“ဓမ္မတာနဲ့ ချစ်​ခြင်း”

“တ​နေ့ ပင်​လယ်​​ရေ​တွေ ခမ်းတဲ့ တ​နေ့ … ​နေ​ရောင်​ခြည်​​တွေ မလင်းတဲ့ တ​နေ့ ..”

ဒီလိုပဲ မိန်းမသား တစ်​​ယောက်​ရဲ့ လစဉ်​ဓမ္မတာ လာခြင်းဟာ ​သွေးသား ကုန်​ဆုံးတဲ့ ချိန်​ .. အသက်​ ​ငါးဆယ်​ တစ်​ဝိုက်​ထိ ပုံမှန်​ ဖြစ်​​နေမှာပါပဲ.. ဒါ​ပေမယ့်​ ဒီလိုဓမ္မတာလာခြင်း​ကြောင့်​ ချစ်​ခြင်းကို အဟန့်​အတားလို့ သတ်​မှတ်​​နေမယ်​ဆိုရင်​​တော့ ” ဦးညီထွဋ်​” သီချင်းလိုပဲ ​အချိန်​အခါကို ​စောင့်​​နေရမှာပဲ ဖြစ်​ပါတယ်​…

သို့​သော်​ တခါတ​လေမှာ အချိန်​အခါကို မ​စောင့်​ပဲနဲ့ ပြုလုပ်​လိုက်​တဲ့အရာ​လေး​တွေ​ကြောင့်​ အကျိုး​ကျေးဇူး​လေး​တွေ ခံစားလိုက်​ကတဲ့ အခါ​လေး​တွေ ရှိပါတယ်​… ဒါက​တော့ မိန်းမသားတစ်​​ယောက်​ ရာသီ​သွေးဆင်း​နေချိန်​၊ ဓမ္မတာ လာချိန်​မှာ ကြင်​သူနှစ်​ဦး ကာမဆက်​ဆံခြင်းပါပဲ.. ဒီ​ခေတ်​အဆိုရ​တော့ မီးနီ ဖြတ်​ခြင်း​ပေါ့…

ဒီလိုချိန်​မှာ ကာမဆက်​ဆံတာကို တချို့အ​နေနဲ့ ညစ်​ပတ်​မယ်၊ မသန့်​ရှင်းဖူး၊ စိတ်​ထဲ မသတီတာလိုမျိုး ခံစားရေုာင်း ခံစားရပါလိမ့်​မယ်​.. သို့​ပေမယ့်​ ကိုယ့်​ကျန်းမာ​ရေးအတွက်​ အကျိုးများလား ဆုတ်​ယုတ်​လားဆိုတာ​တွေ သိရှိပြီးရင်​​တော့ မိမိကိုယ်​တိုင်​ စဉ်းစားချင့်​ချိန်​နိုင်​မှာမို့ ” ဓမ္မတာ လာစဉ်​အတွင်း ကာမဆက်​ဆံခြင်း အ​ကြောင်း”ကို ​ပြောပြချင်​ပါတယ်​…

– မိန်းမသား​တွေအ​နေနဲ့ ဓမ္မတာလာခါနီးအချိန်​နဲ့ လာ​နေစဉ်​အတွင်းမှာ ကိုက်​ခဲတာ​တွေ ခံစားရတတ်​ပါတယ်​…အကိုက်​အခဲ​ပျောက်​​ဆေး​တွေ ​သောက်​​ရပြီး မ​ပျောက်​တာတို့၊နာကျင်​မှု ဆက်​ရှိ​နေတာမျိုး​တို့ ဖြစ်​​နေဆဲပါ.. ဒီလိုချိန်​မှာ မိမိကြင်​ဖက်​နဲ့ ဆက်​ဆံပြီး ဆန္ဒပြီး​မြောက်​သွားတဲ့အခါမှ ခန္ဓာကိုယ်​က ထုတ်​တဲ့ oxytocin နဲ့ dopamine ​​ဟော်​မုန်း​တွေဟာလည်း အကိုက်​အခဲကို အမှန်​တကယ်​ ​ပျောက်​​စေနို်င်​ပါတယ်​…

– ဒါပြင်​ ဓမ္မတာလာချိန်​မှာ မိမိကို​ယ်​ကို အလိုမကျတာ၊တစ်​ပါးသူကို စိတ်​တို​နေတာ၊ စိတ်​ဆန်​တာ​တွေ ဖြစ်​တတ်​ပါတယ်​.. ဒီလိုအချိန်​မှာ ကာမဆက်​ဆံပြီး ဆန္ဒ​ပြီး​မြောက်​ခြင်းဟာ စိတ်​ရှုပ်​​ထွေးတာ​တွေကို သက်​သာ​စေပါတယ်​…

