ဒက်ဖလွန် ၅၀၀ မီလီဂရမ် ( Daflon 500 )

ပါဝင်သောပစ္စည်း-diosmin 450+ flavonoid 50
ဆေးပုံစံ-ဆေးပြားပုံစံ
အသုံးပြုနိုင်သော ရောဂါများ-သွေးပြန်ကြောမကောင်း၍ ဖြစ်တတ်သောရောဂါလက္ခဏာများ (ဥပမာ။ ။ညဘက်ခြေထောက်
ကြွက်တက်ခြင်း၊ ခြေထောက်ဖောခြင်း၊ ရောင်ခြင်းနာခြင်း၊ လေးခြင်း)။ လိပ်ခေါင်းရောဂါ၏ ရောဂါလက္ခဏာများ သက်သာစေရန်။
သုံးစွဲရန်အညွှန်း-နာတာရှည်ရောဂါအတွက်- တစ်နေ့ ၂ပြား။
လက်တလော ရောဂါအတွက်-၆ပြား (၂ ကြိမ်ခွဲသောက်ရန်) ၄ရက်၊ ထို့နောက် ၄ပြား ၃ ရက်၊ နောက်ပိုင်း
၂ပြား သာဆက်သောက်ရန်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့်တွဲသောက်ရန်။
ဘေးထွက်ဆိုးကျိုး- အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာ အနည်းငယ် ပေးတတ်ပါသည်။ သို့သော် ဆေးရပ်ရန် မလိုပါ။
လုံးဝအသုံးမပြုသင့်သောသူများ-မရှိပါ။
သတိပြုရမည့်အချက်များ- ကိုယ်ဝန်ဆောင်များ သန္ဓေသားထိခိုက်နိုင်သော အခြေအနေ မရှိသော်လည်း ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ
သုံးစွဲသင့်ပါသည်။
နို့တိုက်မိခင်များ ဆေးသောက်နေစဉ် ကလေးနို့မတိုက်သင့်ပါ။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-မရှိပါ။

ဒေါက်တာချို(ဆေး ၁)