မျက်နှာဝင်းပအောင် ပေါင်းတင်ကြမယ် (Facial Conditioning)

မိတ်ဆွေတို့ အနေနှင့် မျက်နှာပေါင်းတင်နည်း များစွာကြားဖူး၊ ပြုလုပ်ဖူးကြမှာ ဖြစ်ပါတယ်။ ထိုပေါင်းတင်နည်းများအနက် မီးဖိုချောင်တွင်
အလွယ်တကူ ရရှိနိုင်သောပစ္စည်းနှစ်မျိုးဖြင့် အလွယ်ကူဆုံး ပေါင်းတင်နိုင်ရန်ဖော်ပြလိုက်ပါသည်။

ယခုပေါင်းတင်နည်းမှာ
♡ နေပူထဲ သွားလာများသူများ
♡ နေရောင်ကြောင့် အသားအရေခြောက်သွေ့နေသူများ
♡ အရေပြား အဆီအလွန်ပြန်သူများ
♡ အရေပြား စိုပြည် ဝင်းပလိုသူများ
♡ မျက်ကွင်းညိုသူများ
♡ မျက်နှာပေါ်ရှိ ဝက်ခြံအမာရွတ်ပျောက်လိုသူများ အတွက် အထူးသင့်လျော်ပါသည်

ဒီပေါင်းတင်နည်းကို အသုံးပြုရန်မှာ
(၁) ခရမ်းချဉ်သီး အနေတော်တစ်လုံး
(၂) သခွားသီး အစိမ်း အနေတော်တစ်လုံးသာလိုအပ်ပါသည်
ခရမ်းချဉ်သီးကို အသုံးပြုရခြင်းမှာအရေပြားအတွက် ခရမ်းချဉ်သီးဟုဆိုရအောင်ပင် အရေပြားအတွက် ဓာတ်တိုးဆန့်ကျင်သော (anti-oxidant)
Lycopane များစွာပါဝင်သည်။ ထို့ပြင် သဘာဝနေရောင်ကာပစ္စည်း ဖြစ်သလိုနေလောင်အသားအရေကို လျင်မြန်စွာသက်သာစေသည်။
သခွားသီးကတော့ သဘာဝအမာရွတ်ပျောက်ဆေး ဟုခေါ်ရအောင် အစွမ်းထက်သောကြောင့်ဖြစ်သည်။

???? ပြုလုပ်ပုံမှာ

  • ခရမ်းချဉ်သီး ကိုဦးစွာ ပါးပါးလှီး၍ ပျစ်ပျစ်ဖျော်ထားပါ။
  • ထို့နောက် သခါးသီးကို လည်း သေးငယ်စွာလှီး၍ (သို့) ဖျော်စက်နှင့် ကျိတ်၍ အရည်ပြစ် နှစ်မျိုးကိုသမအောင် ရောပြီး
    မျက်နှာအနှံ့ သုတ်လိမ်းပြီး မိနစ် ၂၀ခန့်ထားပါ။
  • ထို့နောက် ရေဆေးလိုက်သည့်နှင့် ဝင်းပစိုပြေသော အသားအရေကို ပိုင်ဆိုင်နိုင်ပြီဖြစ်ပါသည်။

မယ်တင် (ဆေး ၁)