ကိုယ်ဝန်ဆောင်မိခင်များ ရှောင်ရှားသင့်သည်တဲ့ အစားအသောက်များ

ကိုယ်ဝန်ဆောင်ကာလဟာ၊ မိခင်နဲ့ ကလေးအတွက် ၊ အရေးကြီးဆုံးအချိန်ဖြစ်လို့၊ အမှားမခံနိုင်ပါဘူး။ အစားမတော် တစ်လုတ် ဆိုတာကို၊ အစားမှားရင်၊ မိခင်ရော ကလေးပါ အန္တရာယ်ကြီးပါတယ်။ ကျန်းမာ အားရှိစေမဲ့အစာတွေ ရွေးချယ်စားဖို့ လိုအပ်သလို၊ မတည့်တဲ့ အစားတွေ ဖျော်ရည်တွေကို၊ ရှောင်ရှားဘို့လည်း အရေးကြီးပါတယ်။ တချို့ကို အနည်း အကျဉ်းရှောင်ဘို့၊ လိုအပ်သလို၊ တချို့ကိုကျတော့ လုံးဝကို ရှောင်ဘို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရော သန္ဓေသားပါ ကျန်းမာမှ၊ ကြီးထွားသန်မာတဲ့ ကလေး လေးကို ချောမောစွာ မွေးဖွာလာနိုင်မှာ ဖြစ်တယ်။ အဲဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေဘို့၊ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့အောက်ပါတို့ကို ရှောင်ကျဉ်နိုင်ဘို့ ဖော်ပြ လိုက်ပါတယ်။

(၁) ပြဒါးအပါများတဲ့ ငါးတွေ (high Mecrury fish)

ပြဒါးဆိုတာ အလွန်ပြင်းတဲ့ အဆိပ်အတောက် သတ္တုလေး heavy metal တစ်မျိုးဖြစ်ပြီး၊ ဘယ်လောက်ပမာဏလေးပဲ၊ ကိုယ်ခန္ခာထဲဝင်ရင် အန္တရာယ် မဖြစ်နိုင်ဘူးဆိုတာ သေချာ ရေရာတဲ့ ကိန်းဂဏန်းမရှိပါဘူး။ ဆိုလိုတာက နည်းနည်းဝင်ဝင် များများဝင်ဝင် အန္တရာယ် မဖြစ် ဘူးဆိုတာ သေချာရေရာတဲ့ ကိန်းဂဏန်းပေးတာချည်းပဲဖြစ်ပါတယ်။ ပြဒါးကို မသန့်ရှင်းတဲ့ ရေပြင်တွေမှာ၊အတွေ့ရများပါတယ်။ အဲဒီလို ရေပြင်တွေကရတဲ့၊ ငါးတွေနဲ့ စားစရာတွေမှာ ပြဒါးကို မသန့်ရှင်းတဲ့ ရေပြင်တွေမှာ၊ အတွေ့ရများပါတယ်။ အဲဒီလို ရေပြင်တွေကရတဲ့ ငါးတွေနဲ့ စားစရာတွေမှာ ပြဒါးအပါများရင်၊ အာရုံကြောအဖွဲ့၊ ကိုယ်ခံအားစနစ်နဲ့ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကို၊ ထိခိုက်ပျက်စီးစေတယ်။

