ဆီးချို သွေးချိုရှိလား ဒါတွေရှောင်စားပါ။

ခေတ်အခြေအနေအရ အစားအသောက်တွေကို အပြိုင်အဆိုင်ရောင်းစွံအောင် ထုတ်လုပ်ကြရာမှာ အရသာတွေ ပိုကောင်းအောင်သကြား၊ ထန်းလျက်နဲ့ဆားအပြင် တချို့တွေက ဆေးသကြားနဲ့ အချိုမှုန့်၊ ဟင်းခတ်မှုန့်လို Na ဆိုဒီယမ်ဓါတ်ဆားတွေပါ လွန်လွန်ကဲကဲထည့်ပြီး ထုတ်လုပ်ရောင်းချနေပါပြီ။ ထိုအစား အစာတွေနဲ့ အချိုရည်တွေ သိပ်ကြိုက်တဲ့သူတွေအဖို့ နေ့စဉ်စားသုံးခြင်းရဲ့အကျိုးဆက်ကတော့ အသက်ရ လာတာနဲ့အမျှအ၀လွန်ချင်းနှင့်အတူဆက်နွယ်လာတဲ့ရောဂါတွေကတော့သွေးတွင်းအဆီတက်ခြင်း၊သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျင်းရောဂါ၊ ဆီးချိုသွေးချိုရောဂါစသည့်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဆီချိုသွေးချိုရောဂါဖြစ်ပြီးလားဆိုတာကိုအတိအကျသိချင်ရင်တော့(HbAic)“အိတ်ခ်ျဘီအေ၀မ်းစီ´´ဆိုတဲ့သွေးဓါတ်တစ်မျိုးကိုစစ်ခိုင်းရတယ်။ပုံမှန်သွေးနီဥများက သကြားဓါတ်ကို(3)လအတွင်းစုပ်ယူထားမှု ကိုစစ်ဆေးတာပါ။ပုံမှန် အိတ်ခ်ျဘီအေ၀မ်းစီ(6)ပဲအမြင့်ဆုံးရှိရပါတယ်။5.9 သို့မဟုတ် 6 ထက်ကျော်လာင်္ပြီ ဆိုရင် သင့်မှာဆီချိုသွေးချိုရောဂါဖြစ်ခါနီးနေပြီဆိုတာပြနေပါပြီ။အကယ်၍ HbA1c သို့မဟုတ် 9 ဆိုင်ရင်(ပုံ မှန် 6 ထက်ပိုများသောပမာဏများ)ဖြစ်တဲ့အတွက် (သို့) သင့်မှာဆီးချိုသွေးချိုဖြစ်နေကြောင်း4င်းကညွှန်ပြ နေပြီဖြစ်တယ်။အစာမစားဘဲနံနက်လင်းသွေးထုတ်ပြီး ဆီးချိုသွေးချိုစစ်တာကို Fasting Blood Sugar (FBS) လို့ခေါ်ပါတယ်။FBS လည်း ပုံမှန်<100 အောက်ရှိနေရမှာဖြစ်ပါတယ်။FBS=<100mg လို့ရေးတယ်။
ကဲသင့်မှာ ဆီးချိုသွေးချိုရှိလာပြီဆိုရင် ဘာတွေရှောင်ရမလဲဆိုတာ သင်သိသင့်ပါတယ်။နံ ပါတ်(1)ရှောင်သင့်တာက အချိုရည်တွေပါ။အချိုရည်ဆိုတဲ့အတိုင်း ကစီဓါတ်တွေအများကြီးပါ။12 အောင်စ ပါတဲ့ဗူး (354)စီစီ (ml) ဗူးမှာ ကစီဓါတ် 38 ဂရမ်ပါတယ်။တဖန်အချိုရည်လက်ဖက်ရည်နဲ့ သံပုရာသီးထည့် အချိုရည်မျိုးဆိုရင်ကစီဓါတ်36ဂရမ်ထိပါတယ်။ဒါကြောင့်တစ်နေ့ဘယ်နှစ်ဗူးသောက်လဲဆိုတာတွက်ကြည့်ပါ။မြန်မာနိုင်ငံမှာ အချိုရည်ပုလင်းတွေထဲသကြားနဲ့ကစီဘယ်လောက်ပါသတဲ့လဲဆိုတာ သုတေသနလုပ်ထား တာမျိုး မှတ်ပုံတင် အစစ်ဆေးခံနိုင်တာ အတော်ရှာမှာပါ။ဒီပြင်အထက်ပါအချိုရည်ဗူးမှန်သမျှ ဖရပ်တို့စ်ခေါ် သကြားဓါတ်တစ်မျိုး အများကြီးထည့်လေ့ရှိတယ်။ အဲဒီ ဖရပ်တိုစ်ဟာ ဆီးချိုသွေးချိုရောဂါနဲ့ အင်ဆူလင် ယဉ်ပါးမှုတွေနဲ့ ဆက်နွယ်နေတတ်တယ်။ လေ့လာသုတေသနအရအလည်း သကြား (သို့) သကြားထုထည့် ထားတဲ့ အချိုရည်တွေနဲ့ ဆီးချိုသွေးချိုနှင့်စပ်ဆိုင်တဲ့ အခြေအနေ ဥပမာ Fatty liver ခေါ် အသည်းအဆီဖုံး တဲ့ အခြေအနေနဲ့ ဆက်နွယ်လေ့ရှိတတ်တော့ ပြဿနာတွေ တက်လာပြီပေါ့။ ဒါ့ကြောင့် အချိုရည်တွေ သောက်မဲ့အစား ရေပဲသောက်သင့်တာပေါ့နော်။ တစ်လနေမှ တစ်ခါသောက် သောက်မိတာတော့ ပြဿနာ မရှိနိုင်ပါ။

