပြောင်းလဲမှု​ကြောင့်​ ဖြစ်​ပါတယ်​…ကိုယ်​ဝန်​​ဆောင်​ကာလမှာ ​ဟော်​မုန်း​ပြောင်းလဲမှုအများဆုံးဖြစ်​ပါတယ်​… hCG၊ estrogen ၊ pregesterone၊ oxytocin ၊ prolactin စတဲ့ ​ဟော်​မုန်း​တွေ ပိုထုတ်​လုပ်​မယ်​.. ​ဒါပြင့်​ ​မွေးဖွားလာနီး​လေ ခန္ဓာကိုယ်​ရဲ့ ​သွေးပမာဏဟာ များစွာ တက်​လာပါတယ်​…

– ဆို​တော့ကာ ဒီလို ​ဟော်​မုန်း​ထဲကမှ estrogen နဲ့ progesteroneဟာ ​ကိုယ်​ဝန်​နဲ့ တပြိုင်​ထဲ တက်​လာသလို ​မွေးဖွားပြီးတာနဲ့ ကျသွားတတ်​ပါတယ်​… ဒီအခါမှာ ဆံပင်​ကျွတ်​ခြင်းရဲ့ ပြသနာ အစပြုပါတယ်​..

– ကိုယ်​ဝန်​​ဆောင်​​နေချိန်​အတွင်းမှာ မြင့်​တက်​​နေတဲ့ estrogen ဟာ ဆံပင်​ကျွတ်​ခြင်းကို များစွာကာကွယ်​​ပေးပါတယ်​.. ဒါပြင်​ ​သွေးပမာဏနှင့်​ ​သွေးလည်​ပတ်​မှု​​အား​ကောင်းခြင်း​တွေကလဲ ကိုယ်​ဝန်​​ဆောင်​​နေချိန်​မှာ ပုံမှန်​ဆံပင်​ကျွတ်​ခြင်းထက် ​လျော့နည်း​နေ​စေတတ်​ပါတယ်​…

– သို့​သော်​ က​လေး​မွေးပြီး​နောက်​ပိုင်းမှာ ​​ပြောခဲ့တဲ့ ​hormone ​တွေဟာ တဟုန်းထိုးပြန်​ကျသွားတတ်​တာမို့ ဆံပင်​ဟာ ပုံမှန်​ထပ်​ ပိုကျွတ်​လာပါမယ်​.. တခါတရံမှာ ဆံပင်​ချည်​​ထွေး​တွေ၊ အိပ်​ယာ​ပေါ်မှာ ဆံပင်​ကျွတ်​စ​တွေ အများကြီး​တွေရတတ်​ပါတယ်​….ဒီလို ဖြစ်​ခြင်းဟာ က​လေး​မွေးပြီး သုံး​လေးလ​မှာ အများဆုံးဖြစ်​တတ်​ပါတယ်​…

– ​နောက်​ပိုင်းမှာ ပုံမှန်​ပြန်​လည်​ပတ်​လာတဲ့ hormone level ​တွေ​ကြောင့်​ တဖြည်းဖြည်း နည်းပါးသွားပါမယ်​… က​လေး​ တစ်​နှစ်​သား​လောက်​​ရောက်​ပါက ဒီလိုဆံပင်​ကျွတ်​ခြင်းဟာ ပုံမှန်​အ​နေအထားသို့ ပြန်​လည်​​ရောက်​ရှိသွားနိုင်​ပါတယ်​…

“ဒါ​ကြောင့်​ ဒီကိစ္စ​ပေါ်မှာ စိတ်​အ​နှောက်​အယှက်​ အများကြီး မဖြစ်​​​စေသင့်​ပါ…”

ဒ့ါပြင်​ ဒီလို ဆံပင်​ကျွတ်​ခြင်းမျိုးကို ​လျော့နည်း​အောင်​ ပြုလုပ်​လို့ရမယ့်​ နည်းလမ်း​လေး​တွေ ရှိပါ​သေးတယ်​…

– ကိုယ်​ဝန်​​ဆောင်​ကာလတုန်း ​သောက်​ခဲ့တဲ့ အား​ဆေး​လေး​တွေ ဆက်​​သောက်​ပါ

– အစားအ​သောက်​မှန်​ပါ​စေ၊ အားရှိတဲ့အစားအစာ ၊ ဗီတာမင်​နဲ့ သံဓာတ်​ ကြွယ်​ဝတဲ့ အစားအစာ ပိုစားပါ

– ဆံပင်​ကို dryer နဲ့ မှုတ်​တာ​တွေ ​ရှောင်​ပါ.. ဆံပင်​ပိုသွင်းတာ​တွေ မလှုပ်​ပါနဲ့၊

– ဆံပင်​ဘီးဖီးပါက အရမ်းအားဖြင့်​ ဖီးတာမျိုးမလုပ်​ပါနဲ့.. ဖြစ်​နိုင်​ပါက တ​နေ့ကို တစ်​ခါ​လောက်​သာ ဖီးပါ

– ဆံပင်​ကျွတ်​ခြင်း ကာကွယ်​နိုင်​တဲ့ shampoo အသုံးပြုပါ၊ conditioner အသုံးပြုနိုင်​ပါတယ်​…

ဒီလိုအားဖြင့်​ ဆံပင်​ကျွတ်​ခြင်းကို အ​​​တော်​တန်​ ကာကွယ်​နိုင်​ပါလိမ့်​မယ်​…

အကယ်​၍ က​လေး တစ်​နှစ်​သာ အရွယ်​​လောက်​ထိ ​ရောက်​ပြီး ဆံပင်​ဟာ သာမန်​ထပ်​ ပိုကျွတ်​မြဲကျွတ်​​နေပါက သက်​ဆိုင်​ရာ ဆရာဝန်​ဆီပြသပြီး အကြံဥာဏ်​​တောင်းခံ ကုသနိုင်​ပါတယ်​…

တစ်​သား​မွေး​လို့ တစ်​​သွေးလှတဲ့ က​လေး​မေ​မေများ ဖြစ်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​…

ပိုင်​နီ​မောင်

#helathline