တုပ်​​ကွေး ကာကွယ်​​ဆေး

တုပ်​​ကွေးကာ​ကွယ်​​ဆေး ဆိုသည်​မှာ တုပ်​​ကွေး​ရောဂါ ဖြစ်​ပွား​စေ​သော ဇီဝပိုးမွှား၏ အပိုင်းအစကို မိမိခန္ဓာကိုယ်​တွင်းသို့ တစ်​နည်းနည်းဖြင့်​​ ၀င်ရာက်​​စေကာ ကာကွယ်​​သော ပဋိပစ္စည်းများထွက်​ရန်​ လှုံ​ဆော်​ခြင်း ဖြစ်​ပါသည်​။

ကာကွယ်​​ဆေးမှာ အသား​ဆေးဖြစ်​ပြီး တစ်​လခြား ၂ကြိမ်​ ထိုးနှံရပါသည်​။

တုပ်​​ကွေးကာကွယ်​​ဆေးကို ထိုးနှံရာတွင်​ ဓာတ်​မတည့်​သူမျး၊ အသားဓာတ်​နှင့်​ ဓာတ်​မတည့်​သူများ မထိုးသင့်​ပါ။ သို့​သော်​ ဤဖြစ်​စဉ်​မှာ အလွန်​ရှားပါးပါသည်​။

ကိုယ်​ဝန်​​ဆောင်​များ၊ နို့တိုက်​မိခင်​များလည်း ထိုးနှံရမည်​ဆိုပါက အလွန်​ သတိပြုသင့်​ပါသည်​။

တုပ်​​ကွေးကာကွယ်​​ဆေး ထိုးနှံခြင်းဖြင့်​ တုပ်​​ကွေးဖြစ်​ရာမှ ဖြစ်​​ပေါ်တတ်​​သော ​ဆိုးရွားသည့်​ ​နောက်​ဆက်​တွဲဆိုးကျိုးများကို ကာကွယ်​နိုင်​ရန်​ ရည်​သန်​ခြင်းဖြစ်​ပါသည်​။ ​ဆေးအာနိသင်​ ပြပါက ထိုးနှံသည့်​​နေရာတွင်​ နီခြင်း၊ ​ငွေ့​ငွေ့ဖျားခြင်း တစ်​ရက်​ နှစ်​ရက်​ခန့်​ ဖြစ်​တတ်​ပါသည်​။ စိုးရိမ်​စရာ မရှိပါ။

အဓိကအားဖြင့်​ တုပ်​​ကွေးကာကွယ်​​ဆေး ထိုးနှံထားသည့်​အတွက်​ နှာ​စေး၊ ​ချောင်းဆိုး စ​သော အ​သေးအမွှား အ​အေးမိခြင်းများ ဖြစ်​နိုင်​​သေးသည်​ဟု နားလည်​ထားရပါမည်​။ တုပ်​​ကွေးဖြစ်​ရာမှ ရရှိ​သော ပြင်းထန်​အဆုတ်​​ယောင်​ခြင်းကိုသာ ကာကွယ်​နိုင်​မည်​ ဖြစ်​ပြီး နှစ်​စဉ်​ ထပ်​​လောင်း​ဆေးထိုးခြင်း တစ်​ကြိမ်​ ပြုလုပ်​ရန်​ လိုအပ်​ပါသည်​။