မျက်​ရစ်​​ဖော်​ခြင်း , မျက်​အိတ်​ထုတ်​ခြင်း ကုသမှု

ဆရာမတို့ရဲ့ အလှအပ​ရေးရာ ​ဆေးပညာ ​တစ်​​နေ့ထက်​တစ်​​နေ့ တိုးတက်​ထွန်းကားလာတာနဲ့ အမျှ လူတို့ရဲ့မျက်​နှာ ပုံပန်းသွင်​ပြင်​ကို​ ပိုပြီးကြည့်​​ကောင်း​အောင်​ ကုသလို့ရတဲ့ နည်းလမ်း​တွေ အများကြီး​ရှိ​နေပြီပဲ ဖြစ်​ပါတယ်

အဲ့လိုပြုပြင်​မှု​တွေထဲကမှ အခုတစ်​​​ခေါက်​မှာ​တော့ မျက်​ရစ်​ခွဲစိတ်​မှုအ​ကြောင်း​လေးကို ဆရာမ ​ပြောပြ​ပေးချင်​ပါတယ်

ဆရာမတို့ အလှအပ​ရေးရာမှာ အ​ပေါ်မျက်​ရစ်​ခွဲစိတ်​မှုနဲ့ ​အောက်​မျက်​ရစ်​ခွဲစိတ်​မှု ဆိုပြီး2မျိုးရှိပါတယ်

အ​ပေါ်မျက်​ရစ်​ကို ဘယ်​သူ​တွေခွဲစိတ်​​ပြုပြင်​​လေ့ရှိလဲဆို​တော့

1)​မွေးရာပါ မျက်​ရစ်​မပါသူများ

2)မျက်​ရစ်​​သေးသူများ

3)အသက်​အရွယ်​ကြီးလာလို့ အ​ပေါ်မျက်​ခွံတွဲကျပြီး အမြင်​အာရုံ မြင်​ကွင်းကွယ်​​နေသူများ

4)မျက်​ရစ်​ဘယ်​ညာမညီသူများ

5)အ​ပေါ်မျက်​ခွံ​ဖောင်း​နေသူများ ပြုလုပ်​​လေ့ရှိပါတယ်

အောက်​မျက်​ရစ်​ခွဲစိတ်​မှုကို​တော့ မျက်​အိတ်​​ဖောင်း​နေသူများက အမြဲပင်​ပန်း​နေတဲ့ပုံ​ပေါ်ခြင်း, မိမိရှိရင်းစွဲ အသက်​ထက်​ ပိုပြီးကြီးတယ်​ထင်​ရခြင်း တို့အတွက်​​ကြောင့်​ ကုသမှုခံယူ​လေ့ရှိပါတယ်

အ​ပေါ်မျက်​ရစ်​ခွဲစိတ်​မှု အ​နေနဲ့က​တော့ မျက်​ခွံ​ပေါ်မှာရှိတဲ့ အ​ရေပြား,အဆီ တစ်​ချို့ကိုဖယ်​ထုတ်​ပြီး ချုပ်​ရိုး​သေး​သေး​လေး​တွေနဲ့ ပြန်​ချုပ်​တာပဲဖြစ်​ပါတယ်

အောက်​မျက်​အိတ်​ကို​တော့ ခွဲစိတ်​ဆရာဝန်​ရဲ့ အသုံးပြုတဲ့ နည်းလမ်း​ပေါ်မူတည်​ပြီး ချုပ်​ရိုးပြန်​ချုပ်​စရာ လို မလို ကွာခြားနိုင်​ပါတယ်

ခွဲစိတ်​မှု နှစ်​မျိုးလုံးကို တစ်​ပြိုင်​နက်​ထဲလုပ်​လို့ရတဲ့ အတွက်​ ခွဲစိတ်​ပြီး ၁လ အကြာမှာ ရှိရင်းစွဲ အသက်​ထက်​ ပိုငယ်​သွားသလို ဖြစ်​သွားတာကို သတိပြုမိမှာပါ

ခွဲစိတ်​မှုကြာမြင့်​ချိန်​က​တော့ ၁နာရီမှ ၁နာရီခွဲအတွင်းကြာမြင့်​တတ်​ပါတယ်

ထုံ​ဆေးထိုးပြီး ခွဲ​လေ့ရှိပါတယ်

ဆေးရုံ​တွေရဲ့ ပိုးသတ်​ထားတဲ့ ခွဲစိတ်​ခန်းထဲမှာ ခွဲတာက ပိုပြီး​တော့ စိတ်​ချရပါတယ်

ခွဲစိတ်​မှုခံယူပြီး ၁လမှ ၆လအတွင်း တစ်​ဖြည်းဖြည်း အသားကျပြီး​တော့ ကြည့်​​ကောင်းလာမှာပဲဖြစ်​ပါတယ်

ခွဲစိတ်​ကုသမှုခံယူပြီး ဘာ​တွေကြုံ​တွေနိုင်​ရမလဲဆို​တော့

1)အနည်း​ငယ်​​ယောင်​ခြင်း

2)အနည်းငယ်​နာခြင်း

3)​သွေး​ခြေဥခြင်း

4)ခွဲစိတ်​မှုခံယူပြီး ၃ရက်​အတွင်း မျက်​လုံးဖွင့်​ရခက်​ခြင်း, အမြင်​အာရုံ နဲနဲဝါးခြင်း, မျက်​လုံး​ခြောက်​ခြင်း များခံစားရနိုင်​ပါတယ်

လိုက်​နာရမယ့်​အချက်​​တွေက​တော့

1)​ရေခဲကပ်​​ပေးခြင်း

2)မျက်​လုံးကို ညင်​ညင်​သာသာ သန့်​ရှင်း​ပေးခြင်း

3)မျက်​လုံးကို ကြမ်းကြမ်းတမ်းတမ်း ပွတ်​တိုက်​ခြင်းမပြုရ

3)မျက်​ကပ်​မှန်​, eye liner, eye shadow, mascara သုံးခြင်းများ ၂ပတ်​​လောက်​​ရှောင်​​ပေးသင့်​ပါတယ်

4) ​နေကာမျက်​မှန်​တပ်​​ပေးခြင်း, ​ခေါင်းအုံမြင့်​မြင့်​ဖြင့်​ အိပ်​ခြင်းများပြုလုပ်​​ပေးသင့်​ပါတယ်

ခွဲစိတ်​မှုခံယူပြီး ၃ရက်​မှ ၁ပတ်​အတွင်းမှာ​တော့ ချုပ်​ရိုးဖြည်​​လေ့ရှိပါတယ်

ခွဲစိတ်​မှုခံယူ​နေစဉ်​ တစ်​​လျှောက်​ ခွဲစိတ်​ဆရာဝန်​ညွှန်​ကြားချက်​​တွေကို လိုက်​နာဖို့လဲ လိုအပ်​ပါတယ်

ဘေးထွက်​ဆိုးကျိုးအ​နေနဲ့က​တော့

1)ဘယ်​ညာမညီခြင်း

2)အမာရွတ်​ဖြစ်​ခြင်း

3)အနာကျက်​​နှေးခြင်း များဖြစ်​တတ်​ပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)