ရေထုညစ်ညမ်းနေတဲ့ ပင်လယ်ကရတဲ့၊ ငါးကြီးသားတွေမှာ ပြဒါးတွေက၊ အများကြီး ပါဝင်တာတွေ့ရတယ်။ ဒါ့ကြောင့် ၊ မိခင်လောင်းတွေအနေနဲ့၊ ပြဒါးတွေပါဝင်တဲ့ ငါးတွေကို ရှောင်သင့်တယ်။ မရှောင်နိုင်ရင်လည်း၊ တစ်လနေမှ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ စားသင့်တယ်။ ပြဒါးအပါများတာတွေက၊ ငါးမန်း၊ တူနာငါး၊ ဓါးလိုနှုတ်သီးရှည်ငါး swordfish၊ မက်ကရယ် ပင်လယ်ငါး King Mackeral စတာတွေကို ရှောင်ဘို့လိုတယ်။ ဒါပေမဲ့ ငါးတိုင:် ပြဒါး အပါများတာ မဟုတ်လို့ အဲဒါတွေကလွဲရင် ကျန်ငါးတွေနဲ့ေ ရချိုငါးတွေကို အသင့် အတင့်မှ အတော်အတန်ထိ စာပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့၊ ကိုယ်ဝန်ဆောင်ကာလမှာ ပြဒါးအပါနည်းတဲ့ ငါးတွေကို တစ်ပတ် ၂ ကြိမ်စားပေးတာက မိခင်ရော၊ ကလေးပေါ ကျန်းမာစေ ပါတယ်။ အိုမီဂါ ဖက်တီးအက်စစ်တွေ၊ ကြွယ်ဝတဲ့အတွက်၊ ကြီးထွားဆဲသန္ဓေသား အတွက် အရေးကြီးတဲ့အဆီဓါတ် ရရှိစေလို့ ဖြစ်တယ်။

(၂) မကျက်တကျက် ငါးနဲ့ ငါးအသားလွှာ အစိမ်းလိုက်

ပင်လယ်ငါးတွေ မွေးမြူရေးငါးတွေ၊ ငါးအသားလွှာတွေ အခွံပါ ပင်လယ် သတ္တ၀ါတွေ၊ ကမာမုတ်ကောင် ဂဏန်း၊ စတာတွေကို အစိမ်းလိုက်(သို့) မကျက်တကျက် စားမယ်ဆိုရင်၊ ရောဂါပိုးအမျိုးမျိုး ရစေပါတယ်။ ဥပမာ ၀မ်းရောဂါပိုး ၀မ်းကိုက်ပိုးတွေနဲ့ ကပ်ပါး ကောင်သန်ကောင်အမျိုးမျိုး ရစေပါတယ်။ ၀မ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ၊ ရေဓါတ် ဆုံးရှုံးမှုတွေဖြစ်ပြီး၊ မိခင်ရောကလေးပါ နေမကောင်းဖြစ်စေရုံမက၊ တချို့ပိုးဝင်တာတွေက၊ ကလေး အသက်တောင်ထိခိုက်နိုင်ပါတယ်။ Listeria ရောဂါပိုးရဘို့လည်း သာမာန် အချိန်ထက် အဆ ၂၀ ပိုများသေးတယ်။ အဲဒီပိုးဟာ၊ မြေကြီးထဲ၊ ရေထဲနဲ့ သစ်ပင်ခြုံပင် တွေက တဆင့် ငါးတွေကို ကြာရှည်ခံအောင် ပြုလုပ်ရာ၊ ကြပ်တင်ရာ အခြောက်ခံတဲ့ အချိန် တွေမှာ၊ ကူးစက်ပြီး အစိမ်းနဲ့ မကျက်တကျက် စားတဲ့အခါ၊ လူကို ရောဂါ ရစေတာဖြစ်တယ်။

ပိုဆိုးတာက မိခင်လောင်းမှာ ရောဂါလက္ခ မပြပဲ၊ သန္ဓေသားဆီသို့၊ လစ်စ်တီးရီးယား ရောဂါရောက်ရှိသွားနိုင်တာပါ။ အဲဒါအခါ လမစေ့ ပေါင်မပြည့် အချိန်စော မွေးခြင်း၊ သားလျော သားပျက်ခြင်း၊ ကလေး အသေ မွေးခြင်းနဲ့ တခြားပြင်းထန်တဲ့ နောက်ဆက်တွဲတွေ ဖြစ်ပေါ် စေတယ်။ ဒါ့ကြောင့် မိခင်လောင်းတွေအနေနဲ့၊ ဆူရှိ အပါအ၀င် ငါးစိမ်လွှာတွေ မကျက်တကျက်တွေ လုံးဝ မစားသ့င်ဘူး။

