သ​န္ဓေသား၏ အသက်​နှင့်​ ရှိသင့်​​သော ကြီးထွားမှု

“ဝမ်းကြာတိုက်​”… ကိုယ်​ဝန်​​ဆောင်​​မေ​မေတို့ရဲ့ တဖြည်းဖြည်း ပူလာတဲ့ ဗိုက်​​လေးထဲမှာ ချစ်​စရာ သားသားမီးမီး​လေး​တွေဟာ တဖြည်းဖြည်း ကြီးထွားလာကြပါတယ်​…မိမိမှာ ရင်​​သွေး​လေးကို လွယ်​ထားရပြီလို့ သိလိုက်​ရတဲ့ ချိန်​ကစပြီး လိုအပ်​တဲ့ ကိုယ်​ဝန်​အပ်​တာ​တွေ၊ သားသား​လေးလား မီးမီး​လေးလား သိချင်​ရတာ​တွေ၊ အဝတ်​​အစား​တွေ​ ကြိုဝယ်​ကြတာ​တွေနဲ့ မိသားစုရဲ့ ဆည်းလည်း​လေးကို ​စိတ်​ကူးပြီး ​ပျော်​မြူးကြပါတယ်​….

ဒါ​ကြောင့်​ မိခင်​ရဲ့ သားအိမ်​တွင်းမှာ ရင်​​သွေး​လေးရဲ့ ကြီးထွားမှုဟာ ပုံမှန်​လား၊ ​စောလား ​နောက်​ကျလားဆိုတာကို မိမိဘာသာ သိရှိနိုင်​မယ့်​ နည်းလမ်း​လေး ​ပြောပြချင်​ပါတယ်​…
ဗိုက်​ထဲက သ​န္ဓေသား​လေး ကြီးထွားလာတာနဲ့ လိုက်​ပြီး သားအိမ်​ဟာလည်း လိုက်​ပြီး ကြီးထွားလာရပါတယ်​…
တိုင်းတာမှုနဲ့ ပတ်​သတ်​လို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်​..

– မိခင်​ရဲ့ ​နောက်​ဆုံးရာသီလာခဲ့တဲ့ ချိန်​မှ စပြီး ယခု က​လေးကြီးထွားမှုကိုယ်​ဝန်​​ဆောင်​လ အ​ရေအတွက်​ကို တိုင်းတာခြင်း၊

– ​ပေကြိုးဖြင့်​ ဗိုက်​ကိုတိုင်းပြီး centimeter နှင့်​ month “လ” တွက်​ခြင်း၊

– အလွယ်​တကူ သိသာနိုင်​​သော landmarks ဗိုက်​​ပေါ် လက်​ဖြင့်​ ​ထောက်​စမ်းခြင်း ​တွေနဲ့ သိနိုင်​ပါတယ်​…

ဒါ​ကြောင့်​ ​မေ​မေတို့အတွက်​ အလွယ်​တကူသိနိုင်​တဲ့ နည်း​လေးကို ​ပြောပြချင်​ပါတယ်​…

– အသက်​ ၁၄ပတ်​ ​လောက်​မှာ ဆီးခုံ​အ​ပေါ်​လောက်​ ​ရောက်​​နေပါပြီ..

– အသက်​ ၂၀ ပတ်​​ ​လောက်​မှာ ချက်​​အောက်​​ပိုင်းလက်​နှစ်​လုံး​လောက်​မှာ ရှိပါမယ်​…

– အသက်​ ၂၄ ပတ်​ ​လောက်​မှာ ချက်​အလည်​​လောက်​မှာ ရှိပါမယ်​…

– အသက်​ ၂၈ ပတ်​​လောက်​မှာ ချက်​အထက်​ပိုင်း လက်​နှစ်​လက်​လုံး​လောက်​မှာ ရှိပါမယ်​…

အသက်​ ၃၂ – ၃၆ပတ်​​လောက်​မှာ ရင်​​ခေါင်း​ထောက်​ပါမယ်


– အသက်​ ၃၆- ၄၀ ​လောက်​မှာ ရင်​​ခေါင်း​ထောက်​ပြီးမို့ က​လေးဟာ ​သားအိမ်​ဟာ​ ​အောက်​ကို အနည်းငယ်​ ပြန်​​လျော့လာတတ်​တဲ့ သ​ဘောရှိပါတယ်​…