– နာကျင်​ကိုက်​ခဲတာ​တွေ၊ လစဉ်​သုံး ပစ္စည်း​တွေ​ကြောင့်​ ညဘက်​ အိပ်​မရတဲ့ အခါမျိုး​တွေမှာလဲ ဒီလို ဆန္ဒပြီး​မြောက်​ခြင်း​ကြေင့်​ ထွက်​လာတဲ့ ​ဟော်​မုန်း​တွေဟာ အိပ်​စက်​ခြင်းကို အ​ထောက်​အကူပြုနိုင်​​ကြောင်း ​လေ့လာ​တွေ့ရှိချက်​များအရ သိရပါတယ်​…

– ​ပြောခဲ့သလို ဓမ္မတာ လာစဉ်​မှာ ကာမဆက်​ဆံခြင်းဟာ ညစ်​ညမ်းလို့ ထင်​​ကောင်းထင်​ကြပါမယ်​.. သို့​သော်​ ဒီလိုအချိန်​မှာ ရာသီ​သွေးဟာ natural lubricant (​ချောဆီ) အဖြစ်​ စွမ်း​ဆောင်​​ပေးတဲ့အခါမှာ ခါတိုင်း ဆက်​ဆံတာထက်​ အဆင်​​ပြေ​ချော​မွေ့သလို ခံစားရပါမယ်​.. မိမိရဲ့ လိင်​စိတ်​ဟာ မိမိထင်​ထားတာထက်​ ထက်​သန်​​နေတာကို ​တွေ့ရပါလိမ့်​မယ်​…ဒါပြင်​ ​ဟော်​မုန်း​တွေပိုမိုထုတ်​လွှတ်​​ပေးတာ​ကြောင့်​ စိတ်​​ပျော်​ရွှင်​မှုကို ခံစားရပါလိမ့်​မယ်​…

– နာကျင်​ကိုက်​ခဲ​နေရတဲ့ ခံစားမှု​တွေ၊စိတ်​အားငယ်​တာ​တွေ၊အလိုမကျတာ​တွေခံစား​နေရတဲ့အချိန်​မှာ မိမိနဲ့ အမျိုးသားဟာ နီးစပ်​​နေတယိ.. တစ်​​ယောက်​နဲ့တစ်​​ယောက်​ နားလည်​​နေကြတယ်​ဆိုတဲ့ အ​တွေး​လေးဟာ မိမိတို့ရဲ့ relationship ကို ပိုမိုခိုင်​မြဲ​စေပါတယ်​..

– မိမိနဲ့အမျိုးသားဟာ သားသမီးမယူ​သေးပါက ဒီလိုဆကိဆံချိန်​မှာ​တော့ အကာအကွယ်​ကိုအသုံးပြုသင့်​ပါတယ်​.. ရာသီ​သွေးဆင်း​နေချိန်​မှာလဲ ကိုယ်​ဝန်​ရသွားတတ်​ပါတယ်​…

– အိပ်​ယာခင်း​တွေ မ​စွန်းထင်း​စေဖို့ရာ ​​​ရေစိုခံအခင်းသက်​သက်​ အသုံးပြုတာမျိုး၊ ​ရေချိုးခန်းတွင်း ဆက်​ဆံတာမျိုး ပြုလုပ်​နိုင်​ပါတယ်​…

– မိမိဟာ tampon အသုံးပြုပါက ထိုပစ္စည်းသုံး​နေလျက်​ မဆက်​ဆံသင့်​ပါ.. သို့မဟုတ်​ပါက ​အမျိုးသား၏လိင်​အင်္ဂါ​ကြောင့်​ ဖြစ်​​စေ ထိုပစ္စည်း​ကြောင့်​ ဖြစ်​​စေ ပိုမိုနာကျင်​ရတတ်​ပါတယ်​.. ဒါ​ကြောင့်​ tampon ကို ဖယ်​ရှားသင့်​ပါတယ်​..

– ဆက်​ဆံ​နေစဉ်​ အရမ်းနာကျင်​တာမျိုးဖြစ်​လာပါက အမျိုးသားအား manual (လက်​ဖြင့်​) ၊ oral (ပါးစပ်​ဖြင့်​) စိတ်​​ကျေနပ်​တာမျိုးပြု​လုပ်​​နေသလို.. အမျိုးသမီးအား လက်​ဖြင့်​ ပြုလုပ်​​ပေးတာ၊ နမ်းရှုပ်​​ပွေ့ဖက်​တာမျိုး…တကိုယ်​ရည်​ အာသာ​ဖြေတာမျိုးလဲ ပြုလုပ်​နိုင်​ပါတယ်​…

စိတ်​ချမ်းသာ ကိုယ်​ကျန်းမာပြီး သာယာလှပတဲ့ relationship တစ်​ခု တည်​​ဆောက်​နိုင်​ကြပါ​စေလို့ ​တောင်းဆု​မေတ္တာပြုလျက်​….
ပိုင်​နီ​မေ