(၃) မကျက်တကျက်အသား၊ အသားစိမ်းနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားများ

အဲဒါတွေစားရင်လည်း ရောဂါပိုးမွားတွေ ပါရာဆိုက် ကပ်ပါးကောင် သန်ကောင်တွေ စွဲကပ်တာ ဒုက္ခပေးစေတယ်။ ဥပမာ Toxoplasmosis, Listeria,   salmonella, E. coli စတာတွေ ကြောင့်၊ အစာအဆိပ်သင့်စေ ၀မ်းပျက် စေပါတယ်။ အဲဒီပိုးတွေကြောင့် ကလေးအသက်ထိ ခိုင်နိုင်ပြီး၊ကလေးအသေမွေးခြင်း၊ ဦးနှောက်နဲ့ အာရုံကြောထိခိုက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ ၀က်ရူးပြန်ရောဂါနဲ့ မျက်စိမမြင်ရတာတွေအထိ၊ မွေးလာတဲ့ ကလေးတွေကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အမဲသား ၀က်သား ဆိတ်သားသိုးသားစတဲ့ အသားတွေကို မကျက်တကျက်ဖြစ်ဖြစ် အစိမ်းဖြစ်ဖြစ် မိခင်လောင်းတွေ လုံးဝ မစားသင့်ဘူး။ ဟော့ဒေါ့ ဟန်ဘာဂါ၊တွေလုပ်တဲ့အခါနဲ့ အသားတွေ သိမ်းဆည်းထားတဲ့အခါမှာလည်း၊ အဆိုပါ ပိုးတွေပါလာနိုင်လို့ အသားစားရင် သေချာနူးနပ် သေချာ အိနေအောင် ချက်ပြုတ် စားသင့်တယ်။ ကြာရှည်ခံအောင်ပြုပြင်ထားတဲ့ processed food တွေကိုလည်း၊ ရှောင်သင့် တယ်။

(၄) ကြက်ဥအစိမ်း

ကြက်ဥအစိမ်းရဲ့ အခွံမှာ ဆာမိုနဲ့လား( salmonella) ၀မ်းကိုက်ပိုးတွေ ကပ်လာနိုင်လို့၊ အစိမ်း မသောက်သင့်သလို မကျက်တကျက်လည်း ကြော်မစားသင့်ဘူး။ အစိမ်းသောက်လို့ မကျက် တကျက်စားမိလို့ Salmonella ၀မ်းကိုက်ရောဂါ ရလာရင်၊ အဖျားသွေးဝင်ကိုယ်ပူလာပြီး၊ ပျို့အန် တာ ဗိုက်နာတာ၊ ၀မ်းပျက်ဝမ်းလျောတာတွေ ဖြစ်ပေါ်လာတယ်။ တခါတလေ သိပ်ဆိုး ရွာရင်၊ သားအိမ်ကိုပါ ညှစ်အားဖြစ်လာစေပြီး၊ လမစေ့လေးမွေးခြင်း ကလေးသေးလေး မွေးခြင်း စတာတွေ ဖြစ်ပေါ်လာနိုင်တယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဥရေနွေးစိမ်၊ ဟတ်ဘွိုင်ကြော်၊ မကျက်တကျက် ကြက်ဥမွှေကြော်၊ အိမ်တွင်လုပ်တဲ့ မယိုးနိစ်၊ အသုပ်စုံ၊ ရေခဲမုန့်နဲ့ ကိတ်မုန့် စတာတွေ ရှောင်သင့်တယ်။ ကြက်ဥစားချင်ရင် ကျက်အောင်ပြုတ်စားသင့်သလို၊ ပါစချာရိုက် နည်းနဲ့ ပိုးသတ်ထားတဲ့ ဥတွေကိုသာ၊ သုံးစွဲစားသောက်သင့်ပါတယ်။