ကဲ… ဒါဆိုရင် သစ်သီးဖျော်ရည်သောက်လို့ရမလားလို့ မေးချင်သူတွေရှိပါလိမ့်မယ်။ သကြားတစ် ဇွန်းလောက်ထည့်သောက်ချင်ရင် သဘာဝသစ်သီး ဥပမာ သံပုရာသီးလိုအသီးတော့ သကြားတစ်ဇွန်း (လက်ဖက်စားဇွန်း) ဟာဘာမှ မသိသာပေမဲ့၊ နေ့စဉ်သောက်ချင်ရင်တော့ ဗန်းသီး (သို့) နာနတ်သီး (သို့) သရက်သီး (သို့) သကြားမွှေးလို အသီးမျိုးကို သကြားထည့်စရာမလိုပဲ စက်ထဲရေအနည်းငယ်နဲ့ ရောရုံဖြင့် အရသာရှိရှိ သောက်နိုင်ပါပြီ။ ကုန်စုံဆိုင်တွေပေါ်က သစ်သီး စက္ကူဗူးတွေကို သောက်ဖို့ မစဉ်းစားပါနှင့်။ ဘာဖြစ်လို့လဲဆိုတော့ သစ်သီးရနံ့ပါတဲ့ဓာတုဆေးရည်ကို ဝါစိမ်းနီပြာ အရောင်ဆိုးပြီး သကြား၊ ဆေးသကြား စတဲ့ သကြားတု အများကြီးထည့်လေ့ရှိတယ်။ မှတ်ပုံတင် နာမည်ကြီးတံဆိပ်တွေပါတဲ့ သစ်သီးဖျော်ရည် တွေမှာတောင် တအောင်စ (250 mL) အရည်ထဲမှာ သကြား ၂၅ ဂရမ် ထိပါတော့ ရှေ့မှာပြောခဲ့တဲ့ အချို ရည်တွေနဲ့ သိပ်မကွာလှတာ တွေ့ရပါတယ်။

