နားကိုက်ခြင်း

ဘာအကြောင်းတွေကြောင့် နားကိုက်ကြပါသလဲ?

၁။ ထိခိုက်မိခြင်း
ဒါကတော့ ဘယ်သူမဆို သိနိုင်ပါတယ်။ ထိခိုက်မှုကြောင့် နားနာသွားတာမျိုးပါ

၂။ နားကလော်ခြင်း
အမှန်တော့ နားကို ကလော်တာ၊ နားကြပ်တံနဲ့ ကြပ်တာတွေဟာ မလုပ်သင့်တဲ့ အရာတွေပါ။ နားကလော်ရာက နားပြည်ယိုတဲ့ ဖြစ်သွားနိုင်ပါတယ်နော်။

၃။ ပိုးကောင်ဝင်ခြင်း
နားထဲ ပိုးကောင် ဝင်သွားတာ ဆေးခန်းသွားပြလို့ ဆေးရုံကို လွှဲလိုက်ရင် အပြစ်မတင်ပါနဲ့။ တစ်ခါတစ်ရုံ ပိုးကောင်ဟာ အထဲထိရောက်သွားတဲ့အခါ နား နှာခေါင် လည်ချောင်း ဆရာဝန်ုမှာ ရှိတဲ့ ကိရိယာကြီးတွေနဲ့သာ ထုတ်လို့ရတာမို့ နားထဲပိုးကောင်ဝင်ရင် ဆေးရုံသာပြေးပါ။

၎။ ရေယုံ
ရေယုံ နားမှာပေါက်ရင်တော့ အရမ်းကို နာကျင်ပါတယ်။ ရေယုံလိမ်းဆေးလေးတွေ လိမ်းပေးပါ။

၅။ နားပြည်တည်ခြင်း
ဒါကတော့ လူတိုင်း ကြောက်တဲ့ ဖြစ်စဉ်ပါ။ အကယ်၍ နားကိုက်တာလည်း ပြင်းထန်ပြီး အရမ်းဖျားနေမယ် ဆိုရင်တော့ ဆရာဝန်ဆီ အမြန်ဆုံး ပြသသင့်ပါတယ်။

၆။ အာရုံကြော ဆိုင်ရာ
နားကိုက်တာ နားကြောင့်လို့ပဲ ထင်တတ်ကြပါတယ်။ တစ်ခါတစ်လေတော့ မဟုတ်ပါဘူး။ မျက်နှာမှာရှိတဲ့ အာရုံကြောတွေ ရောင်ယမ်းရင်လည်း နားကိုက်တတ်ပါတယ်။

၇။ သွားကိုက်ပြီးနောက်
သွားကိုက်တာနဲ့ နားကိုက်တာ ဘာဆိုင်လို့လဲ ပေါ့။ နားဟာ အမှန်တကယ်တော့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းအဖွဲ့အစည်းမှာ ပါဝင်ပြီး ခံတွင်းနဲ့ စပ်ဆက်နေပါတယ်။ ဒါကြောင့် ခံတွင်းထဲက အာရုံကြောဟာ သွားကိုက်တဲ့အတွက် ယောင်လာတဲ့အခါ နားမှာပါ နာလာတတ်ပါတယ်။

ဘာကြောင့်ပဲ နာနာ ပါ။ ပြည်တည်တာ မဟုတ်ရင် ၃ရက်က ၅ရက်အတွင်း ပျောက်ရပါတယ်။ မပျောက်ဘူးဆိုရင်တော့ နား နှာခေါင်း လည်ချောင်း ဆရာဝန်ဆီ အမြန်ဆုံး ပြသပါ။

ဒေါက်တာယမင်း(ဆေး _၁)