(၅) ကလီစာ အသားများ

အသည်းနှလုံး ကျောက်ကပ် အူစုံစတဲ့ ကလီစာအသားတွေမှာ အာဟာရဖြစ်တဲ့၊ သံဓါတ် ဗီတာမင် ဘီ ၁၂ နဲ့ အေ နဲ့ ကြေးနီဓါတ်တွေကြွယ်ဝပေမဲ့၊ အများကြီးစားရင်၊ ဗီတာမင် အေတွေ ကိုယ်ခန္ဓာချွတ်ယွင်းချက်နဲ့ အသည်းထိခိုက်ပျက်စီးတာတွေ၊ ဖြစ်စေနိုင်တယ်။ ဒါကြောင့် တပက် တစ်ကြိမ်လောက်သာ ကလီစာ အသားတွေကို သေချာ နပ်အောင်ချက် ပြုတ်စားသင့်တယ်။

(၆) ကော်ဖီ

လူအများကြိုက်နှစ်သက်ကြတဲ့ ကော်ဖီ( ကဖီး caffeine) ဓါတ်ဟာ၊ လဘက်ရည် ချိုချည်, ချောကလက်, အချိုရည်တွေနဲ့ ကိုကာကိုလာ ဖျော်ရည်တွေမှာပါဝင်တယ်။ ကိုယ်ဝန်ရှိကာစ ၃-၄ လမှာတော့ ကော်ဖီလုံးဝ ဖြတ်သင့်ပြီး၊ နောက်ပိုင်းမှာတော့၊ တစ်နေ့ကို ၂၀၀မီလီဂရမ် (ပုံမှန်ကော်ဖီခွက် ၂-ခွက်)လောက်သာ သောက်သင့်တယ်။ ကော်ဖီမှာပါတဲ့ ကဖီးဓါတ်က၊ သောက်အပြီး ချက်ချင်းဆိုသလို၊ အချင်းကတဆင့် ကလေးဆီ အမြန်ဆုံးရောက်သွားပြီး၊ ကလေးဆီမှာ ကဖီးကိုချေဖျက်နိုင်တဲ့ အင်ဇိုင်လဲ မရှိသေးတော့၊ မိခင်လောင်း များများသောက်လေ ကလေးဆီမှာ ကဖီးတွေ စုပုံနေလေ ဖြစ်တယ်။ ကဖီးဓါတ်များလေလေ သန္ဓေသားရဲ့ ကြီးထွားနှုန်းကျဆင်းစေပြီး ပေါင်မပြည့်လေးမွေးလာစေတယ်။မွေးစအလေးချိန် ၅ ပေါင်(၂.၅ ကီလို) ထက်နည်းရင်၊ မွေးကင်းစ သေဆုံးမှုများစေရုံမကပဲ၊ ကြီးလာတဲ့အခါ ဆီးချိုအမျိုးအစား ၂ နဲ့ နှလုံးရောဂါလိုနာတာရှည် ရောဂါဖြစ်နိုင်ခြေ မြင့်မားစေတာကြောင့်၊ မိခင်လောင်းတွေအနေနဲ့ ကော်ဖီမသောက်တာက ပိုကောင်းပါတယ်။

(၇) အညွှန် အညှောင့် အစိမ်းစားခြင်း

ပရိုတင်းကြွယ်ဝတဲ့ လူဆန်ပဲပင် (Alfalfa) အညွှန့်တွေ၊ သုံးရွက်ဆိုင် ပဲရွက် Clover အညှောင့်တွေ၊ မတ်ပဲအညှောင် စတာတွေမှာ၊ ဆာမိုနဲ့လားပိုးတွေ ကပ်ညှိပါလာတတ်တယ်။ အဲဒီပိုးတွေက အစေ့အဆန်အတွင်းထဲထိအောင် နေတတ်တာဆိုတော့၊ ဆေးကြောရုံနဲ့လည်း မစင်ကြယ်နိုင်ဘူး။ ကျက်အောင် ချက်ပြုတ် ကြော်လှော်ပြီးမှ၊ စားသင့်ပါတယ်။

