ကော်ဖီ တစ်ခွက်၏ ရာဇဝင်

နေ့တစ်နေ့၏ အစကို ကော်ဖီတစ်ခွက်နှင့် အစပြုသူများစွာပင်။
မိမိနှင့် နေတိုင်းအဖော်ပြုနေတဲ့ ထိုကော်ဖီလေးရဲ့ ရာဇဝင်ကို မိတ်ဆွေ
သိလိုပါသလား?

မိတ်ဆွေ ကော်ဖီတစ်ခွက်သောက်သုံးတိုင်းမှာ ကဖင်းဓာတ် ၃mg ခန့်ပါဝင်ပါတယ်

ဒီကဖင်းဓာတ်က ခန္တာကိုယ်တွင်း ဒိုပါမင်းဟော်မုန်း ပမာဏများစေတာမို့

????စိတ်ပျော်ရွင်စေခြင်း ၊ မှတ်ဥာဏ်ကောင်းစေခြင်း၊ အတွေးအခေါ်ကောင်းစေခြင်း အပြင် မောပန်းနှုးချိခြင်းမှလည်း ကာကွယ်ပေးပါတယ်

ဒါဆို ကော်ဖီတစ်ခွက်နှင့် မနက်ပိုင်းအစပြုခြင်းဟာ နေ့တစ်နေ့ပြည့်စုံစေတာပေါ့

အဲ့လိုလည်းမဟုတ်သေးပါဘူးရှင်၊”တန်ဆေး လွန်ဘေး” ဆိုတာလည်းရှိတယ်မို့လား?

# လူတစ်ယောက်က တစ်နေ့ကို ကဖင်းဓာတ် ၄၀၀mgကျော်အောင် မသောက်သုံးသင့်ပါ

* ကဖင်းဓာတ် များပါက နှလုံးခုန်မြန်ခြင်း၊ သွေးဖိအားမြင့်ခြင်း၊ စိတ်မတည်ငြိမ် လက်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ထိတ်လန့်တတ်ခြင်း၊ အိပ်မပျော်ခြင်း ၊ ဝမ်းလျှောခြင်း တို့ဖြစ်တတ်ပါသည်