မျက်နှာဝင်းပအောင် ပေါင်းတင်ကြမယ်

မိတ်ဆွေတို့ အနေနှင့် မျက်နှာပေါင်းတင်နည်း များစွာကြားဖူး၊ပြုလုပ်ဖူးကြမှာ
ဖြစ်ပါတယ်၊ထိုပေါင်းတင်နည်းများအနက်မီးဖိုချောင်တွင် အလွယ်တကူ ရရှိနိုင်သော
ပစ္စည်းနှစ်မျိုးဖြင့် အလွယ်ကူဆုံး ပေါင်းတင်နိုင်ရန်ဖော်ပြလိုက်ပါသည်
ယခုပေါင်းတင်နည်းမှာ
♡ နေပူထဲ သွားလာများသူများ
♡ နေရောင်ကြောင့် အသားအရေခြောက်သွေ့နေသူများ
♡အရေပြား အဆီအလွန်ပြန်သူများ
♡အရေပြား စိုပြည် ဝင်းပလိုသူများ
♡ မျက်ကွင်းညိုသူများ
♡ မျက်နှာပေါ်ရှိ ဝက်ခြံအမာရွတ်ပျောက်လိုသူများ အတွက် အထူးသင့်လျော်ပါသည်
ဒီပေါင်းတင်နည်းကို အသုံးပြုရန်မှာ
(၁) ခရမ်းချဉ်သီး အနေတော်တစ်လုံး
(၂)သခွားသီး အစိမ်း အနေတော်တစ်လုံးသာလိုအပ်ပါသည်
ခရမ်းချဉ်သီးကို အသုံးပြုရခြင်းမှာအရေပြားအတွက် ခရမ်းချဉ်သီးဟုဆိုရအောင်ပင်
အရေပြားအတွက် ဓာတ်တိုးဆန့်ကျင်သော (anti oxidant) Lycopane များစွာပါဝင်သည်
ထို့ပြင် သဘာဝနေရောင်ကာပစ္စည်းဖြစ်သလိုနေလောင်အသားအရေကို လျင်မြန်စွာသက်သာစေသည်
သခွားသီးကတော့ သဘာဝ အမာရွတ်ပျောက်ဆေး ဟုခေါ်ရအောင် အစွမ်းထက်သောကြောင့် ဖြစ်သည်
????ပြုလုပ်ပုံမှာ
ခရမ်းချဉ်သီး ကိုဦးစွာ ပါးပါးလှီး ပြစ်ပြစ်ဖျော်ထားပါ
ထို့နောက် သခါးသီးကို လည်း သေးငယ်စွာလှီး၍ (သို့) ဖျော်စက်နှင့် ကျိတ်၍ အရည်ပြစ် နှစ်မျိုးကို
သမအောင်ရောပြီး မျက်နှာအနှံ့ သုတ်လိမ်းပြီး မိနစ် ၂၀ခန့်ထားပါ
ထို့နောက် ရေဆေးလိုက်သည့်နှင့် ဝင်းပစိုပြေသော အသားအရေကို ပိုင်ဆိုင်နိုင်ပီဖြစ်ပါသည်