(၈) မဆေးကြောရသေးတဲ့ အသီးအနှံများ

ကောင်းစွာ မဆေးရသေးတဲ့ ၊ အခွံမနွှာရသေးတဲ့ အသီးအနှံ့တွေအပေါ်မှာ ဘက်တီးရီးယား ပေါင်းစုံ၊ ကပ်ပါးပိုးမျိုးစုံ ကပ်ညှိနေတယ်။ လက်တွေနဲ့ ကိုင်ရာကဖြစ်စေ၊ မြေကြီးဖုန်းအမှိုက် သရိုက်တွေကတဆင့်ဖြစ်စေ၊ တောက်ဆိုပလာစမာ၊ ဆာမိုနဲ့လား၊ အီးကိုလိုင်၊ လစ်စ်တီး ရီးယားစတဲ့ ပိုးမွှားတွေ ကပ်ပါလာနိုင်ပြီး ကိုယ်ဝန်ဆောင်ကာလတွေမှာတော့၊ ကိုယ်ဝန်ဆောင် မိခင်ကိုရော၊ ကလေးကိုပါ ဘေးဥပါဒ်ပေးပါတယ်။ အဆိုးဆုံးကတော့ တောက်ဆိုပလာစ်မာ ဘက်တီးရီးယားသာ ကပ်ညှိပါလာရင်၊ တုတ်ကွေးလိုမျိုး၊ လက္ခဏာတွေကို လချီ ခံဏားလာရ တာနဲ့ သန္ဓေသားကို ဒုက္ခပေးတာတွေဖြစ်လာစေတယ်။ တချို့မှာတော့၊ မမွေးခင်မိခင်နဲ့ မွေးပြီးကလေးမှာ ကလက္ခဏာမပြသေးဘဲ၊ ကလေးကြီးလာမှ မျက်စိမမြင်တာ၊ ဥာဏ်ရည် နောက်ကျတာတွေက သိသိသာသာဖြစ်ပေါ် ခံစားလာရတယ်။ တချို့ကလေးတွေမှာတော့ မွေးကတည်းက မျက်စိနဲ့ ဦးနှောက်အတော်လေးထိခိုက်ခဲ့တာမြင်တွေ့ရတယ်။ အတော် ကြောက်စရာကောင်းတဲ့ ထိခိုက်မှုမို့၊ အသီးအနှံ့တွေကို သေချာ မဆေးကြောပဲ အခွံမနွှာပဲ မစားသင့်ပါဘူး။ အရွက်တွေဆိုလည်း၊ သေချာဆေးပြီးမှ ချက်ပြုတ်စားရမယ်။ အစိမ်းမစားသင့်ပါဘူး။

(၉) ပိုးမသတ်ထားတဲ့ နို့ ဒိန်ခဲနဲ့ သစ်သီးဖျော်ရည်အချိုရည်မျိုးစုံ

နို့အစိမ်းသက်သက်လွတ်တွေနဲ့ ပါစချာရိုက်နည်းနဲ့ ပိုးသတ်မထားတဲ့၊ ဒိန်ခဲတွေ အသီးဖျော် ရည်တွေမှာ၊ လစ်စ်တီးရီးယား၊ ဆာမိုနဲ့လား၊ အီးကိုလိုင်နဲ ကင်ပိုင်လို ဘက်တာ Campylobacter စတဲ့ ဘက်တီးရီးယားတွေ ပါလာတတ်တယ်။ အဲဒါတွေက သန္ဓေသား အသက်ကို သေဆုံးစေပါတယ်။ ပါစချာရိုက်နည်းနဲ့ ပိုးသတ်ခြင်းက၊ အာဟာရတန်ဘိုးတွေ မပျက်စီးစေပဲ၊ ပါလာတဲ့ပိုးတွေကိုသာ၊ သေစေတာပါ။ ဒါ့ကြောင့် နိုင်ငံခြားဆိုရင်တော့ ပါစချာရိုက်လုပ်ပြီးကြောင်းရေးထားတဲ့ နို့ ဒိန်ခဲနဲ့ သစ်သီးဖျော်ရည်တွေ၊ အချိုရည်တွေ ရွေးချယ်စားသောက်ရုံပါပဲ။ ဒီမှာတော့သေချာ ကြိုချက်ထားတဲ့နို့ကိုသာ မိမိဖာသာ ကြိုချက်ပြု လုပ် စားသောက်သင့်ပါတယ်။