ပုံမှန်​အားဖြင့်​ သ​န္ဓေသားရဲ့ ကြီးထွားမှုကို အထက်​ပါနည်းများဖြင့်​ တိုင်းတာလို့ ရ​သော်​လည်း…

– ​ပြောခဲ့သလို က​လေး မ​မွေးဖွားခင်​ သုံး​လေးပတ်​​လောက်​မှာ က​လေးဟာ ​အောက်သို့ အနည်းငယ်​ ဆင်းသွားခြင်း

– ​နောက်​ဆုံးရာသီလာခဲ့တဲ့ ပထမရက်​ကို ​သေချာမမှတ်​မိတာ​တွေ

– သ​န္ဓေသား ကျန်းမာ​သော်​ငြား ပုံမှန်​ထက်​ ​သေးငယ်​ခြင်း

– ​ရေမွာနည်းခြင်း

– က​လေး လှဲ​လျောင်းပုံမတူခြင်း

– ကိုယ်​ဝန်​အပတ်​ နည်း​သေးခြင်း

– ဝမ်း​ဗိုက်​တွင်း သ​န္ဓေသား ဆက်​စပ်​ကြီးထွားဖို့ရာ အဟန့်​အတားရှိ​နေခြင်း​တွေ​ကြောင့်


တခါတရံမှာ သ​န္ဓေသားရဲ့ အသက်​ဟာ ကိုယ်​တွက်​တာထက်​​သေး​နေတာ ၊ ရှိသင့်​တဲ့ ကြီးထွားမှုထက်​ အနည်းငယ်​ ​နောက်​ကျ ​နေတတ်​တာမျိုး ​တွေ့ရတတ်​ပါတယ်​..

ဒါ့ပြင်​ ကိုယ်​ထွက်​တာထက်​ ကြီး​နေတာ၊ ရှိသင့်​တာထက်​ ​သေးငယ်​​နေတာမျိုး​တွေကို

– သ​န္ဓေသားတစ်​​ယောက်​တည်းမဟုတ်​ပဲ အမွှာ ဖြစ်​​နေခြင်း

– ကိုယ်​ဝန်​စ​ဆောင်​တဲ့ ရက်​ ​သေချာမမှတ်​မိခြင်း

– သ​န္ဓေသား ကျန်းမာ​သော်​လည်း ပုံမှန်​ထက်​ ကြီးထွားခြင်း

– မိခင်​ဟာ ဆီးချို​​ရောဂါရှိပါက က​လေး ကြီးထွားတတ်​ခြင်း

– ​ရေမွှာများခြင်း

– သ​န္ဓေခိုင်​ သ​န္ဓေသား ဖြစ်​​နေတတ်​ခြင်း

– breech presentation ​ခေါ် သားအိမ်​ဝကို ​ခေါင်းဖြင့်​ မဆင်းပဲ တင်​ပါးဆုံးဖြင့်​ ဆင်းခြင်း ​တွေ​ကြောင့်​ ​တွေ့ရတတ်​ပါတယ်​…

ဒါ​ကြောင့်​ မိမိရဲ့ ရင်​​သွေး​လေး တ​နေ့တခြား ကြီးထွားလာပုံမှန်​ရဲ့လား မိမိဘာသာ သိရှိနိုင်​သလို အနည်းငယ်​ ပုံမမှန်​တာမျိုး​တွေ ၊ တခြား​သော ကျန်းမာ​ရေးချို့ယွင်းမှု​တွေ ရှိပါက ​ဆေးခန်းပြခြင်း၊ ပုံမှန်​ ဗိုက်​ပြခြင်း၊ လိုအပ်​​သော ​ဆေး​သောက်​ ​ဆေးထိုးခြင်းများ ပြုလုပ်​ခြင်းဖြင့်​.. မိခင်​​ရော က​လေးပါ ကျန်းမာစွာ​နေထိုင်​နိုင်​မှာ ဖြစ်​ပါတယ်​….

ကျန်းမာ​ပျော်​ရျွင်​ပြီး ချစ်​စရာ​ကောင်း​သော သားသားမီးမီး​လေးများ ပိုင်​ဆိုင်​နိုင်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​….
ပိုင်​နီ​မောင်