နောက်တစ်မျိုးကတော့ သစ်သီးအခြောက်တွေပါ။ သစ်သီးအခြောက်တွေဟာ ကစီဓါတ်များတာ တွေ့ရပါတယ်။ ဥပမာ စပျစ်သီးခြောက်၊ မက်မွန်သီးခြောက်၊ ချယ်ရီသီးခြောက်၊ သံပုရာသီး၊ ရှောက်သီးစတဲ့ သစ်သီးခြောက်အမျိုးအစား များစွာကို အိမ်နီးချင်းနိုင်ငံတွေက တင်သွင်းတာ ကုန်တိုက်ကြီးတွေရဲ့ အောက် ထပ် Marts တွေထဲမှာ အများကြီးတွေ့ရလိမ့်မယ်။ ထိုသစ်သီးခြောက်၊ လက်ဖက်ရည် တစ်ပန်းကန်ဟာဆို ရင် ကစီဓါတ် (၂၇)ဂရမ် ပါပြီး၊ အမျှင်ဓါတ် ၁ ဂရမ်ပါကြောင်း တွေ့ရှိရပါတယ်။ စပျစ်သီးခြောက်လက်ဖက် ရည်တစ်ပန်းကန်မှာ ကစီဓါတ် ၁၁၅ ဂရမ် နှင့် အမျှင်ဓါတ် ၅ ဂရမ်သာ ပါလို့ စပျစ်သီး လတ်လတ်ဆတ် ဆတ်နဲ့တော့ အရဟာဓါတ်တန်ဖိုး ကွာခြားပါလိမ့်မယ်။ စပျစ်သီးခြောက် ထိုလက်ဖက်ရည်တစ်ပန်းကန်စာ စားရင် သကြားလက်ဖက်ရည်ဇွန်း ၂ဝ စားမိတာနှင့် ညီမျှပါတယ်။ ဒါကြောင့် သင့်မှာ ဆီးချို သွေးချို ရောဂါ ရှိနေရင် စပျစ်သီးခြောက် များများစားတဲ့အကျင့်ကို ပယ်ရတော့မှာ ဖြစ်ပါတယ်။ အာသာပြေ နှစ်စိလောက်ပဲ ဝါးသင့်တော့တာပေါ့။ အဲ့လို သစ်သီးခြောက်တွေ စားမဲ့အစား သဘာဝလတ်လတ်ဆတ်ဆတ် သစ်သီးပဲ စား သင့်ပါတယ်။

ဒါဆိုရင် သကြားအကြောင်း နည်းနည်းတော့ သိထားရဦးမယ်။ လူဆိုတာ အချိုကြိုက်တာကိုး။ သကြားဖြူဖွေးနေရင် (သို့) သကြားကြမ်း အညို(သို့) ပျားရည် (သို့) သကာရည် ထဲပါတဲ့ အလေးချိန်ကို ကြည့်ရအောင်။ စားပွဲတင်ဇွန်းတစ်ဇွန်းစာကော်လိုက်ရင် ဖွေးဖြူနေအောင်ချက်တဲ့သကြားမှာ ၁၂.၆ ဂရမ်၊ ပျားရည်မှာ (၁၇) ဂရမ်၊ မေပယ်သကာရည်မှာ (၁၃) ဂရမ်ပါကြောင်း သိရပါမယ်။ ဒါကြောင့် သကြားဓါတ် များတဲ့ အချိုတွေ များများ မစားဖြစ်အောင် လုပ်သင့်တယ်။