(၁၀) အရက်၊ ဘီယာ၊ ၀ိုင်၊ မာတီနီ စတဲ့ အယ်လ်ကိုဟော ပါတာတွေ

ကိုယ်ဝန်ဆောင်တိုင်း အယ်လ်ကိုဟောပါတာဟူသ၍ ရှောင်ရှားသင့်တယ်။ သားလျှော သားပျက်နဲ့ ကလေးအသေလေးမွေးဖွားစေလို့ ရှောင်ကျဉ်သ့င်တာပါ။

အနည်းအကျဉ်းသောက်လည်း ကလေးရဲ့ဦးနှောက်ကို၊ ထိခိုက်စေပါတယ်။ ဒါ့ပြင် ကလေးမှာ အယ်လ်ကိုဟော ဆင်ဒရုန်းဆိုတဲ့၊ မျက်နှာအစိတ်အပိုင်းတွေ ချို့ယွင်းတာ၊ စိတ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးတာ၊ နှလုံးဖွဲ့စည်းပုံ မပြည့်စုံတာတွေ ဖြစ်နိုင်တယ်။ အရက်ဘယ် လောက်လေးသောက်ရင်၊ စိတ်ချရပါတယ် ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် အရက်ပါတာ အားလုံး အသေအချာ ရှောင်သင့်ပါတယ်။

(၁၁) အမြန်စာတွေ အချိုရည်တွေ အားလုံး ရှောင်ပါ

ကိုယ်ဝန်ဆောင်ကာလမှာ ကြီးထွားတာမြန်တဲ့ ကလေးလေးအတွက်၊ အသားဓါတ်၊ ဖောလိပ်နဲ့ သံဓါတ်တွေ အတော်လေးလိုအပ်ပါတယ်။ လူတွေ ပြောလေ့ရှိသလို၊ ကိုယ်ဝန်ရှိတုံး ၂ ယောက်စာ ၂ ဆ စားပေးရမှာ မဟုတ်ပဲ၊ ကိုယ်ဝန် ၃ လ နောက်ပိုင်းမှာ၊ နေ့စဉ် စားနေကျထက်၊ ၃၅၀ မှ ၅၀၀ ကယ်လိုရီသာပိုစားပေးရမှာပါ မဟုတ်ပဲ၊ ကိုယ်ဝန် ၃ လ နောက်ပိုင်းမှာ၊ နေ့စဉ် စားနေကျထက်၊ ၃၅၀ ကယ်လိုရီသာပိုစားပေးရမှာပါ။ စားတိုင်း ကာဘိုဟိုက်ဒြိတ်, အသားဓါတ် အဆီဓါတ်နဲ့ ဗီတာမင်, သတ္တုဓါတ်တွေ ပြည့်ဝတဲ့ အစာအဟာရတွေကိုသာ၊ ရွေးချယ်စားသုံးရမှာပါ။ ကြာရှည်ခံအောင်ပြုပြင်ထားတဲ့ အမြန်စာ တွေနဲ့၊ အချိုရည်မျိုးစုံတွေမှာ၊ အာဟာရတန်ဘိုးကနည်းပါးပြီး၊ ဆား,သကြားတွေ မလိုလား အပ်တဲ့ အဆီတွေ၊ ဓါတုပစ္စည်း Food addictive၊ အရောင်ဆိုးဆေး၊ အနံ့အရသာအတု တွေနဲ့၊ အပိုကယ်လိုရီတွေသာ အများစုပါတာဆိုတော့၊ ဒါတွေစားပါများရင် အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ၊ သွေးတိုးနဲ့ အ၀လွန်ရောဂါတွေ ရုတ်တရက် ခံစားလာရနိုင်တယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း၊ ရောဂါထွေတာတွေ၊ ကိုယ်ဝန်ဆိပ်တက်ရောဂါ၊ သွေးပေါင် တက်တာတွေ၊ ဆီးချိုရောဂါတွေ၊မီးဖွားစဉ် အခက်အခဲဖြစ်တာတွေ ခံစားလာရတဲ့အပြင်၊ ကလေးထွား လွန်းလို့ ရိုးရိုးမမွေးနိုင်ပဲ ကိရိယာအကူနဲ့ သို့မဟုတ် ဗိုက်ခွဲ မွေးရတာတွေ ဖြစ်လာစေတယ်။ မွေးကင်းစ အ၀လွန် ၈ ပေါင်ကျော် ကလေးဟာကြီးလာရင်လည်း ၊ အ၀လွန် ကလေး၊ အ၀လွန် လူကြိးတွေ ဆက်ဖြစ်လာ စေပြီး၊ ဆီးချို သွေးတိုး ရောဂါတွေနဲ့ ကျန်းမာရေး ဆက်လက်ထိခိုက်နိုင်ပါတယ်။

