ငါးကြီးဆီ

Fish oil ကတော့ လူတော်တော်များများ ကြားဖူးသိဖူးကြမှာပါ .. တကယ်တော့ မြန်မာလူမျိုးတွေက ဟိုးအရင်ခေတ်တွေထဲက ကျန်းမာရေးကောင်းအောင်လို့စားခဲ့ကြတာပါ … ရှေးမြန်မာကြီးတွေလက်ထက်ကတည်းက စားသုံးခဲ့ကြတဲ့ ငါးကြီးဆီပါပဲ … အဲ့ဒီခေတ်တွေတုံးကတော့ နည်းပညာမတိုးတက်သေးတော့ အနံ့နံပါတယ် … ခေတ်တွေတိုးတက်တာနဲ့အမျှ စားသုံးရလွယ်ကူအောင်ထုတ်လာကြတာပေါ့နော် 😀

ဒီဆောင်းပါးမှာတော့ ငါးကြီးဆီမှာ လူ့ခန္ဓာကိုယ်အတွက် အကျိုးအရှိဆုံးဖြစ်တဲ့ omega 3 fatty acids အကြောင်းကိုပြောပြသွားမှာပါ 😉

Omega 3 fatty acids မှာ EPA (eicosapentaenoic acid) နဲ့ DHA (docosahexaenoic acids) တို့ပါဝင်ပါတယ်

omega 3 ကြွယ်ဝစွာပါဝင်တဲ့ ငါးတွေဖြစ်တဲ့ ငါးသလောက်, တူနာငါး, ဆော်လမွန် နဲ့ ငါးမြစ်ချင်း တို့ကို စားသုံးချင်းမှရနိုင်သလို supplements, omega 3 ပါတဲ့ အားဆေးတွေ သောက်သုံးချင်းမှလဲရှိနိုင်ပါတယ် 🙂

Omega 3 ချို့တဲ့ရင် အသားအရေခြောက်မယ်, ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းမယ်, သတိမေ့လွယ်ပြီး စိတ်ဓာတ်ကျခြင်းတွေဖြစ်ပေါ်နိုင်ပါတယ် :-O

အဲ့ဒီတော့ ငါးများများစားမယ်

ငါးမစားချင်ဘူးဆိုရင် အားဆေး သောက်ခြင်းဖြင့်အထက်ပါ ဆိုးကျိုးတွေကာကွယ်နိုင်ပါတယ်နော် 😉

Omega 3 ရဲ့ကောင်းကျိုးတွေကတော့

ခန္ဓာကိုယ်ကြီးထွားစေသော ဟော်မုန်းဖြစ်တဲ့ HGH ကို ထွက်စေပါတယ် … HGH က အသက်၃၀ ကျော်လာတာနဲ့အမျှ ခန္ဓာကိုယ်မှ ထုတ်တာနည်းသွားပြီး အိုမင်းရင့်ရော်မှုကိုဖြစ်စေပါတယ် 🙂 … အဲ့ဒီတော့ omega 3 သောက်ခြင်းဖြင့် HGH ကိုဆက်လက်ထုတ်စေမှာပါ … HGH ကအိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးပြီး အရေးအကြောင်းတွေကို နည်းစေပါတယ် … အရိုးသိပ်သည်းဆများစေပြီး ကြွက်သားထုကိုကြီးစေတဲ့အတွက် gym ကစားတဲ့သူတွေက fish oil ကိုသောက်ကြတာပါ 🙂

နောက်တစ်ခုကောင်းတာကတော့ fish oil ကအဆီကျစေပါတယ် …triglycerides လို့ခေါ်တဲ့ မကောင်းတဲ့အဆီတွေကိုကျစေပြီး HDL လို့ခေါ်တဲ့ ကောင်းတဲ့အဆီကိုများစေပါတယ် … ခန္ဓာကိုယ်အရည်ပြားအောက်ကအဆီတွေကို ကျစေပါတယ် 😉

သွေးပေါင်ချိန်ကို ကျစေတဲ့အတွက် သွေးတိုးရောဂါရှိတဲ့သူတွေအတွက်အထူးသင့်လျော်ပါတယ် … မှန်မှန်သောက်သုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ရောဂါတွေကိုကာကွယ်နိုင်ပါတယ် 🙂

စိတ်ဖိစီးမှုကို သက်သာစေပြီး အာရုံစူးစိုက်မှုကိုကောင်းစေပါတယ် … အမြင်အာရုံအတွက်ကောင်းစေပြီး မျက်ရိုးကိုက်ခြင်းကိုလဲသက်သာစေပါတယ် 🙂

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်တွေ omega 3 ကိုမှန်မှန်သောက်သုံးခြင်းဖြင့် လမစေ့ပဲမွေးဖွားခြင်းကိုရှောင်ရှားနိုင်သလို ကလေးငယ်လေးရဲ့ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကိုလဲ အထောက်အကူပြုပါတယ် 🙂

*Omega 3 ကိုသောက်သုံးချင်တယ်ဆိုရင်တော့…

ဒီဘက်ခေတ်မှာတိုးတက်လာတာနဲ့အမျှ ပါဝင်ပစ္စည်းမျိုးစုံနဲ့ပေါင်းစပ်ပြီးထုတ်လုပ်ကြပါတယ် … ဒါပေမယ့် ဘယ်လောက်ပဲကောင်းတယ်ပြောပြော fish oil ကသွေးကျဲစေတဲ့အတွက် တစ်နေ့ကို 3 grams ထက် ပိုမသောက်သင့်ပါဘူး

*အကြံပြုရမယ်ဆိုရင်တော့ တစ်နေ့ကို 1 gram ပုံမှန်သောက်သွားတာ အသင့်တော်ဆုံးပါပဲ

Brand တစ်ခုနဲ့တစ်ခုဘာကွာလဲဆိုရင်တော့ ဈေးကြီးတာအကောင်းဆုံးပါပဲ … fish oil ချင်းအတူတူ ထုတ်တဲ့နိုင်ငံချင်းလဲတူပြီး brand တစ်ခုနဲ့တစ်ခုဈေးနှစ်ဆသုံးဆ ကွာတာကတော့ ကုန်ကြမ်းကွာလို့ပါ

*သတိပြုရန်

ငါးနဲ့ဓာတ်မတည့်သူတွေ omega 3နဲ့လဲ မတည့်တတ်ပါဘူး

Omega 3 ကသွေးကျဲစေတဲ့အတွက် သွေးကျဲဆေး(aspirin,clopidogrel,warfarin, heparin) တွေသောက်နေတဲ့သူတွေ သွေးမတိတ်တဲ့လက္ခဏာဖြစ်တတ်လို့ လျှော့ပြီးသောက်သုံးသင့်ပါတယ် 🙂

Omega 3 ကသွေးပေါင်ချိန်ကျစေတဲ့အတွက် သွေးတိုးရောဂါရှိသူတွေ သွေးကျဆေးနဲ့တစ်ပြိုင်တည်းမသောက်သင့်ပါဘူး 🙂

အဆီကျဆေး(orlistat) သောက်နေတဲ့သူတွေကတော့ omega 3 ကို အနည်းဆုံးနှစ်နာရီလောက်ခြားပြီးသောက်သင့်ပါတယ်

အားလုံးပဲကျန်းမာပြီး လှပတဲ့အသားအရည်ကိုပိုင်ဆိုင်နိုင်ကြပါစေ 🙂

https://m.facebook.com/story.php?story_fbid=720259314744243&substory_index=0&id=667492273354281

ရွှန်းလဲ့ (ဆေး ၂ )