နောက်ထပ်ပြောပြချင်တာကတော့ ပေါင်မုန့်ဖြူဖြူကြီးတွေပါ။ ဖွေးဖြူနေအောင် ဖုတ်ထားတဲ့ ပေါင် မုန့်တွေဟာ ကစီဓါတ် အလွန်မြင့်တယ်။ ဆန်စားတဲ့သူဆိုရင်လည်း ထမင်းများများစားတော့ ကစီဓါတ် မြင့် မှာပါ။ ပတ်စ်တာလို အစားအစာတွေ ဘိုစာတွေကြိုက်လို့ သိပ်စားမိရင်လည်း ကစီဓါတ်ကနေ သကြားဓါတ် အဖြစ်သော်လည်းကောင်း၊ ကိုလက်စထရောအဆီဓါတ်အဖြစ်လည်းကောင်း ခန္ဓာကိုယ်ထဲမှာ စုမိနေတတ် ပါတယ်။ ဒါကြောင့် ကစီဓါတ်မြင့်မားစေသော နနွင်းမကင်း၊ ကောက်ညှင်းမုန့်များ၊ သာကူရည်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ဆန်မုန့်ညှက်နဲ့လုပ်တဲ့မုန့်အမျိုးမျိုးကို တတ်နိုင်သရွေ့ နေစဉ် မစားသင့်ပါ။ အဝစားမယ်ဆို တဲ့ အလေ့အထ ဝသီကိုလည်း၊ အာသာပြောပဲစေးတော့ စိတ်ကလေး ပြောင်းလဲပေးသင့်တယ်။ နည်းနည်း နဲ့ နေ့စဉ် စားမိတာမျိုးလည်း မဖြစ်သင့်ပါ။ တစ်ပါတ်မှာ တစ်ကြိမ်တစ်ခါလောက် နည်းနည်းလေးပဲ စားသင့် ပါတယ်။

မိမိတို့ရဲ့ငယ်စဉ်ကလို အကြိုက်စားခြင်း၊ အဝစားခြင်းတည်းဟူသော အလွန်အကျွံစားသုံးခြင်းမျိုးကို မရှိသင့်တော့ပါ။ ဆိးချိုသွေးချိုရောဂါ ဖြစ်လာနိုင်ခြေမြင့်မားသူတွေကို Prediabetes ပရီဒိုင်ယာဘီးတီးစ် ဟု ခေါ်ပါသည်။

ပရီဒိုင်ယာဘီးတီးစ် ခေါ် ဆီးချိုသွေးချိုဖြစ်ကာနီး လူတွေရဲ့ သွေးတွင်းသကြားဓါတ်ဟာ (ပုံမှန် = FBS < 100 mg / d < ၁ဝဝ မီလီဂရမ်/ ဒတ်စီလီတာ အောက်) ၁ဝဝ မီလီဂရမ်/ ဒတ်စီလီတာနှင့် ၎င်းထက်မနည်း ငယ်များလာပါပြီ။ ဥပမာ ၁၁၅ မီလီဂရမ်/ဒတ်မီလီတာ အောက်) ၁ဝဝမီလီဂရမ် /ဒတ်စီလီ တာ ဖြစ်လိုက် ၁ဝဝ မီလီဂရမ်/ ဒတ်စီလီတာ ဖြစ်လိုက်၊ ၁ဝ၅ မီလီဂရမ်/ ဒတ်စီလီတာ စသည်ဖြင့် အမျိုးမျိုး ဖြစ်နေလိမ့်မယ်။ ၁ဝဝ အောက်မရှိတာ များတယ်။ သဘာဝအားဖြင့် လူခန္ဓာကိုယ်ထဲက မုန့်ချိုအိတ် ခေါ် ပန်ကရိယ ဆိုတဲ့အင်္ဂါထဲက အင်ဆူလင် ခေါ် ဟော်မုန်းကို ထုတ်ပေးတယ်။ အင်ဆူလင် ဟော်မုန်းရဲ့အဓိက အလုပ်က သွေးထဲက သကြားအချိုဓါတ်ကို ပုံမှန်ဖြစ်အောင်အမြဲလုပ်ဆောင်ပေးရတယ်။
ဆီးချိုသွေးချိုဖြစ် လာခါနီးအချိန်မှာ အဲဒီအင်ဆူလင် ပုံမှန်လုပ်ဖို့ ကသိကအောင့် ဖြစ်နေချိန်ပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အချိုထဲက အငန်ထဲ အဆီဓါတ်မြင့်မားလှတဲ့ အစားအစာတွေ အစားများခြင်း၊ အစားအစာတွေကို အလွန်အကြူးစားခြင်းစတဲ့ မိမိရဲ့အလေ့အထ အကျင့်စရိုက်တွေကြောင့် ဖြစ်ပါကြောင်း ပြောရင်း နိဂုံးချုပ်ပါရစေ။

Dr. ရည်ညွန့်မေ