(၁၁) အပြင်စာနဲ အကင်စာတွေ စားသောက်တာ လျှော့ပါ(သို့) ရှောင်ကျဉ်ပါ

ကိုယ့်အိမ်မှာ ချက်ပြုတ်တာကသာ၊ သန့်ရှင်ပြီး ရောဂါပိုးမွှားကင်းအောင် ကိုယ်တိုင်ဂရုစိုက်နိုင် တယ်။ ဒါ့ကြောင့် ဖြစ်နိုင်သ၍ ပြင်ပ အစားအစာမစားဘဲ၊ အိမ်တွင်း ချက်ပြုတ်တာကိုသာ စားသင့်တာပါ။ ပြင်ပ ဆိုင်ဟင်း ထမင်းတွေ အကင်စာတွေက၊ လတ်ဆက်သန့်ရှင်းမှု အားနည်းနိုင်သလို ဟင်းချိုမှုန့်နဲ့ ဆား, သကြားများတဲ့၊ အစားအစာတွေ ဖြစ်နေတတ်ကြပါ တယ်။ အရောင်ဆိုးဆေးနဲ့ ကြာရှည်ခံ Food addicitive တွေကလည်း ပါဝင်နေကြသေး တယ်။ကိုယ်ဝန်ဆောင်တွေအတွက် သာမက သာမန်လူတွေရဲ့ ကျန်းမာရေးအတွက်ပါ လုံးဝမသင့်လျော်တာမို့၊ ပြင်ပစာ အကင်စာမစားဘို့ မစားဘို့ တိုက်တွန်းလိုပါတယ်။ မိမိဖာသာ မချက်တတ်ရင်လည်း အာဟာရနဲ့ ညီအောင် ပြင်ဆင် ချက်ပြုတ်နိုင်ဘို, လမ်းညွှန် တဲ့ ဟင်းချက်နည်း လမ်းညွှန်စာအုပ်တွေ ၀ယ်ယူလေ့လာပြီး၊ ချက်ပြုတ်စားသောက်သင့်တယ်။

ရှေးစကား (ယောကျာ်းဖောင်စီး, မိန်းမ မီးနေ အသက်ဘေးနဲ့ နီးတတ်ပေ) ဆိုရိုးစကားလို၊ မိခင်နဲ့ ကလေးလေးရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေတဲ့၊ အထက်ပါ အစားအသောက်များကို မိခင်လောင်းတွေအနေနဲ့ မိမိနဲ့ မိမိရင်သွေးလေးအတွက် အထူးသတိထား ရှောင်ရှားကြပါလို့၊ စေတနာရှေကထားပြီး အကြံပြုလိုက်ပါတယ်။

ဒေါက်တာ မြချယ်ရီ