မိန်းမကိုယ် သားမွေးလမ်းကြောင်း ကျဉ်းအောင်လိမ်းတဲ့ cream တွေအကြောင်း

အရွယ်ရောက်ပြီးသား အမျိုးသမီးတွေ မေးလေ့ရှိတဲ့ Vaginal tract (မိန်းမကိုယ် သားမွေးလမ်းကြောင်း) ကျဉ်းအောင်လိမ်းတဲ့ cream တွေအကြောင်းပြောပြပေးချင်ပါတယ်

ဘယ်လိုအမျိုးသမီးတွေမှာ သားမွေးလမ်းကြောင်း ကျယ်လာရသလဲ?

1)ကလေးအများကြီးမွေးတဲ့အမျိုးသမီးများ

2)သွေးဆုံးပြီးသော အမျိုးသမီးများ

3)ခဏခဏ ဝမ်းချုပ်တတ်သော သူများ

4)အလေးမသော အမျိုးသမီးများ

5)အသက်ကြီးသော အမျိုးသမီးများ မှာဖြစ်တတ်ပါတယ်

သားမွေးလမ်းကြောင်းကျယ်လာလျှင် ခံစားရလေ့ရှိတာတွေကတော့-

1)လိင်စိတ်လျော့နဲလာခြင်း

2)လိင်ကိစ္စတွင် စိတ်ကျေနပ်မှုမရှိခြင်း

3)ကိုယ့်အမျိုးသားအပေါ် ကျေနပ်နိုင်မှု မပေးနိုင်ခြင်း

4)မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်း

5)သားမွေးလမ်းကြောင်း ပုံသဏ္ဍန် မမှန်ခြင်းတို့နှင့် ရင်ဆိုင်ရတတ်ပါတယ်

သားမွေးလမ်းကြောင်းကျဉ်းအောင် လိမ်းဆေး cream တွေလိမ်းလို့ရနိုင်ပါသလား?

သားမွေးလမ်းကြောင်းကျဉ်းစေတဲ့ cream တွေ ဈေးကွက်ထဲမှာ အမြောက်အများ ရောင်းချနေကြပေမယ့် အများစုက FDA အသိအမှတ်မပြုတဲ့ cream တွေများပါတယ်

ဈေးကွက်ထဲက cream တော်တော်များများမှာ သုတေသန ပြုစုထားမှုနည်းပါးသလို ပါဝင်ပစ္စည်းလဲ အတိအကျ ဖော်ပြလေ့မရှိကြတာတွေလဲ တွေ့ရလေ့ရှိပါတယ်
မိမိသဘောအရ စမ်းသပ်ပိုင်ခွင့်ရှိပေမယ့် အများစုက chemical တွေပါတဲ့အတွက် များများလိမ်းမိရင်

1)သားမွေးလမ်းကြောင်း ယောင်ခြင်း (Chemical အများအပြားပါဝင်တဲ့အတွက် သားမွေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေခြင်း, ဆီးသွားရနာကျင်ခြင်း, လမ်းလျှောက်လျှင် နာခြင်း, ထိုင်လျှင် နာခြင်းများခံစားရတတ်ပါတယ်)

2)သားမွေးလမ်းကြောင်းတွင် ဓာတ်မတည့်မှုဖြစ်ပွားခြင်း (သားမွေးလမ်းကြောင်း ယောင်ခြင်း, ရဲခြင်း, ယားခြင်း, နာခြင်းများ ခံစားရတတ်ပါတယ်)

3)သားမွေးလမ်းကြောင်းပိုးဝင်ခြင်း (ပါဝင်တဲ့ chemical တွေက သားမွေးလမ်းကြောင်းရဲ့ pH ကိုပြောင်းလဲစေတဲ့အတွက် သားမွေးလမ်းကြောင်း ပိုးဝင်ခြင်း, မှိုစွဲခြင်းများ ခံစားရတတ်ပါတယ်)

4)ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း

5)လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ပိုမိုဆိုးရွားစေခြင်း (လိင်မှကူးစက်တတ်သော ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို မပေါ်စေတဲ့အတွက် ကုသချိန်နောက်ကျပြီး သားမွေးလမ်းကြောင်း ပျက်ဆီးသွားတတ်ပါတယ်) များခံစားရတတ်ပါတယ်

တစ်ချို့သောနိုင်ငံတွေရဲ့ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်တစ်ချို့ကတော့ oestrogen နဲ့ထုတ်ထားတဲ့ cream တစ်မျိုးကို ညွှန်းတတ်ပါတယ်
သားမွေးလမ်းကြောင်းဆိုတာ အမျိုးသမီးတွေအတွက် အရေးပါတဲ့ အင်္ဂါ အစိတ်အပိုင်းဖြစ်တဲ့အတွက် တစ်ခုခုမလုပ်ခင်မှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ကုသဖို့လိုအပ်ပါတယ်

သားမွေးလမ်းကြောင်းကျဉ်းအောင် ဘယ်လိုကုသလို့ရသလဲဆိုရင်-

1)Laser ဖြင့်ကုသခြင်း
သားမွေးလမ်းကြောင့်ရဲ့ အတွင်းဘက်လမ်းကြောင်း တစ်လျှောက်ကို အပူလှိုင်းလေဆာဖြင့် နာကျဉ်မှုမရှိဘဲ အချိန်တိုတိုနဲ့ ကုသလို့ရနေ ပြီပဲဖြစ်ပါတယ်
သားမွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းရင်းစေပြီး ကာမ ခံစားမှုလဲ ကောင်းမွန်စေတဲ့ treatment တစ်ခုလဲဖြစ်ပါတယ်

2)Vaginal filler
G spot လို့ခေါ်တဲ့ မိန်းမကိုယ်တွင်းမှာ ကာမ ခံစားမှုပေးတဲ့ နေရာကို filler ထိုးပြီး ကုသလို့ရပါတယ်
filler ထိုးခြင်းဖြင့် သားမွေးလမ်းကြောင်း ခြောက်သွေ့မှုကိုလဲ သက်သာစေပါတယ်

3)သွေးရည်ကြည်ဖြင့် ကုသခြင်း
မိမိ၏သွေးရည်ကြည်ဖြင့် သားမွေးလမ်းကြောင်းကို
ကုသခြင်းဖြင့်လဲ ဆီးမထိန်းနိုင်ခြင်းကို သက်သာစေတဲ့အပြင် သားမွေးလမ်းကြောင်း ခြောက်သွေ့ခြင်း နှင့် ကာမဆက်ဆံနေစဉ် နာကျင်မှုတို့ကို လျော့ချနိုင်မှာဖြစ်ပါတယ်

4)နောက်ဆုံးနည်းပညာ တစ်ခုဖြစ်တဲ့ Collagen ကြိုးသွင်းပြီးလဲ သားမွေးလမ်းကြောင်း ကျဉ်းအောင် ကုသနိုင်ပါတယ်

5)Vaginoplasty

ခွဲစိတ်ကုသခြင်းဖြင့်လဲ မိန်းမကိုယ် သားမွေးလမ်းကြောင်းကို ကျဉ်းသွားအောင် ကုသလို့ရပါတယ်

6)Exercise

မိန်းမကိုယ်မှာရှိတဲ့ ကြွက်သားတွေကို အကျုံ့အဆန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့်လဲ ကြိုတင်ကာကွယ်လို့ရပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး ၂)